မန်စီးတီး နဲ့ အဲဗာတန်ပွဲစဉ်ကို ဂွါဒီယိုလာရဲ့ အသင်းမှာ ကိုဗစ်ပိုးထပ်တွေ့လို့ ရွှေ့ဆိုင်း

မန်စီးတီး နဲ့ အဲဗာတန်ကစားမယ့် တနလာၤနေ့ ညပွဲကို ဂွါဒီယိုလာရဲ့ အသင်းမှာ ကိုဗစ်ပိုး (၃) ယောက်ထပ်တွေ့လို့ ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က Positive ဖြစ်ခဲ့တဲ့ ဝေါ်လ်ကာ နဲ့ ဂါဘရီရယ်လ်ဂျေးဆုတို့ဟာလည်း နယူးကာဆယ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲကို လွဲချော်ခဲ့ပါတယ်။

မန်စီးတီးအသင်းရဲ့ တာဝန်ရှိသူတွေက အဆိုပါ ရောဂါပိုးကူးစက်ခံခဲ့ရတာဟာ ပြီးခဲ့တဲ့အပတ်က အာဆင်နယ်အသင်းကို အနိုင်ရခဲ့တဲ့ကာရာဘောင်ဖလား ပြိုင်ပွဲမှာ လန်ဒန်က ဟိုတယ်မှာ ညဘက်အထိ နေခဲ့လို့ ဖြစ်ပေါ်ခဲ့ရတာ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

ရောဂါပိုးဟာ မန်စီးတီးအသင်းအတွင်း ပျံ့နှံ့နေတာဖြစ်လို့ အဲဗာတန်အသင်းနဲ့ ဒီနေ့ည ကစားမယ့်ပွဲကို ယခုလိုပဲ ရွှေ့ဆိုင်းခဲ့တာဖြစ်ပြီး တနင်္ဂနွေနေ့ ချဲလ်ဆီးနဲ့ ကစားမယ့်ပွဲကိုလည်း ရွှေ့ဆိုင်းဖွယ်ရှိနေပါတယ်။ မန်စီးတီးအသင်းကိုတော့ မနက်ဖြန်မှာ ရောဂါပိုး ပြန်လည်စစ်ဆေးဦးမှာ ဖြစ်ပါတယ်။

မန္စီးတီး နဲ႔ အဲဗာတန္ပြဲစဥ္ကို ဂြါဒီယိုလာရဲ႕ အသင္းမွာ ကိုဗစ္ပိုးထပ္ေတြ႕လို႔ ေရႊ႕ဆိုင္း

မန္စီးတီး နဲ႔ အဲဗာတန္ကစားမယ့္ တနလာၤေန႔ ညပြဲကို ဂြါဒီယိုလာရဲ႕ အသင္းမွာ ကိုဗစ္ပိုး (၃) ေယာက္ထပ္ေတြ႕လို႔ ေရႊ႕ဆိုင္းလိုက္ၿပီ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့အပတ္က Positive ျဖစ္ခဲ့တဲ့ ေ၀ၚလ္ကာ နဲ႔ ဂါဘရီရယ္လ္ေဂ်းဆုတို႔ဟာလည္း နယူးကာဆယ္အသင္းကို အႏိုင္ရခဲ့တဲ့ပြဲကို လြဲေခ်ာ္ခဲ့ပါတယ္။

မန္စီးတီးအသင္းရဲ႕ တာ၀န္ရွိသူေတြက အဆိုပါ ေရာဂါပိုးကူးစက္ခံခဲ့ရတာဟာ ၿပီးခဲ့တဲ့အပတ္က အာဆင္နယ္အသင္းကို အႏိုင္ရခဲ့တဲ့ကာရာေဘာင္ဖလား ၿပိဳင္ပြဲမွာ လန္ဒန္က ဟိုတယ္မွာ ညဘက္အထိ ေနခဲ့လို႔ ျဖစ္ေပၚခဲ့ရတာ္လို႔ ယံုၾကည္ေနတာ ျဖစ္ပါတယ္။

ေရာဂါပိုးဟာ မန္စီးတီးအသင္းအတြင္း ပ်ံ႕ႏွံ႕ေနတာျဖစ္လို႔ အဲဗာတန္အသင္းနဲ႔ ဒီေန႔ည ကစားမယ့္ပြဲကို ယခုလိုပဲ ေရႊ႕ဆိုင္းခဲ့တာျဖစ္ၿပီး တနဂၤေႏြေန႔ ခ်ဲလ္ဆီးနဲ႔ ကစားမယ့္ပြဲကိုလည္း ေရႊ႕ဆိုင္းဖြယ္ရွိေနပါတယ္။ မန္စီးတီးအသင္းကိုေတာ့ မနက္ျဖန္မွာ ေရာဂါပိုး ျပန္လည္စစ္ေဆးဦးမွာ ျဖစ္ပါတယ္။