ထုတ်ပယ်ခံရဖို့ နီးစပ်နေတဲ့ အသင်းကြီးနည်းပြတွေထဲမှာ အာတီတာအပြင် လမ်းပတ်လည်း ပါဝင်လာခဲ့


အသင်းတစ်သင်းရဲ့ အောင်မြင်မှုတွေမှာ နည်းပြတစ်ယောက်ရဲ့နေရာက အရေးမကြီးဘူးဆိုပေမယ့် ကျရှုံးမှုတွေမှာတော့ နည်းပြရဲ့ တာဝန်ခံရမှုက များပြီး လက်ရှိရာထူးကနေ ထုတ်ပယ်ခံရလေ့ရှိပါတယ်။ ဒီနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နည်းပြ အပြောင်းအလဲတွေရှိခဲ့ပြီး အသင်းကြီးတွေထဲက နည်းပြထုတ်ပယ်ခံရနိုင်ဖို့အတွက် ဆိုးလ်ရှား၊ အာတီတာတို့ ရေပန်းစားခဲ့ ကြပါတယ်။ ဒါကလည်း အသင်းကြီးတစ်သင်းအနေနဲ့ ရလဒ်မကောင်းတော့ဘူးဆိုရင် မော်ဒန်ဘောလုံးလောကမှာ ဖြစ်နေ တဲ့ အတိုင်းနည်းပြကို ရာထူးကနေ ထုတ်ပယ်လိုက်တာပဲ ဖြစ်ပါတယ်။


အစောပိုင်းတုန်းက ထုတ်ပယ်ခံရဖို့အတွက် အသင်းကြီးထဲက နည်းပြတွေထဲမှာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ရေပန်း အစားဆုံးဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အာဆင်နယ်အသင်းနည်းပြ အာတီတာက နီးစပ်တဲ့အနေအထားတွေမှာရှိခဲ့ပါတယ်။ အခုချိန်မှာတော့ ရလဒ်ပိုင်းဆိုးရွားမှုတွေနဲ့ အသင်းပိုင်ရှင်ကျေနပ်မှု ရအောင်မစွမ်းဆောင်နိုင်တဲ့ ချဲလ်ဆီးနည်းပြ လမ်းပတ် လည်း ပါဝင်လာခဲ့တာပဲ ဖြစ်ပါတယ်။


လက်ရှိ ပရီးမီးယားလိဂ်မှာ ထုတ်ပယ်ခံရဖို့ အနီးစပ်ဆုံးနည်းပြကတော့ ရှက်ဖီးယူနိုက်တက်အသင်းနည်းပြ ဝိုင်ဒါဖြစ်ပြီး ၁၁ လေး ၅လေး နဲ့ ရေပန်းအစားဆုံးဖြစ်နေတာ ဖြစ်ပါတယ်။ သူရဲ့နောက်မှာတော့ ခရစ္စတယ်ပဲလေ့စ်နည်းပြ ရွိုင်းဟော့ဆန် ရှိနေပြီး တတိယနေရာမှာတော့ အာဆင်နယ်နည်းပြ အာတီတာက ၃လေး၁လေး နဲ့ ရှိနေတာပဲ ဖြစ်ပါတယ်။ နယူးကာ ဆယ်အသင်းနည်းပြ စတိဗ်ဘရုဗ် က နံပါတ် ၄ နေရာမှာ ရှိနေပြီး ရလဒ်ပိုင်းတွေ ဆက်တိုက်ဆိုးရွားနေတဲ့ လမ်းပတ်က ၁၁ လေး ၁ လေးနဲ့ အဆင့်-၅ နေရာကို ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။

zawgyi version

ထုတ္ပယ္ခံရဖို႔ နီးစပ္ေနတဲ့ အသင္းႀကီးနည္းျပေတြထဲမွာ အာတီတာအျပင္ လမ္းပတ္လည္း ပါဝင္လာခဲ့
အသင္းတစ္သင္းရဲ႕ ေအာင္ျမင္မႈေတြမွာ နည္းျပတစ္ေယာက္ရဲ႕ေနရာက အေရးမႀကီးဘူးဆိုေပမယ့္ က်ရႈံးမႈေတြမွာေတာ့ နည္းျပရဲ႕ တာဝန္ခံရမႈက မ်ားၿပီး လက္ရွိရာထူးကေန ထုတ္ပယ္ခံရေလ့ရွိပါတယ္။ ဒီႏွစ္ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ နည္းျပ အေျပာင္းအလဲေတြရွိခဲ့ၿပီး အသင္းႀကီးေတြထဲက နည္းျပထုတ္ပယ္ခံရႏိုင္ဖို႔အတြက္ ဆိုးလ္ရွား၊ အာတီတာတို႔ ေရပန္းစားခဲ့ ၾကပါတယ္။ ဒါကလည္း အသင္းႀကီးတစ္သင္းအေနနဲ႔ ရလဒ္မေကာင္းေတာ့ဘူးဆိုရင္ ေမာ္ဒန္ေဘာလံုးေလာကမွာ ျဖစ္ေန တဲ့ အတိုင္းနည္းျပကို ရာထူးကေန ထုတ္ပယ္လိုက္တာပဲ ျဖစ္ပါတယ္။
အေစာပိုင္းတုန္းက ထုတ္ပယ္ခံရဖို႔အတြက္ အသင္းႀကီးထဲက နည္းျပေတြထဲမွာ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက ေရပန္း အစားဆံုးျဖစ္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ အာဆင္နယ္အသင္းနည္းျပ အာတီတာက နီးစပ္တဲ့အေနအထားေတြမွာရွိခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ ရလဒ္ပိုင္းဆိုးရြားမႈေတြနဲ႔ အသင္းပိုင္ရွင္ေက်နပ္မႈ ရေအာင္မစြမ္းေဆာင္ႏိုင္တဲ့ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္ လည္း ပါဝင္လာခဲ့တာပဲ ျဖစ္ပါတယ္။
လက္ရွိ ပရီးမီးယားလိဂ္မွာ ထုတ္ပယ္ခံရဖို႔ အနီးစပ္ဆံုးနည္းျပကေတာ့ ရွက္ဖီးယူႏိုက္တက္အသင္းနည္းျပ ဝိုင္ဒါျဖစ္ၿပီး ၁၁ ေလး ၅ေလး နဲ႔ ေရပန္းအစားဆံုးျဖစ္ေနတာ ျဖစ္ပါတယ္။ သူရဲ႕ေနာက္မွာေတာ့ ခရစၥတယ္ပဲေလ့စ္နည္းျပ ရြိဳင္းေဟာ့ဆန္ ရွိေနၿပီး တတိယေနရာမွာေတာ့ အာဆင္နယ္နည္းျပ အာတီတာက ၃ေလး၁ေလး နဲ႔ ရွိေနတာပဲ ျဖစ္ပါတယ္။ နယူးကာ ဆယ္အသင္းနည္းျပ စတိဗ္ဘ႐ုဗ္ က နံပါတ္ ၄ ေနရာမွာ ရွိေနၿပီး ရလဒ္ပိုင္းေတြ ဆက္တိုက္ဆိုးရြားေနတဲ့ လမ္းပတ္က ၁၁ ေလး ၁ ေလးနဲ႔ အဆင့္-၅ ေနရာကို ေရာက္ရွိလာတာပဲ ျဖစ္ပါတယ္။