လိုင်လီက ရီနာတိုဆန်းချက်စ်ကို ပေါင် ၁၈ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့သလို ဆာလက်လည်း ထွက်နိုင်တယ်လို့ ပြောခဲ့တဲ့ လီဗာပူးနည်းပြ ကလော့ပ်


ဇန်နဝါရီဈေးကွက်မဖွင့်သေးပေမယ့် လီဗာပူးအသင်းဟာ လိုင်လီက ပေါ်တူဂီကွင်းလယ် ရီနာတိုဆန်းချက်စ်ကို ပေါင် ၁၈ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့သလို အသင်းရဲ့အဓိကတိုက်စစ်မှူး ဆာလက်အနေနဲ့လည်း အသင်းကထွက်နိုင် ကြောင်း ပြောခဲ့ပါတယ်။ ပေါ်တူဂီကစားသမား ရီနာတိုဆန်းချက်စ်ဟာ ၂၀၁၆ ခုနှစ်က Golden Boy ဆုကို ရရှိခဲ့တဲ့ကစား သမား ဖြစ်ပြီး ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ကစားခဲ့ပေမယ့် နေရာရဖို့ ရုန်းကန်ခဲ့ရပြီး အခြားအသင်းတွေထံအဌားချခံခဲ့ရ ကာ လိုင်လီအသင်းကို ပြောင်းရွှေ့ခဲ့တာပဲ ဖြစ်ပါတယ်။


လီဗာပူးအသင်းအနေနဲ့ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့သတင်းတွေထွက်နေတဲ့ ကွင်းလယ်လူ ဝီနယ်ဒန်ရဲ့နေရာကို အစားထိုး ဖို့အတွက် ရီနာတိုဆန်းချက်စ်ကို ခေါ်ယူဖို့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဘိုင်ယန်မြူးနစ်မှာ ကစားခဲ့ တုန်းက ရီနာတိုဆန်းချက်စ်ဟာ ဆွမ်ဆီးအသင်းမှာ လာကစားခဲ့ဖူးတာကြောင့် လီဗာပူးဟာ ဆန်းချက်စ်အတွက် အင်္ဂလန် မြေမှာ ဒုတိယမြောက်ကစားတဲ့အသင်း ဖြစ်လာခဲ့ပါတယ်။


လိုင်လီအသင်းဟာ ဆန်းချက်စ်ကိုခေါ်ယူခဲ့စဉ်က ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ယူရို ၂၅ သန်းနဲ့ လေးနှစ်စာချုပ် ချုပ်ဆိုပြီး ခေါ်ယူခဲ့တာဖြစ်ပေမယ့် ပြန်ရောင်းချိန်မှာ ပေါင် ၁၈ သန်းပဲရတာကြောင့် ဆုံးရှုံးမှုရှိခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဆန်းချက်စ်ဟာ ကွင်းလယ်အဖျက်နေရာမှာ ကစားသူဖြစ်တာကြောင့် ပြီးခဲ့တဲ့ရာသီက အသင်းအတွက် ၃ ဂိုးသာသွင်းယူ နိုင်ခဲ့သလို ဒီရာသီမှာလည်း အသင်းအတွက် တစ်ဂိုးသာသွင်းယူပေးထားနိုင်ခဲ့ပါတယ်။

zawgyi version

လိုင္လီက ရီနာတိုဆန္းခ်က္စ္ကို ေပါင္ ၁၈ သန္းနဲ႔ ေခၚယူဖို႔ သေဘာတူညီမႈရခဲ့သလို ဆာလက္လည္း ထြက္ႏိုင္တယ္လို႔ ေျပာခဲ့တဲ့ လီဗာပူးနည္းျပ ကေလာ့ပ္
ဇန္နဝါရီေစ်းကြက္မဖြင့္ေသးေပမယ့္ လီဗာပူးအသင္းဟာ လိုင္လီက ေပၚတူဂီကြင္းလယ္ ရီနာတိုဆန္းခ်က္စ္ကို ေပါင္ ၁၈ သန္းနဲ႔ ေခၚယူဖို႔ သေဘာတူညီမႈရခဲ့သလို အသင္းရဲ႕အဓိကတိုက္စစ္မွဴး ဆာလက္အေနနဲ႔လည္း အသင္းကထြက္ႏိုင္ ေၾကာင္း ေျပာခဲ့ပါတယ္။ ေပၚတူဂီကစားသမား ရီနာတိုဆန္းခ်က္စ္ဟာ ၂၀၁၆ ခုႏွစ္က Golden Boy ဆုကို ရရွိခဲ့တဲ့ကစား သမား ျဖစ္ၿပီး ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေရႊ႕ကစားခဲ့ေပမယ့္ ေနရာရဖို႔ ႐ုန္းကန္ခဲ့ရၿပီး အျခားအသင္းေတြထံအဌားခ်ခံခဲ့ရ ကာ လိုင္လီအသင္းကို ေျပာင္းေရႊ႕ခဲ့တာပဲ ျဖစ္ပါတယ္။
လီဗာပူးအသင္းအေနနဲ႔ ဘာစီလိုနာကို ေျပာင္းေရႊ႕ဖို႔သတင္းေတြထြက္ေနတဲ့ ကြင္းလယ္လူ ဝီနယ္ဒန္ရဲ႕ေနရာကို အစားထိုး ဖို႔အတြက္ ရီနာတိုဆန္းခ်က္စ္ကို ေခၚယူဖို႔ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဘိုင္ယန္ျမဴးနစ္မွာ ကစားခဲ့ တုန္းက ရီနာတိုဆန္းခ်က္စ္ဟာ ဆြမ္ဆီးအသင္းမွာ လာကစားခဲ့ဖူးတာေၾကာင့္ လီဗာပူးဟာ ဆန္းခ်က္စ္အတြက္ အဂၤလန္ ေျမမွာ ဒုတိယေျမာက္ကစားတဲ့အသင္း ျဖစ္လာခဲ့ပါတယ္။
လိုင္လီအသင္းဟာ ဆန္းခ်က္စ္ကိုေခၚယူခဲ့စဥ္က ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးျဖစ္တဲ့ ယူ႐ို ၂၅ သန္းနဲ႔ ေလးႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုၿပီး ေခၚယူခဲ့တာျဖစ္ေပမယ့္ ျပန္ေရာင္းခ်ိန္မွာ ေပါင္ ၁၈ သန္းပဲရတာေၾကာင့္ ဆံုးရႈံးမႈရွိခဲ့တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။ ဆန္းခ်က္စ္ဟာ ကြင္းလယ္အဖ်က္ေနရာမွာ ကစားသူျဖစ္တာေၾကာင့္ ၿပီးခဲ့တဲ့ရာသီက အသင္းအတြက္ ၃ ဂိုးသာသြင္းယူ ႏိုင္ခဲ့သလို ဒီရာသီမွာလည္း အသင္းအတြက္ တစ္ဂိုးသာသြင္းယူေပးထားႏိုင္ခဲ့ပါတယ္။