ရူဘင်ဒိုင်ယက်စ်နဲ့ တွဲကစားရတာကို တကယ်နှစ်သက်တယ်ဆိုပြီး ပြောခဲ့တဲ့ ဂျွန်စတုန်း


မန်စီးတီးအသင်းနောက်ခံလူ ဂျွန်စတုန်းက အသင်းမှာ နေရာပြန်ရလာပြီး ဒီနှစ်နွေရာသီမှ အသင်းကို ရောက်ရှိလာခဲ့တဲ့ ရူ ဘက်ဒိုင်ယက်စ်နဲ့ တွဲကစားရတာကို တကယ်နှစ်သက်မိကြောင်း ပြောခဲ့ပါတယ်။ ရူဘင်ဒိုင်ယက်စ်ဟာ ဘင်ဖီကာအသင်း ကနေ ပေါင် ၆၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၂၀ ကစားခွင့်ရထားသူဖြစ်တာကြောင့် အသင်းရဲ့ အဓိက,ကစားသမား တစ်ဦးလို့တောင် ဆိုရမှာပဲ ဖြစ်ပါတယ်။


အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ ဂျွန်စတုန်းဟာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရပြီးမှာ လာပေါ်တီ ဒဏ်ရာရနေတာကြောင့်သာ ရူဘင်နဲ့ တွဲပြီး ပွဲထွက်ခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။ အသင်းရဲ့ဝက်ဘ်ဆိုဒ်ကနေတဆင့် ဂျွန်စတုန်းက “ ရူဘင်နဲ့ ခံစစ်မှာ တွဲ ကစားရတာက တကယ်ကိုနှစ်သက်စရာကောင်းပါတယ်။ သူက ကျွန်တော်ထက် အသက်ငယ်တယ်ဆိုပေမယ့် အတွေ့ အကြုံကောင်းတွေ အများကြီးရှိတဲ့သူဖြစ်ပြီး ခံစစ်ကို အကောင်းဆုံးဦးဆောင်နိုင်တဲ့သူပါ” လို့ ပြောခဲ့ပါတယ်။


မန်စီးတီးဟာ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့်-၈ နေရာမှာ ရပ်တည်နေတာကြောင့် ဇယားထိပ်ပိုင်းကို ပြန်ရောက်ဖို့အတွက် ကြိုးစားနေတာဖြစ်ပါတယ်။ အဲဗာတန်အသင်းနဲ့ကစားရမယ့် ပွဲစဉ်မှာတော့ အသင်းမှာ ကိုဗစ်ရောဂါ ပိုးကူးစက်ခံထားရတဲ့ ကစားသမားတွေရှိတာကြောင့် ပွဲရွှေ့ခဲ့ရပြီး လာမယ့် ဇန်နဝါရီလ ၃ ရက်နေ့မှာ ချဲလ်ဆီးအသင်းကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။

zawgyi version

႐ူဘင္ဒိုင္ယက္စ္နဲ႔ တြဲကစားရတာကို တကယ္ႏွစ္သက္တယ္ဆိုၿပီး ေျပာခဲ့တဲ့ ဂၽြန္စတုန္း
မန္စီးတီးအသင္းေနာက္ခံလူ ဂၽြန္စတုန္းက အသင္းမွာ ေနရာျပန္ရလာၿပီး ဒီႏွစ္ေႏြရာသီမွ အသင္းကို ေရာက္ရွိလာခဲ့တဲ့ ႐ူ ဘက္ဒိုင္ယက္စ္နဲ႔ တြဲကစားရတာကို တကယ္ႏွစ္သက္မိေၾကာင္း ေျပာခဲ့ပါတယ္။ ႐ူဘင္ဒိုင္ယက္စ္ဟာ ဘင္ဖီကာအသင္း ကေန ေပါင္ ၆၂ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ၿပီး အသင္းအတြက္ ၿပိဳင္ပြဲစံု ပြဲ ၂၀ ကစားခြင့္ရထားသူျဖစ္တာေၾကာင့္ အသင္းရဲ႕ အဓိက,ကစားသမား တစ္ဦးလို႔ေတာင္ ဆိုရမွာပဲ ျဖစ္ပါတယ္။
အသက္ ၂၆ ႏွစ္ရွိၿပီျဖစ္တဲ့ ဂၽြန္စတုန္းဟာ ပံုမွန္ေနရာရဖို႔ ႐ုန္းကန္ေနရၿပီးမွာ လာေပၚတီ ဒဏ္ရာရေနတာေၾကာင့္သာ ႐ူဘင္နဲ႔ တြဲၿပီး ပြဲထြက္ခြင့္ရခဲ့တာပဲ ျဖစ္ပါတယ္။ အသင္းရဲ႕ဝက္ဘ္ဆိုဒ္ကေနတဆင့္ ဂၽြန္စတုန္းက “ ႐ူဘင္နဲ႔ ခံစစ္မွာ တြဲ ကစားရတာက တကယ္ကိုႏွစ္သက္စရာေကာင္းပါတယ္။ သူက ကြ်န္ေတာ္ထက္ အသက္ငယ္တယ္ဆိုေပမယ့္ အေတြ႕ အၾကံဳေကာင္းေတြ အမ်ားႀကီးရွိတဲ့သူျဖစ္ၿပီး ခံစစ္ကို အေကာင္းဆံုးဦးေဆာင္ႏိုင္တဲ့သူပါ” လို႔ ေျပာခဲ့ပါတယ္။
မန္စီးတီးဟာ လက္ရွိပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ အဆင့္-၈ ေနရာမွာ ရပ္တည္ေနတာေၾကာင့္ ဇယားထိပ္ပိုင္းကို ျပန္ေရာက္ဖို႔အတြက္ ႀကိဳးစားေနတာျဖစ္ပါတယ္။ အဲဗာတန္အသင္းနဲ႔ကစားရမယ့္ ပြဲစဥ္မွာေတာ့ အသင္းမွာ ကိုဗစ္ေရာဂါ ပိုးကူးစက္ခံထားရတဲ့ ကစားသမားေတြရွိတာေၾကာင့္ ပြဲေရႊ႕ခဲ့ရၿပီး လာမယ့္ ဇန္နဝါရီလ ၃ ရက္ေန႔မွာ ခ်ဲလ္ဆီးအသင္းကို အေဝးကြင္းမွာ သြားေရာက္ယွဥ္ၿပိဳင္ရမွာပဲ ျဖစ္ပါတယ္။