အသင်းမှာ ဒဏ်ရာရ ကစားသမားတွေ များပြားနေသော်လည်း ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားခေါ်ယူရန် အစီအစဉ်မရှိသေးတဲ့ လီဗာပူးလ်အသင်း

လီဗာပူးလ်အသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားအသစ်ခေါ်ယူရန် ရည်ရွယ်ထားတာမရှိဘူးလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ဒီရာသီမှာ ယာဂင်ကလော့ပ်ရဲ့အသင်း၌ ဗန်ဒိုက်ချ်၊ ဂျိုးဂိုးမက်ဇ် နဲ့ မာတစ်တို့လည်း အသင်းရဲ့ နောက်ခံလူတွေဟာ စက်တင်ဘာလကတည်းက ဒဏ်ရာကြောင့် အနားယူနေရတာ ဖြစ်ပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲဖြစ်တဲ့ ဝက်စ်ဘရွန်းအသင်းနဲ့ (၁-၁) သရေကျခဲ့တဲ့ပွဲပြီးတဲ့နောက်မှာ ထွက်ပေါ်လာတဲ့သတင်းတွေအရ လီဗာပူးလ်အသင်းဟာ ကစားသမားအသစ်မခေါ်ယူဘူးလို့ သိရပါတယ်။ ဒေးလီးမေးလ်က အဆိုအရ ယာဂင်ကလော့ပ်ဟာ အသင်းမှာ ခြေစွမ်းပြကစားနေတဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ ဝီလီယမ်စ် နဲ့ နသန်နီရယ်ဖီးလစ် တို့ကို အခွင့်အရေးထပ်ပေးဖို့ ရည်ရွယ်နေတာဖြစ်ပါတယ်။

ဒါ့အပြင် အသင်းမှာ သီယာဂို နဲ့ ချိန်ဘာလိန်တို့ကလည်း မကြာခင် ပြန်လည်ကစားနိုင်တော့မှာဖြစ်ပြီး ဖေဘင်ဟိုလည်း အသင်းရဲ့ နောက်တန်းမှာ ကစားပေးနေပါတယ်။ သို့သော်လည်း ပရီးမီးယားလိဂ်လက်ရှိချန်ပီယံအသင်းဟာ ရှော်လ်ကေးအသင်းက အိုဇန်ကာဘက်ခ် နဲ့ အေဂျက် က ရှယားစ် တို့ကို ဆက်သွယ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

အသင္းမွာ ဒဏ္ရာရ ကစားသမားေတြ မ်ားျပားေနေသာ္လည္း ဇန္နဝါရီအေျပာင္းအေရႊ႕မွာ ကစားသမားေခၚယူရန္ အစီအစဥ္မရွိေသးတဲ့ လီဗာပူးလ္အသင္း

လီဗာပူးလ္အသင္းဟာ လာမယ့္ ဇန္နဝါရီအေျပာင္းအေရႊ႕မွာ ကစားသမားအသစ္ေခၚယူရန္ ရည္ရြယ္ထားတာမရွိဘူးလို႔ သတင္းထြက္ေပၚလာခဲ့ပါတယ္။ ဒီရာသီမွာ ယာဂင္ကေလာ့ပ္ရဲ႕အသင္း၌ ဗန္ဒိုက္ခ်္၊ ဂ်ိဳးဂိုးမက္ဇ္ နဲ႔ မာတစ္တို႔လည္း အသင္းရဲ႕ ေနာက္ခံလူေတြဟာ စက္တင္ဘာလကတည္းက ဒဏ္ရာေၾကာင့္ အနားယူေနရတာ ျဖစ္ပါတယ္။

ေနာက္ဆံုးကစားခဲ့တဲ့ပရီးမီးယားလိဂ္ပြဲျဖစ္တဲ့ ၀က္စ္ဘရြန္းအသင္းနဲ႔ (၁-၁) သေရက်ခဲ့တဲ့ပြဲၿပီးတဲ့ေနာက္မွာ ထြက္ေပၚလာတဲ့သတင္းေတြအရ လီဗာပူးလ္အသင္းဟာ ကစားသမားအသစ္မေခၚယူဘူးလို႔ သိရပါတယ္။ ေဒးလီးေမးလ္က အဆိုအရ ယာဂင္ကေလာ့ပ္ဟာ အသင္းမွာ ေျခစြမ္းျပကစားေနတဲ့ လူငယ္ကစားသမားေတြျဖစ္တဲ့ ဝီလီယမ္စ္ နဲ႔ နသန္နီရယ္ဖီးလစ္ တို႔ကို အခြင့္အေရးထပ္ေပးဖို႔ ရည္ရြယ္ေနတာျဖစ္ပါတယ္။

ဒါ့အျပင္ အသင္းမွာ သီယာဂို နဲ႔ ခ်ိန္ဘာလိန္တို႔ကလည္း မၾကာခင္ ျပန္လည္ကစားႏိုင္ေတာ့မွာျဖစ္ၿပီး ေဖဘင္ဟိုလည္း အသင္းရဲ႕ ေနာက္တန္းမွာ ကစားေပးေနပါတယ္။ သို႔ေသာ္လည္း ပရီးမီးယားလိဂ္လက္ရွိခ်န္ပီယံအသင္းဟာ ေရွာ္လ္ေကးအသင္းက အိုဇန္ကာဘက္ခ္ နဲ႔ ေအဂ်က္ က ရွယားစ္ တို႔ကို ဆက္သြယ္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။