ဒီလူစာရင်းနဲ့ ဆိုရင် ယူနိုက်တက်အသင်း ပရီးမီးယားလိဂ် ချန်ပီယံ မဖြစ်နိုင်ဘူးလို့ ဆိုလိုက်တဲ့ ကစားသမားဟောင်း

ယူနိုက်တက်အသင်းနဲ့ အက်ဖ်အေဖလားဆွတ်ခူးခဲ့ဖူးတဲ့ ပေါလ်မက်ဂရတ်က လက်ရှိယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို မရနိုင်ဘူးလို့ ပြောသွားခဲ့ပါတယ်။ မက်ဂရတ်က ယူနိုက်တက် နဲ့ လက်စတာ (၂-၂) သရေကျခဲ့တဲ့ ပွဲအပြီးမှာ “ ကျွန်တော့်အတွက်တော့ ဒီအသင်းဟာ ၁-၀ ကနေ ၂-၁ ရလဒ်ကို ပြောင်းနိုင်တဲ့ စွမ်းအားမရှိဘူးလို့ ထင်ပါတယ်။

ဒါမျိုးက အရမ်းကောင်းတဲ့အသင်းတွေပဲ လုပ်နိုင်တာပါ။ သူတို့ဂိုးသွင်းပြီးတာနဲ့ နောက်ထပ်ဂိုးသွင်းဖို့ အမြဲရှာဖွေနေပါတယ်။ ဒီယူနိုက်တက်အသင်းမှာ ဒါမျိုး မရှိပါဘူး။ သူတို့ကတော့ သူတို့ကိုယ်သူတို့ ထင်နေပါလိမ့်မယ်။ ကောင်းပါပြီ၊ ကျွန်တော်တို့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို စောင့်ကြည့်ရုံပဲပေါ့။ ယူနိုက်တက်အသင်းဟာ အဲ့ဒီပွဲအနိုင်ရဖို့ လုံလောက်စွာကောင်းခဲ့ပါတယ်။

ဒါပေမယ့် တစ်ပွဲနဲ့ တစ်ပွဲ ခြေစွမ်းမတည်မငြိမ်ဖြစ်နေပါတယ်။ သူတို့အနေနဲ့ လက်ကျန်ရာသီမှာ အကောင်းဆုံးကစားသွားရပါမယ်။ နည်းပြဆိုးလ်ရှားအတွက်လည်း အရမ်းကို စိတ်ရှုပ်နေပါလိမ့်မယ်။ သူအသင်းက ပေးပို့မှုတွေ အများကြီးကို ကောင်းကောင်းလုပ်ခဲ့ပေမယ့် အဓိက ကျတဲ့အရာမျိုးတွေ လွဲနေပါသေးတယ်” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။



