ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဒီကလန်ရိုက်ကို အသင်းမှာ ဆက်ထိန်းထားချင်တဲ့ မက်ခ်နိုဘယ်


ဝက်စ်ဟမ်းအသင်းခေါင်းဆောင် မက်ခ်နိုဘယ်က ပရီးမီးယားလိဂ်အသင်းကြီးတွေဖြစ်တဲ့ ချဲလ်ဆီး၊ ယူနိုက်တက်တို့က ခေါ် ယူဖို့ စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ ဒီကလန်ရိုက် ကိုအသင်းမှာ ဆက်ရှိနေစေချင်တယ်လို့ ပြောသွားခဲ့ပါတယ်။ ဒီကလန် ရိုက်ကို ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ချဲလ်ဆီးအသင်းက ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေရှိခဲ့ပေမယ့် အပြီးသတ် သဘော တူညီမှု မရခဲ့တာကြောင့်သာ မခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ယူနိုက်တက်အသင်းကလည်း ကွင်းလယ်အဖျက်အပြင် နောက်ခံလူ အဖြစ်ပါ ကစားနိုင်တဲ့ ဒီကလန်ရိုက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။


အသက် ၂၁ နှစ်သာရှိသေးတဲ့ ဒီကလန်ရိုက်ကို ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့ဟာ ဝက်စ်ဟမ်းအသင်းအတွက် စကစားခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်း စိတ်ဝင်စားနေခဲ့တာလို့ သိရပြီး ဒီရာသီမှာတော့ ဒီကလန်ရိုက်ဟာ ဝက်စ်ဟမ်းအသင်းအတွက် ပြိုင် ပွဲစုံ ၁၆ ပွဲအထိ ပါဝင်ကစားပေးထားသူလည်း ဖြစ်ပါတယ်။ အပြောင်းအရွှေ့ဈေးကွက်ဖွင့်ခါနီးမှာ ဒီကလန်ရိုက်အနေနဲ့ အသင်းကြီး တစ်သင်းကို ပြောင်းရွှေ့ချင်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။


ဒီကိစ္စနဲ့ ပတ်သက်ပြီး မက်ခ်နိုဘယ်က “ ဒီကလန်ရိုက်အနေနဲ့ သင်ယူစရာတွေ အများကြီးလိုပါသေးတယ်။ သူအနေနဲ့ အချိန်ကြာလာတာနဲ့အမျှ ကောင်းတာထက်ပိုကောင်းလာမှာပါ။သူကို ဝက်စ်ဟမ်းအသင်းမှာပဲ ဆက်ရှိနေစေချင်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။ မက်ခ်နိုဘယ်ဟာ ၂၀၀၀ ခုနှစ်မှာ လူငယ်ကစားသမားဘဝပဲ ရှိသေးပေမယ့် ဝက်စ်ဟမ်းအသင်း ကို ရောက်ရှိလာခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေသူလည်း ဖြစ်ပါတယ်။

zawgyi version

ခ်ဲလ္ဆီးနဲ႔ ယူႏိုက္တက္တို႔က ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ ဒီကလန္႐ိုက္ကို အသင္းမွာ ဆက္ထိန္းထားခ်င္တဲ့ မက္ခ္ႏိုဘယ္
ဝက္စ္ဟမ္းအသင္းေခါင္းေဆာင္ မက္ခ္ႏိုဘယ္က ပရီးမီးယားလိဂ္အသင္းႀကီးေတြျဖစ္တဲ့ ခ်ဲလ္ဆီး၊ ယူႏိုက္တက္တို႔က ေခၚ ယူဖို႔ စိတ္ဝင္စားေနတဲ့ ကြင္းလယ္လူ ဒီကလန္႐ိုက္ ကိုအသင္းမွာ ဆက္ရွိေနေစခ်င္တယ္လို႔ ေျပာသြားခဲ့ပါတယ္။ ဒီကလန္ ႐ိုက္ကို ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ ခ်ဲလ္ဆီးအသင္းက ေခၚယူဖို႔ ကမ္းလွမ္းမႈေတြရွိခဲ့ေပမယ့္ အၿပီးသတ္ သေဘာ တူညီမႈ မရခဲ့တာေၾကာင့္သာ မေခၚယူႏိုင္ခဲ့တာျဖစ္ၿပီး ယူႏိုက္တက္အသင္းကလည္း ကြင္းလယ္အဖ်က္အျပင္ ေနာက္ခံလူ အျဖစ္ပါ ကစားႏိုင္တဲ့ ဒီကလန္႐ိုက္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတာပဲ ျဖစ္ပါတယ္။
အသက္ ၂၁ ႏွစ္သာရွိေသးတဲ့ ဒီကလန္႐ိုက္ကို ခ်ဲလ္ဆီးနဲ႔ ယူႏိုက္တက္တို႔ဟာ ဝက္စ္ဟမ္းအသင္းအတြက္ စကစားခဲ့တဲ့ ၂၀၁၇ ခုႏွစ္ကတည္း စိတ္ဝင္စားေနခဲ့တာလို႔ သိရၿပီး ဒီရာသီမွာေတာ့ ဒီကလန္႐ိုက္ဟာ ဝက္စ္ဟမ္းအသင္းအတြက္ ၿပိဳင္ ပြဲစံု ၁၆ ပြဲအထိ ပါဝင္ကစားေပးထားသူလည္း ျဖစ္ပါတယ္။ အေျပာင္းအေရႊ႕ေစ်းကြက္ဖြင့္ခါနီးမွာ ဒီကလန္႐ိုက္အေနနဲ႔ အသင္းႀကီး တစ္သင္းကို ေျပာင္းေရႊ႕ခ်င္တယ္ဆိုတဲ့ သတင္းေတြထြက္ေပၚခဲ့ပါတယ္။
ဒီကိစၥနဲ႔ ပတ္သက္ၿပီး မက္ခ္ႏိုဘယ္က “ ဒီကလန္႐ိုက္အေနနဲ႔ သင္ယူစရာေတြ အမ်ားႀကီးလိုပါေသးတယ္။ သူအေနနဲ႔ အခ်ိန္ၾကာလာတာနဲ႔အမွ် ေကာင္းတာထက္ပိုေကာင္းလာမွာပါ။သူကို ဝက္စ္ဟမ္းအသင္းမွာပဲ ဆက္ရွိေနေစခ်င္ပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။ မက္ခ္ႏိုဘယ္ဟာ ၂၀၀၀ ခုႏွစ္မွာ လူငယ္ကစားသမားဘဝပဲ ရွိေသးေပမယ့္ ဝက္စ္ဟမ္းအသင္း ကို ေရာက္ရွိလာခဲ့သူျဖစ္ၿပီး လက္ရွိမွာေတာ့ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူေနသူလည္း ျဖစ္ပါတယ္။