အာဆင်နယ် နဲ့ အဲဗာတန် အစား ဆီဗီလာကိုပဲ ရွေးချယ်မယ့် ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ အစ္စကို

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမား အစ္စကိုကို ဒီရာသီအကုန်မှာ ခေါ်ယူနိုင်ရန် ဆီဗီလာအသင်းက အနိုင်ရဖို့ များနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ကွင်းလယ်ဖန်တီးရှင်ဟာ ဒီရာသီမှာ နည်းပြဇီဒန်းရဲ့အသင်း၌ ပွဲကစားခွင့် ပျောက်ဆုံးနေပြီး ပြိုင်ပွဲစုံမှာ (၃) ပွဲသာ ပွဲထွက်ကစားခွင့်ရပြီး (၈) ပွဲလူစားဝင်ရောက်ကစားထားသူဖြစ်ပါတယ်။

ပွဲကစားခွင့် ပျောက်ဆုံးလာလို့ အသက် ၂၈ နှစ်အရွယ်ကစားသမားဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ အာဆင်နယ် ဒါမှမဟုတ် အဲဗာတန်အသင်းကို ပြောင်းရွှေ့မယ်လို့ ကောလဟာလသတင်းတွေ ထွက်ပေါ်နေပါတယ်။ သို့သော်လည်း အေအက်စ်သတင်းဌာနက ဖော်ပြချက်အရ စပိန်လက်ရွေးစင်ကစားသမားဟာ ရီးရဲလ်မက်ဒရစ် နဲ့ စပိန်လက်ရွေးစင်နည်းပြဟောင်း လိုပက်တီဂူရှိတဲ့ ဆီဗီလာအသင်းဆီကိုပဲ သွားချင်နေတာ ဖြစ်ပါတယ်။

ဆီဗီလာအသင်းက အစ္စကိုအတွက် ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့တုန်းက ပေါင် ၁၈ သန်းပေးရန် ပြင်ဆင်ခဲ့တယ်လို့လည်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းကတော့ အသင်းရဲ့ လစာအသုံးစရိတ်တွေကို လျော့ချရန်အတွက် အစ္စကို ကိုဇန်နဝါရီအပြောင်းအရွှေ့မှာ အငှားချရန် ပြင်ဆင်ထားတာဖြစ်ပါတယ်။

အာဆင္နယ္ နဲ႔ အဲဗာတန္ အစား ဆီဗီလာကိုပဲ ေရြးခ်ယ္မယ့္ ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ အစၥကို

ရီးရဲလ္မက္ဒရစ္ကြင္းလယ္ကစားသမား အစၥကိုကို ဒီရာသီအကုန္မွာ ေခၚယူႏိုင္ရန္ ဆီဗီလာအသင္းက အႏိုင္ရဖို႔ မ်ားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ ကြင္းလယ္ဖန္တီးရွင္ဟာ ဒီရာသီမွာ နည္းျပဇီဒန္းရဲ႕အသင္း၌ ပြဲကစားခြင့္ ေပ်ာက္ဆံုးေနၿပီး ၿပိဳင္ပြဲစံုမွာ (၃) ပြဲသာ ပြဲထြက္ကစားခြင့္ရၿပီး (၈) ပြဲလူစား၀င္ေရာက္ကစားထားသူျဖစ္ပါတယ္။

ပြဲကစားခြင့္ ေပ်ာက္ဆံုးလာလို႔ အသက္ ၂၈ ႏွစ္အရြယ္ကစားသမားဟာ ဇန္နဝါရီအေျပာင္းအေရႊ႕မွာ အာဆင္နယ္ ဒါမွမဟုတ္ အဲဗာတန္အသင္းကို ေျပာင္းေရႊ႕မယ္လို႔ ေကာလဟာလသတင္းေတြ ထြက္ေပၚေနပါတယ္။ သို႔ေသာ္လည္း ေအအက္စ္သတင္းဌာနက ေဖာ္ျပခ်က္အရ စပိန္လက္ေရြးစင္ကစားသမားဟာ ရီးရဲလ္မက္ဒရစ္ နဲ႔ စပိန္လက္ေရြးစင္နည္းျပေဟာင္း လိုပက္တီဂူရွိတဲ့ ဆီဗီလာအသင္းဆီကိုပဲ သြားခ်င္ေနတာ ျဖစ္ပါတယ္။

ဆီဗီလာအသင္းက အစၥကိုအတြက္ ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေရႊ႕တုန္းက ေပါင္ ၁၈ သန္းေပးရန္ ျပင္ဆင္ခဲ့တယ္လို႔လည္း သိရပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းကေတာ့ အသင္းရဲ႕ လစာအသံုးစရိတ္ေတြကို ေလ်ာ့ခ်ရန္အတြက္ အစၥကို ကိုဇန္နဝါရီအေျပာင္းအေရႊ႕မွာ အငွားခ်ရန္ ျပင္ဆင္ထားတာျဖစ္ပါတယ္။