ဘရူနိုဖာနန်ဒက်စ်က သူ့ ထက်ပိုကောင်းတယ်လို့ ဆိုလိုက်တဲ့ ယူနိုက်တက်ဂန္တဝင် ပေါလ်စခိုးလ်

ယူနိုက်တက်ဂန္တဝင်ကစားသမားကြီး ပေါလ်စခိုးလ်က ဘရူနိုဖာနန်ဒက်စ်က သူ့ထက်ပိုကောင်းတယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီ အပြောင်းအရွှေ့ကတည်းက အိုးထရက်ဖိုဒ့်ကို ရောက်ရှိလာပြီး အသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်ပါတယ်။ ပွဲထွက်ကစားပြီးကတည်းက သူဟာ ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်သွင်းဂိုး ၅၂ ရာခိုင်နှုန်းအထိ ပါဝင်ထားပါတယ်။

ပေါလ်စခိုးလ်ဟာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ပရိသတ်တစ်ယောက်ဖြစ်ပြီး ယူနိုက်တက်အသင်းရဲ့ ဝက်ဘ်ဆိုဒ့်ကို “ သူလုပ်နေတာတွေက ပုံမှန်တောင်မဟုတ်ပါဘူး။ တစ်ကယ်ပါ။ သူဒီကို စရောက်လာကတည်းက စွမ်းဆောင်ထားတာပါ။ ယူနိုက်တက်ဟာ လက်ကျန်ပွဲတွေကို အနိုင်ရမယ်ဆိုရင် အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်နေမှာပါ။ ဒါက ထူးဆန်းနေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ရာသီအစပိုင်းမှာ မကောင်းခဲ့လို့ပါ။

ဒါပေမယ့် သူတို့ဟာ လမ်းကြောင်းပေါ်မှာ ရှိနေပြီး ပိုကောင်းလာတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့ရဲ့ သွင်းဂိုးတွေကို သူလုပ်နိုင်ခဲ့တာ မယုံနိုင်စရာပါ။ သူအဲ့ဒီလို ဆက်ပြီး စွမ်းဆောင်သွားမယ်လို့ မျှော်လင့်ပါတယ်။ သူက ကျွန်တော့်ထက်ပိုကောင်းပါတယ်။ ကျွန်တော်နဲ့လည်း မတူပါဘူး။ သူက ကျွန်တော့်ထက်ဂိုးပိုသွင်းထားပြီး ပိုပြီးလည်း ဖန်တီးပေးထားပါတယ်။

သူနဲ့အတူ တွ့ကစားချင်မိပါတယ်။ အထူးသဖြင့် သူ့ရဲ့ အနောက်မှာဆိုရင် ပိုကောင်းမှာပါ။ သူဟာ အသင်းကို ကြီးမားတဲ့ပြောင်းလဲမှု ဖြစ်စေပါတယ်။ သူဒီကို မရောက်လာခင်တုန်းက ယူနိုက်တက်ဟာ အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ အခုတော့ သူတို့ဟာ ပွဲတိုင်း (၃) (၄) (၅) ဂိုးလောက်သွင်းနိုင်တဲ့ပုံပေါက်နေပါတယ်” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

ဘ႐ူႏိုဖာနန္ဒက္စ္က သူ႔ ထက္ပိုေကာင္းတယ္လို႔ ဆိုလိုက္တဲ့ ယူႏိုက္တက္ဂႏၲ၀င္ ေပါလ္စခိုးလ္

ယူႏိုက္တက္ဂႏၲ၀င္ကစားသမားႀကီး ေပါလ္စခိုးလ္က ဘ႐ူႏိုဖာနန္ဒက္စ္က သူ႔ထက္ပိုေကာင္းတယ္လို႔ မွတ္ခ်က္ေပးသြားခဲ့ပါတယ္။ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ဇန္နဝါရီ အေျပာင္းအေရႊ႕ကတည္းက အိုးထရက္ဖိုဒ့္ကို ေရာက္ရွိလာၿပီး အသင္းအတြက္ ေျခစြမ္းျပကစားေနသူျဖစ္ပါတယ္။ ပြဲထြက္ကစားၿပီးကတည္းက သူဟာ ယူႏိုက္တက္အသင္းရဲ႕ ပရီးမီးယားလိဂ္သြင္းဂိုး ၅၂ ရာခိုင္ႏႈန္းအထိ ပါ၀င္ထားပါတယ္။

ေပါလ္စခိုးလ္ဟာ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ ပရိသတ္တစ္ေယာက္ျဖစ္ၿပီး ယူႏိုက္တက္အသင္းရဲ႕ ၀က္ဘ္ဆိုဒ့္ကို “ သူလုပ္ေနတာေတြက ပံုမွန္ေတာင္မဟုတ္ပါဘူး။ တစ္ကယ္ပါ။ သူဒီကို စေရာက္လာကတည္းက စြမ္းေဆာင္ထားတာပါ။ ယူႏိုက္တက္ဟာ လက္က်န္ပြဲေတြကို အႏိုင္ရမယ္ဆိုရင္ အမွတ္ေပးဇယားထိပ္ဆံုးကို ေရာက္ေနမွာပါ။ ဒါက ထူးဆန္းေနပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ဟာ ရာသီအစပိုင္းမွာ မေကာင္းခဲ့လို႔ပါ။

ဒါေပမယ့္ သူတို႔ဟာ လမ္းေၾကာင္းေပၚမွာ ရွိေနၿပီး ပိုေကာင္းလာတယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ သူတို႔ရဲ႕ သြင္းဂိုးေတြကို သူလုပ္ႏိုင္ခဲ့တာ မယံုႏိုင္စရာပါ။ သူအဲ့ဒီလို ဆက္ၿပီး စြမ္းေဆာင္သြားမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ သူက ကၽြန္ေတာ့္ထက္ပိုေကာင္းပါတယ္။ ကၽြန္ေတာ္နဲ႔လည္း မတူပါဘူး။ သူက ကၽြန္ေတာ့္ထက္ဂိုးပိုသြင္းထားၿပီး ပိုၿပီးလည္း ဖန္တီးေပးထားပါတယ္။ သူနဲ႔အတူ တြ႕ကစားခ်င္မိပါတယ္။ အထူးသျဖင့္ သူ႔ရဲ႕ အေနာက္မွာဆိုရင္ ပိုေကာင္းမွာပါ။

သူဟာ အသင္းကို ႀကီးမားတဲ့ေျပာင္းလဲမႈ ျဖစ္ေစပါတယ္။ သူဒီကို မေရာက္လာခင္တုန္းက ယူႏိုက္တက္ဟာ အခြင့္အေရးေတြ ဖန္တီးႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။ အခုေတာ့ သူတို႔ဟာ ပြဲတိုင္း (၃) (၄) (၅) ဂိုးေလာက္သြင္းႏိုင္တဲ့ပံုေပါက္ေနပါတယ္” လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။