ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး လူကာဂျိုဗစ်ကို မျက်စိကျနေတဲ့ ဝုလ်ဗ်အသင်း

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး လူကာဂျိုဗစ်ကို ပရီးမီးယားလိဂ်က ဆက်သွယ်နေတယ်လို့ သိရပါတယ်။ စကိုင်းစပေါ့သတင်းဌာနက အဆိုအရ ရီးရဲလ်မက်ဒရစ်အသင်းမှာ ခြေစွမ်းမပြနိုင်တဲ့ လူကာဂျိုဗစ်ကို ဝုလ်ဗ်အသင်းက ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ဘာနေဗျူးကို ပြောင်းလာကတည်းက ရုန်းကန်နေရသူဖြစ်ပြီး နည်းပြဇီဒန်းရဲ့ လက်ရှိလူစာရင်းမှာ ပါဝင်ကစားခွင့်ပျောက်ဆုံးနေပါတယ်။

ဝုလ်ဗ်အသင်းရဲ့ အဓိက တိုက်စစ်မှူးဖြစ်တဲ့ ရာအူးလ်ဟီမီနက်ဇ်ဟာ ဦးခေါင်းခွံအက်ကွဲဒဏ်ရာကြောင့် ကာလရှည်အနားယူရမှာဖြစ်လို့ ဝုလ်ဗ်အသင်းက ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းချင်နေတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ တိုက်စစ်ကစားသမားအတွက် ကမ်းလှမ်းမှုတွေကို နားစွင့်ထားပြီး ကနဦး အငှားချဖို့ ရည်ရွယ်နေတာဖြစ်ပါတယ်။ ဆားဘီးယား လက်ရွေးစင် တိုက်စစ်မှူးကို အေစီမီလန်အသင်းကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ရီးရဲလ္မက္ဒရစ္တိုက္စစ္မွဴး လူကာဂ်ိဳဗစ္ကို မ်က္စိက်ေနတဲ့ ဝုလ္ဗ္အသင္း

ရီးရဲလ္မက္ဒရစ္တိုက္စစ္မွဴး လူကာဂ်ိဳဗစ္ကို ပရီးမီးယားလိဂ္က ဆက္သြယ္ေနတယ္လို႔ သိရပါတယ္။ စကိုင္းစေပါ့သတင္းဌာနက အဆိုအရ ရီးရဲလ္မက္ဒရစ္အသင္းမွာ ေျခစြမ္းမျပႏိုင္တဲ့ လူကာဂ်ိဳဗစ္ကို ဝုလ္ဗ္အသင္းက ေခၚယူခ်င္ေနတာ ျဖစ္ပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္ကစားသမားဟာ ဘာေနဗ်ဴးကို ေျပာင္းလာကတည္းက ႐ုန္းကန္ေနရသူျဖစ္ၿပီး နည္းျပဇီဒန္းရဲ႕ လက္ရွိလူစာရင္းမွာ ပါ၀င္ကစားခြင့္ေပ်ာက္ဆံုးေနပါတယ္။

ဝုလ္ဗ္အသင္းရဲ႕ အဓိက တိုက္စစ္မွဴးျဖစ္တဲ့ ရာအူးလ္ဟီမီနက္ဇ္ဟာ ဦးေခါင္းခြံအက္ကြဲဒဏ္ရာေၾကာင့္ ကာလရွည္အနားယူရမွာျဖစ္လို႔ ဝုလ္ဗ္အသင္းက ဇန္နဝါရီအေျပာင္းအေရႊ႕မွာ အသင္းရဲ႕ တိုက္စစ္ပိုင္းကို အင္အားျဖည့္တင္းခ်င္ေနတာျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းဟာ တိုက္စစ္ကစားသမားအတြက္ ကမ္းလွမ္းမႈေတြကို နားစြင့္ထားၿပီး ကနဦး အငွားခ်ဖို႔ ရည္ရြယ္ေနတာျဖစ္ပါတယ္။ ဆားဘီးယား လက္ေရြးစင္ တိုက္စစ္မွဴးကို ေအစီမီလန္အသင္းကလည္း စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။