ကျွန်တော်တို့ ဇီယက်ကို လိုအပ်နေပါတယ် လို့ ဆိုလိုက်တဲ့ ချဲလ်ဆီးနည်းပြ လမ်းပတ်

ချဲလ်ဆီးနည်းပြ လမ်းပတ်က အသင်းမှာ ဖန်တီးမှုအားကောင်းတဲ့ ဇီယက်ကို လိုအပ်နေတယ်လို့ ဝန်ခံပြောသွားခဲ့ပါတယ်။ ဇီယက် ဒူးဒဏ်ရာကြောင့် ပါဝင်မကစားနိုင်ကတည်းက လမ်းပတ်ရဲ့ အသင်းဟာ စွမ်းဆောင်ရည်အနည်းငယ်ကျဆင်းလာတာ ဖြစ်ပါတယ်။

“ဒါက တိုက်ဆိုင်မှု တစ်ခုလို့တော့ ကျွန်တော်မထင်ပါဘူး။ အဲ့ဒီလိုမဟုတ်ဘူးလို့လည်း ကျွန်တော် တိတိကျကျမပြောနိုင်တာတော့ အသေအချာပါပဲ။ အချို့အရာတွေက ဘယ်လိုဖြစ်လာသလဲဆိုတာ ဘယ်တော့မှာ သိမှာမဟုတ်ပါဘူး။ ဒါက တစ်ချိန်မှာ မလွဲမသေတွေ့ကြုံရမယ့် အရာဖြစ်ပါတယ်။ ဟာကင်မ်ကစားတဲ့ ပုံစံက ချဲလ်ဆီးအသင်းအတွက် အရေးကြီးပါတယ်။ သူဟာ ဖန်တီးပေးတဲ့နေရာတစ်ကယ်ကို ထိရောက်တဲ့ကစားသမားဖြစ်ပါတယ်။

အခွင့်အရေးတွေဖန်တီးပေးတာနဲ့ ဂိုးတွေဖန်တီးပေးတာ အရမ်းကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ ပြီးတော့ သူဟာ ဘောလုံးနဲ့အတူရှိနေရင် ယုံကြည်မှု အရမ်းရှိပါတယ်။ သူ လိဒ်ယူနိုက်တက်နဲ့ ပွဲမှာ ဒဏ်ရာကြောင့် အနားမယူခင်တုန်းက ချဲလ်ဆီးအသင်းက ကစားပုံကောင်းခဲ့ပါတယ်။ ဒါကြောင့် ဒီလိုကစားသမားမျိုးကို လိုအပ်နေတာမှန်ပါတယ်။ သူဘယ်အချိန်ပြန်လာမလဲဆိုတာကတော့ တနင်္ဂနွေနေ့ မန်စီးတီးနဲ့ ပွဲမှာဖြစ်နိုင်ပါတယ်။ အဲ့ဒီပွဲကစားဖြစ်ရင်ပေါ့” လို့ လမ်းပတ်က အက်စတွန်ဗီလာအသင်းနဲ့ သရေကျခဲ့တဲ့ပွဲ အပြီးမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။

ကၽြန္ေတာ္တို႔ ဇီယက္ကို လိုအပ္ေနပါတယ္ လို႔ ဆိုလိုက္တဲ့ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္

ခ်ဲလ္ဆီးနည္းျပ လမ္းပတ္က အသင္းမွာ ဖန္တီးမႈအားေကာင္းတဲ့ ဇီယက္ကို လိုအပ္ေနတယ္လို႔ ၀န္ခံေျပာသြားခဲ့ပါတယ္။ ဇီယက္ ဒူးဒဏ္ရာေၾကာင့္ ပါ၀င္မကစားႏိုင္ကတည္းက လမ္းပတ္ရဲ႕ အသင္းဟာ စြမ္းေဆာင္ရည္အနည္းငယ္က်ဆင္းလာတာ ျဖစ္ပါတယ္။

“ဒါက တိုက္ဆိုင္မႈ တစ္ခုလို႔ေတာ့ ကၽြန္ေတာ္မထင္ပါဘူး။ အဲ့ဒီလိုမဟုတ္ဘူးလို႔လည္း ကၽြန္ေတာ္ တိတိက်က်မေျပာႏိုင္တာေတာ့ အေသအခ်ာပါပဲ။ အခ်ိဳ႕အရာေတြက ဘယ္လိုျဖစ္လာသလဲဆိုတာ ဘယ္ေတာ့မွာ သိမွာမဟုတ္ပါဘူး။ ဒါက တစ္ခ်ိန္မွာ မလြဲမေသေတြ႕ၾကံဳရမယ့္ အရာျဖစ္ပါတယ္။ ဟာကင္မ္ကစားတဲ့ ပံုစံက ခ်ဲလ္ဆီးအသင္းအတြက္ အေရးႀကီးပါတယ္။ သူဟာ ဖန္တီးေပးတဲ့ေနရာတစ္ကယ္ကို ထိေရာက္တဲ့ကစားသမားျဖစ္ပါတယ္။

အခြင့္အေရးေတြဖန္တီးေပးတာနဲ႔ ဂိုးေတြဖန္တီးေပးတာ အရမး္ေကာင္းတဲ့ ကစားသမားတစ္ေယာက္ပါ။ ၿပီးေတာ့ သူဟာ ေဘာလံုးနဲ႔အတူရွိေနရင္ ယံုၾကည္မႈ အရမ္းရွိပါတယ္။ သူ လိဒ္ယူႏိုက္တက္နဲ႔ ပြဲမွာ ဒဏ္ရာေၾကာင့္ အနားမယူခင္တုန္းက ခ်ဲလ္ဆီးအသင္းက ကစားပံုေကာင္းခဲ့ပါတယ္။ ဒါေၾကာင့္ ဒီလိုကစားသမားမ်ိဳးကို လိုအပ္ေနတာမွန္ပါတယ္။ သူဘယ္အခ်ိန္ျပန္လာမလဲဆိုတာကေတာ့ တနဂၤေႏြေန႔ မန္စီးတီးနဲ႔ ပြဲမွာျဖစ္ႏိုင္ပါတယ္။ အဲ့ဒီပြဲကစားျဖစ္ရင္ေပါ့” လို႔ လမ္းပတ္က အက္စတြန္ဗီလာအသင္းနဲ႔ သေရက်ခဲ့တဲ့ပြဲ အၿပီးမွာ ေျပာသြားခဲ့တာျဖစ္ပါတယ္။