ဒီရာသီ အသင်းအတွက် ဂိုးမသွင်းပေးနိုင်တာ ကစားပုံနေရာအပြောင်းအလဲကြောင့်လို့ ဆိုလိုက်တဲ့ စပါးတောင်ပံတိုက်စစ်ကစားသမား ဘာ့ချ်ဝင်း

စပါးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဘာ့ချ်ဝင်းက ဒီရာသီမှာ ဂိုးမသွင်းနိုင်တာ ကစားတဲ့နေရာပြောင်းကစားတာကြောင့်လို့ ပြောသွားခဲ့ပါတယ်။ မနှစ်က ဇန်နဝါရီအပြောင်းအရွှေ့တုန်းက ပီအက်စ်ဗွီအသင်းကနေ ရောက်ရှိလာတဲ့ ဘာ့ချ်ဝင်းဟာ စပါးအသင်းအတွက် ပြီးခဲ့တဲ့ရာသီက (၃) ဂိုးသွင်းပေးခဲ့သူ ဖြစ်ပါတယ်။

သူက “ဒီရာသီ ကျွန်တော့်ကို အခြားလုပ်စရာတွေ ပေးထားပါတယ်။ ကျွန်တော်ဟာ ပြိုင်ဘက်တွေကို မကြာခဏ အနောက်ကို ပြန်ရောက်အောင် လုပ်ရပါတယ်။ ဒါက ဂိုးသွင်းရတဲ့ နေရာထက် ပိုပြီး ခက်ခဲပါတယ်။ ကျွန်တော်ကံလည်း မကောင်းခဲ့ပါတယ်။ လီဗာပူးလ်အသင်းနဲ့ ကစားခဲ့တုန်းက ကျွန်တော်အခွင့်အရေးတစ်ကြိမ် ရခဲ့ပေမယ် တိုင်ထိထွက်ခဲ့ပါတယ်။ ၁၀ ကြိမ် ကန်သွင်းရာမှာ ၉ ကြိမ်လောက်က တိုင်ထိထွက်နေပါတယ်။ ဒီအခြေအနေတွေကို ဖြတ်ကျော်နိုင်ပြီဆိုရင်တော့ ကျွန်တော် (၁) ဂိုးလောက်တော့ သွင်းပြီးသားဖြစ်မှာပါ” လို့ Ziggo Sport သတင်းဌာနကို ပြောသွားခဲ့ပါတယ်။

ပီအက်စ်ဗွီအသင်းက ရောက်ရှိလာပြီးကတည်းက ဘာ့ချ်ဝင်းဟာ မော်ရင်ဟိုရဲ့ ယုံကြည်မှုကို ရရှိခဲ့ပါတယ်။ တောင်ပံကစားသမားဟာ ပွဲထွက်ကစားခွင့် ချက်ချင်းပဲ ရခဲ့ပေမယ့် မတ်လတုန်းက ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။

“ သူက အရမ်းကို ပွင့်လင်းပါတယ်။ သူဟာ စကားတွေ အများကြီးပြောပြီး သူ့ကစားသမားတွေကို အကောင်းဆုံးဖြစ်စေချင်တဲ့ လူကောင်းတစ်ယောက်ပါ။ သူဟာ ကျွန်တော်တို့အတွက် အကောင်းဆုံးလုပ်ပေးနေပါတယ်။ သူ့ကို ကြည့်ရတာ အဖေတစ်ယောက်လိုပါပဲ။ သူနဲ့ ဆက်ဆံရေးကောင်းတွေရှိထားပါတယ်” လို့ ဟော်လန်ကွင်းလယ်ကစားသမားက မော်ရင်ဟိုနဲ့ ပတ်သက်ပြီးပြောသွားခဲ့ပါတယ်။

ဒီရာသီ အသင္းအတြက္ ဂိုးမသြင္းေပးႏိုင္တာ ကစားပံုေနရာအေျပာင္းအလဲေၾကာင့္လို႔ ဆိုလိုက္တဲ့ စပါးေတာင္ပံတိုက္စစ္ကစားသမား ဘာ့ခ်္၀င္း

စပါးအသင္းရဲ႕ ေတာင္ပံတိုက္စစ္ကစားသမား ဘာ့ခ်္၀င္းက ဒီရာသီမွာ ဂိုးမသြင္းႏိုင္တာ ကစားတဲ့ေနရာေျပာင္းကစားတာေၾကာင့္လို႔ ေျပာသြားခဲ့ပါတယ္။ မႏွစ္က ဇန္နဝါရီအေျပာင္းအေရႊ႕တုန္းက ပီအက္စ္ဗြီအသင္းကေန ေရာက္ရွိလာတဲ့ ဘာ့ခ်္၀င္းဟာ စပါးအသင္းအတြက္ ၿပီးခဲ့တဲ့ရာသီက (၃) ဂိုးသြင္းေပးခဲ့သူ ျဖစ္ပါတယ္။

သူက “ဒီရာသီ ကၽြန္ေတာ့္ကို အျခားလုပ္စရာေတြ ေပးထားပါတယ္။ ကၽြန္ေတာ္ဟာ ၿပိဳင္ဘက္ေတြကို မၾကာခဏ အေနာက္ကို ျပန္ေရာက္ေအာင္ လုပ္ရပါတယ္။ ဒါက ဂိုးသြင္းရတဲ့ ေနရာထက္ ပိုၿပီး ခက္ခဲပါတယ္။ ကၽြန္ေတာ္ကံလည္း မေကာင္းခဲ့ပါတယ္။ လီဗာပူးလ္အသင္းနဲ႔ ကစားခဲ့တုန္းက ကၽြန္ေတာ္အခြင့္အေရးတစ္ႀကိမ္ ရခဲ့ေပမယ္ တိုင္ထိထြက္ခဲ့ပါတယ္။ ၁၀ ႀကိမ္ ကန္သြင္းရာမွာ ၉ ႀကိမ္ေလာက္က တိုင္ထိထြက္ေနပါတယ္။ ဒီအေျခအေနေတြကို ျဖတ္ေက်ာ္ႏိုင္ၿပီဆိုရင္ေတာ့ ကၽြန္ေတာ္ (၁) ဂိုးေလာက္ေတာ့ သြင္းၿပီးသားျဖစ္မွာပါ” လို႔ Ziggo Sport သတင္းဌာနကို ေျပာသြားခဲ့ပါတယ္။

ပီအက္စ္ဗြီအသင္းက ေရာက္ရွိလာၿပီးကတည္းက ဘာ့ခ်္၀င္းဟာ ေမာ္ရင္ဟိုရဲ႕ ယံုၾကည္မႈကို ရရွိခဲ့ပါတယ္။ ေတာင္ပံကစားသမားဟာ ပြဲထြက္ကစားခြင့္ ခ်က္ခ်င္းပဲ ရခဲ့ေပမယ့္ မတ္လတုန္းက ေျခက်င္း၀တ္ဒဏ္ရာ ရရွိခဲ့တာျဖစ္ပါတယ္။

“ သူက အရမ္းကို ပြင့္လင္းပါတယ္။ သူဟာ စကားေတြ အမ်ားႀကီးေျပာၿပီး သူ႔ကစားသမားေတြကို အေကာင္းဆံုးျဖစ္ေစခ်င္တဲ့ လူေကာင္းတစ္ေယာက္ပါ။ သူဟာ ကၽြန္ေတာ္တို႔အတြက္ အေကာင္းဆံုးလုပ္ေပးေနပါတယ္။ သူ႔ကို ၾကည့္ရတာ အေဖတစ္ေယာက္လိုပါပဲ။ သူနဲ႔ ဆက္ဆံေရးေကာင္းေတြရွိထားပါတယ္” လို႔ ေဟာ္လန္ကြင္းလယ္ကစားသမားက ေမာ္ရင္ဟိုနဲ႔ ပတ္သက္ၿပီးေျပာသြားခဲ့ပါတယ္။