ပေါ့ဘာက ဘရူနိုဖာနန်ဒက်စ်လောက် အဆင့်အတန်းမရှိဘူးလို့ ဆိုလိုက်တဲ့ ယူနိုက်တက်လက်ထောက်နည်းပြဟောင်း

ယူနိုက်တက်အသင်းရဲ့ လက်ထောက်နည်းပြဟောင်း မြူလီစတန်က လက်ရှိယူနိုက်တက်အသင်းလူစာရင်းမှာ ဘရူနိုဖာနန်ဒက်စ်နေရာမှာ ဝင်ကစားနိုင်တဲ့ အရည်အသွေးရှိတဲ့ ကစားသမားက (၂) ယောက်ပဲရှိတယ်လို့ ပြောသွားခဲ့ပါတယ်။ မြူလီစတန်းက ဘရူနိုဖာနန်ဒက်စ်မကစားနိုင်တဲ့အချိန်မှာ ပေါ့ဘာ ဒါမှမဟုတ် ဗန်ဒီဘိခ်တို့ (၂) ယောက်ပဲ ဝင်ကစားနိုင်မယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

သူက ““ ယူနိုက်တက်အနေနဲ့ လက်ရှိမှာ နှစ်သစ်အတွက် ဆုတောင်းရမှာက ဘရူနိုဖာနန်ဒက်စ် ဒဏ်ရာမရဖို့နဲ့ ပွဲပယ်ပြစ်ဒဏ်မထိဖို့ပါပဲ။ သူ့ရဲ့ အရည်အသွေးက အံ့အားသင့်စရာပါ။ သူတို့ရဲ့ နောက်ဆုံးသွင်းဂိုးကို ကြည့်လိုက်ပါတယ်။ တစ်ကယ့်ကို မိုက်ပါတယ်။ ကာဗာနီဆီက ဘောလုံးထွက်လာတဲ့အခါ သူချိန်သားကိုက် ပြေးထွက်သွားတာက အရမ်းမိုက်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ ဘောလုံးကို ရလိုက်တာနဲ့ ရပ်ရှ်ဖိုဒ့်လို အဆုံးသတ်လိုက်ပါတယ်။ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အတွက် အဲ့ဒီလို အရမ်းကို အရေးပါတဲ့ ကစားသမား ဖြစ်ပါတယ်။

သူဟာ အသင်းကို ဟန်ချက်ညီစေပါတယ်။ သူဟာ အနိုင်ရသူတစ်ယောက်၊ ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ဂိုးတွေလည်း ဖန်တီးပြီး ဂိုးတွေလည်း သွင်းယူပါတယ်။ ပေါ့ဘာ နဲ့ ဗန်ဒီဘိခ်တို့က သူ့နေရာမှာကစားနိုင်မယ့် အခြားကစားသမားတွေဖြစ်ပေမယ့် သူတို့မှာ ဘရူနိုဖာနန်ဒက်စ်လောက် အရည်အချင်းမရှိကြပါဘူး။ ဖာနန်ဒက်စ်ကိုတော့ ကျွန်တော်အရမ်းအထင်ကြီးမိပါတယ်။

သူဟာ အလုပ်ကြိုးစားဖို့ မကြောက်ရွံ့ပါဘူး။ သူဟာ ပြိုင်ဘက်တွေကို အမြဲခက်ခဲစေပါတယ်။ သူဟာ အဝေးကနေ ကန်သွင်းဖို့လည်း မကြောက်ရွံ့ပါဘူး။ ယူနိုက်တက်က ဒီလိုကစားသမားကို အရမ်းကို အားထားနေရပါတယ်။ သူသာ အဲ့ဒီမှာ မရှိဘူးဆိုရင် ယူနိုက်တက်အသင်းရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေမှာသေချာပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

ေပါ့ဘာက ဘ႐ူႏိုဖာနန္ဒက္စ္ေလာက္ အဆင့္အတန္းမရွိဘူးလို႔ ဆိုလိုက္တဲ့ ယူႏိုက္တက္လက္ေထာက္နည္းျပေဟာင္း

ယူႏိုက္တက္အသင္းရဲ႕ လက္ေထာက္နည္းျပေဟာင္း ျမဴလီစတန္က လက္ရွိယူႏိုက္တက္အသင္းလူစာရင္းမွာ ဘ႐ူႏိုဖာနန္ဒက္စ္ေနရာမွာ ၀င္ကစားႏိုင္တဲ့ အရည္အေသြးရွိတဲ့ ကစားသမားက (၂) ေယာက္ပဲရွိတယ္လို႔ ေျပာသြားခဲ့ပါတယ္။ ျမဴလီစတန္းက ဘ႐ူႏိုဖာနန္ဒက္စ္မကစားႏိုင္တဲ့အခ်ိန္မွာ ေပါ့ဘာ ဒါမွမဟုတ္ ဗန္ဒီဘိခ္တို႔ (၂) ေယာက္ပဲ ၀င္ကစားႏိုင္မယ္လို႔ ေျပာခဲ့တာျဖစ္ပါတယ္။

သူက ““ ယူႏိုက္တက္အေနန႔ဲ လက္ရွိမွာ ႏွစ္သစ္အတြက္ ဆုေတာင္းရမွာက ဘ႐ူႏိုဖာနန္ဒက္စ္ ဒဏ္ရာမရဖို႔နဲ႔ ပြဲပယ္ျပစ္ဒဏ္မထိဖို႔ပါပဲ။ သူ႔ရဲ႕ အရည္အေသြးက အံ့အားသင့္စရာပါ။ သူတို႔ရဲ႕ ေနာက္ဆံုးသြင္းဂိုးကို ၾကည့္လိုက္ပါတယ္။ တစ္ကယ့္ကို မိုက္ပါတယ္။ ကာဗာနီဆီက ေဘာလံုးထြက္လာတဲ့အခါ သူခ်ိန္သားကိုက္ ေျပးထြက္သြားတာက အရမ္းမိုက္ပါတယ္။ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ေဘာလံုးကို ရလိုက္တာနဲ႔ ရပ္ရွ္ဖိုဒ့္လို အဆံုးသတ္လိုက္ပါတယ္။ ဖာနန္ဒက္စ္ဟာ ယူႏိုက္တက္အတြက္ အဲ့ဒီလို အရမ္းကို အေရးပါတဲ့ ကစားသမား ျဖစ္ပါတယ္။

သူဟာ အသင္းကို ဟန္ခ်က္ညီေစပါတယ္။ သူဟာ အႏိုင္ရသူတစ္ေယာက္၊ ေခါင္းေဆာင္တစ္ေယာက္ျဖစ္ပါတယ္။ သူဟာ ဂိုးေတြလည္း ဖန္တီးၿပီး ဂိုးေတြလည္း သြင္းယူပါတယ္။ ေပါ့ဘာ နဲ႔ ဗန္ဒီဘိခ္တို႔က သူ႔ေနရာမွာကစားႏိုင္မယ့္ အျခားကစားသမားေတြျဖစ္ေပမယ့္ သူတို႔မွာ ဘ႐ူႏိုဖာနန္ဒက္စ္ေလာက္ အရည္အခ်င္းမရွိၾကပါဘူး။ ဖာနန္ဒက္စ္ကိုေတာ့ ကၽြန္ေတာ္အရမ္းအထင္ႀကီးမိပါတယ္။

သူဟာ အလုပ္ႀကိဳးစားဖို႔ မေၾကာက္ရြံ႕ပါဘူး။ သူဟာ ၿပိဳင္ဘက္ေတြကို အၿမဲခက္ခဲေစပါတယ္။ သူဟာ အေ၀းကေန ကန္သြင္းဖို႔လည္း မေၾကာက္ရြံ႕ပါဘူး။ ယူႏိုက္တက္က ဒီလိုကစားသမားကို အရမ္းကို အားထားေနရပါတယ္။ သူသာ အဲ့ဒီမွာ မရွိဘူးဆိုရင္ ယူႏိုက္တက္အသင္းရဲ႕ စြမ္းေဆာင္ရည္ကို ထိခိုက္ေစမွာေသခ်ာပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။