ရီးရဲလ်မက်ဒရစ်အသင်းမှာ ရှိနေတဲ့ ရာမိုစ့်ရဲ့ စာချုပ်အနေအထားကို စောင့်ကြည့်နေတဲ့ စပါးအသင်း

စပါးအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းက ရာမိုစ့်ရဲ့ စာချုပ်သက်တမ်းအနေအထားကို စောင့်ကြည့်နေတာဖြစ်ပါတယ်။ သတင်းများအရ စပါးအသင်းဟာ ဈေးကွက်ထဲမှာ ဗဟိုနောက်ခံလူတစ်ယောက်ကို ရှာဖွေနေတာ ဖြစ်ပြီး ရာမိုစ့်က ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့်ကစားသမား ဖြစ်ပါတယ်။

မော်ရင်ဟိုဟာ ခံစစ်ပိုင်းမှာ အတွေ့အကြုံအများကြီးရှိတဲ့ နောက်ခံလူတစ်ယောက် ကို ရှာဖွေနေတာဖြစ်ပြီး ချဲလ်ဆီးအသင်းက သီယာဂိုဆေးလ်ဗားလို နောက်ခံလူမျိုးကို ရှာဖွေနေတာပါ။ ၂၀၀၅ ခုနှစ်ကတည်းက ရီးရဲလ်မက်ဒရစ်အသင်းကို ရောက်ရှိလာတဲ့ ရာမိုစ့်ဟာ ဒီရာသီမှာ အသင်းအတွက် အဓိက နေရာက ကစားထားသူဖြစ်ပေမယ့် သူ့အသက်အရွယ်က ၃၄ နှစ်အရွယ်ကို ရောက်နေပြီ ဖြစ်ပါတယ်။

သူဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလားကို (၄) ကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီး အခြားသော ဆုဖလားတွေလည်း ရရှိထားပါတယ်။ စပါးအသင်းဟာ ရာမိုစ့်ကို ခေါ်ယူလို့မရနိုင်ပါက အင်တာမီလန်အသင်းက မီလန်စခရီနီယာကို ပြန်လည်အာရုံစိုက်သွားမယ်လို့လည်း သိရပါတယ်။

ရီးရဲလ္မက္ဒရစ္အသင္းမွာ ရွိေနတဲ့ ရာမိုစ့္ရဲ႕ စာခ်ဳပ္အေနအထားကို ေစာင့္ၾကည့္ေနတဲ့ စပါးအသင္း

စပါးအသင္းဟာ ရီးရဲလ္မက္ဒရစ္အသင္းက ရာမိုစ့္ရဲ႕ စာခ်ဳပ္သက္တမ္းအေနအထားကို ေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။ သတင္းမ်ားအရ စပါးအသင္းဟာ ေစ်းကြက္ထဲမွာ ဗဟိုေနာက္ခံလူတစ္ေယာက္ကို ရွာေဖြေနတာ ျဖစ္ၿပီး ရာမိုစ့္က ဇြန္လမွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးမယ့္ကစားသမား ျဖစ္ပါတယ္။

ေမာ္ရင္ဟိုဟာ ခံစစ္ပိုင္းမွာ အေတြ႕အၾကံဳအမ်ားႀကီးရွိတဲ့ ေနာက္ခံလူတစ္ေယာက္ ကို ရွာေဖြေနတာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းက သီယာဂိုေဆးလ္ဗားလို ေနာက္ခံလူမ်ိဳးကို ရွာေဖြေနတာပါ။ ၂၀၀၅ ခုႏွစ္ကတည္းက ရီးရဲလ္မက္ဒရစ္အသင္းကို ေရာက္ရွိလာတဲ့ ရာမိုစ့္ဟာ ဒီရာသီမွာ အသင္းအတြက္ အဓိက ေနရာက ကစားထားသူျဖစ္ေပမယ့္ သူ႔အသက္အရြယ္က ၃၄ ႏွစ္အရြယ္ကို ေရာက္ေနၿပီ ျဖစ္ပါတယ္။

သူဟာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ဖလားကို (၄) ႀကိမ္ ဆြတ္ခူးႏိုင္ခဲ့ၿပီး အျခားေသာ ဆုဖလားေတြလည္း ရရွိထားပါတယ္။ စပါးအသင္းဟာ ရာမိုစ့္ကို ေခၚယူလို႔မရႏိုင္ပါက အင္တာမီလန္အသင္းက မီလန္စခရီနီယာကို ျပန္လည္အာရံုစိုက္သြားမယ္လို႔လည္း သိရပါတယ္။