ဒီယေဂိုကော်စတာနဲ့ စာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်း

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ဒီယေဂိုကော်စတာကို စာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်လို့ သူ့ကို ဇန်နဝါရီအပြောင်းအရွှေ့မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရနိုင်ပြီဖြစ်ပါတယ်။ အာဆင်နယ် နဲ့ ဂျူဗင်တပ်စ်အသင်းတို့ဟာ ဟာ ဝါရင့်တိုက်စစ်မှူးကြီးကို သောကြာနေ့ အပြောင်းအရွှေ့တံခါးဖွင့်တာနဲ့ ခေါ်ယူချင်နေတဲ့အသင်းတွေထဲက (၂) သင်းဖြစ်ပါတယ်။

နည်းပြ ဆီမြွန်နီလက်အောက်မှာ ပွဲကစားခွင့်ပျောက်ဆုံးနေပြီး စာချုပ်သက်တမ်းကုန်ဆုံးရန် (၆) လအကျန်မှာပဲ တစ်ပတ် ပေါင် ၂သိန်း ၇ သောင်းပေးချေနေရတဲ့ ကော်စတာ နဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ဟာ (၂) ဦးသဘောတူ လမ်းခွဲခဲ့ပါပြီ။ ကော်စတာကို ခေါ်ယူရန် အာဆင်နယ်အသင်းက ရေပန်းအစားဆုံးဖြစ်နေပါတယ်။ အာဆင်နယ်နည်းပြ အာတီတာဟာ ဒီရာသီမှာ ရုန်းကန်နေရပြီး တန်းဆင်းဇန်နဲ့ နီးကပ်နေတာဖြစ်ပါတယ်။ သူ့အသင်းဟာ ပရီးမီးယားလိဂ်မှာ (၁၅) ဂိုးသာသွင်းထားပြီး အဆင့်ကလည်း (၁၅) နေရာမှာ ရပ်တည်နေပါတယ်။

အောက်ဆုံး (၃) သင်းမှာ အာဆင်နယ်အသင်းထက် သွင်းဂိုး နည်းတဲ့အသင်းက ဘန်လေ အသင်းပဲရှိနေတာ ဖြစ်ပါတယ်။ ကော်စတာဟာ ပရီးမီးယားလိဂ်မှာ အရင်တုန်းကလည်း အတွေ့အကြုံကောင်းတွေရှိထားပြီး ချဲလ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်ဖလား (၂) ကြိမ် ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ်ကစားသမားဟာ ဒီရာသီမှာ ဒဏ်ရာတွေကြောင့် ရုန်းကန်နေရပြီး လာလီဂါ နောက်ဆုံး (၇) ပွဲမှာ (၆) ပွဲလွဲချော်ထားသူဖြစ်ပါတယ်။

ဒီေယဂိုေကာ္စတာနဲ႔ စာခ်ဳပ္ဖ်က္သိမ္းလိုက္ၿပီျဖစ္တဲ့ အက္သလက္တီကိုမက္ဒရစ္အသင္း

အက္သလက္တီကိုမက္ဒရစ္အသင္းဟာ ဒီေယဂိုေကာ္စတာကို စာခ်ဳပ္ဖ်က္သိမ္းလိုက္ၿပီျဖစ္လို႔ သူ႔ကို ဇန္နဝါရီအေျပာင္းအေရႊ႕မွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူလို႔ရႏိုင္ၿပီျဖစ္ပါတယ္။ အာဆင္နယ္ နဲ႔ ဂ်ဴဗင္တပ္စ္အသင္းတို႔ဟာ ဟာ ဝါရင့္တိုက္စစ္မွဴးႀကီးကို ေသာၾကာေန႔ အေျပာင္းအေရႊ႕တံခါးဖြင့္တာနဲ႔ ေခၚယူခ်င္ေနတဲ့အသင္းေတြထဲက (၂) သင္းျဖစ္ပါတယ္။

နည္းျပ ဆီႁမြန္နီလက္ေအာက္မွာ ပြဲကစားခြင့္ေပ်ာက္ဆံုးေနၿပီး စာခ်ဳပ္သက္တမ္းကုန္ဆံုးရန္ (၆) လအက်န္မွာပဲ တစ္ပတ္ ေပါင္ ၂သိန္း ၇ ေသာင္းေပးေခ်ေနရတဲ့ ေကာ္စတာ နဲ႔ အက္သလက္တီကိုမက္ဒရစ္အသင္းတို႔ဟာ (၂) ဦးသေဘာတူ လမ္းခြဲခဲ့ပါၿပီ။ ေကာ္စတာကို ေခၚယူရန္ အာဆင္နယ္အသင္းက ေရပန္းအစားဆံုးျဖစ္ေနပါတယ္။ အာဆင္နယ္နည္းျပ အာတီတာဟာ ဒီရာသီမွာ ႐ုန္းကန္ေနရၿပီး တန္းဆင္းဇန္နဲ႔ နီးကပ္ေနတာျဖစ္ပါတယ္။ သူ႔အသင္းဟာ ပရီးမီးယားလိဂ္မွာ (၁၅) ဂိုးသာသြင္းထားၿပီး အဆင့္ကလည္း (၁၅) ေနရာမွာ ရပ္တည္ေနပါတယ္။

ေအာက္ဆံုး (၃) သင္းမွာ အာဆင္နယ္အသင္းထက္ သြင္းဂိုး နည္းတဲ့အသင္းက ဘန္ေလ အသင္းပဲရွိေနတာ ျဖစ္ပါတယ္။ ေကာ္စတာဟာ ပရီးမီးယားလိဂ္မွာ အရင္တုန္းကလည္း အေတြ႕အၾကံဳေကာင္းေတြရွိထားၿပီး ခ်ဲလ္ဆီးအသင္းနဲ႔ ပရီးမီးယားလိဂ္ဖလား (၂) ႀကိမ္ ဆြတ္ခူးထားႏိုင္ခဲ့ပါတယ္။ အသက္ ၃၂ ႏွစ္အရြယ္ကစားသမားဟာ ဒီရာသီမွာ ဒဏ္ရာေတြေၾကာင့္ ႐ုန္းကန္ေနရၿပီး လာလီဂါ ေနာက္ဆံုး (၇) ပြဲမွာ (၆) ပြဲလြဲေခ်ာ္ထားသူျဖစ္ပါတယ္။