ကျွန်တော်တို့က အမှတ်ပေးဖလားကို စိန်ခေါ်နေတဲ့ အသင်းမဟုတ်ပါဘူးလို့ ဆိုလိုက်တဲ့ အဲဗာတန်နည်းပြ အန်စလော့တီ

အဲဗာတန်နည်းပြ အန်စလော့တီက သူတို့ဟာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နေတဲ့အသင်းတွေထဲက တစ်သင်းမဟုတ်ဘူးလို့ ဝန်ခံသွားခဲ့ပါတယ်။ အဲဗာတန်အသင်းဟာ လက်ရှိအမှတ်ပေးဇယားမှာ မြို့ခံပြိုင်ဘက် လီဗာပူးလ်အသင်းနောက် ဒုတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ သူတို့ဟာ တနလာၤနေ့မှာ အဆင့် (၄) အတွင်းဝင်ရောက်နိုင်ရေးအတွက် ခက်ခဲတဲ့ စမ်းသပ်ချက်အဖြစ် မန်စီးတီးအသင်းနဲ့ ကစားရမှာပါ။

အန်စလော့တီက “မဟုတ်ပါဘူး၊ လက်တွေ့ဆန်ဆန်စဉ်းစားမယ်ဆိုရင် ကျွန်တော်တို့ဟာ အမှတ်ပေးဖလားကို စိန်ခေါ်နေတဲ့အသင်းမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က မပြောင်းလဲပါဘူး။ ပရီးမီးယားလိဂ်ဟာ ပြိုင်ဆိုင်မှု အများကြီးရှိတဲ့ ပြိုင်ပွဲပါ။ အရမ်းကောင်းတဲ့အသင်းတွေ အများကြီးရှိပါတယ်။ ဒုတိယနေရာမှာ လက်ရှိရပ်တည်နေတဲ့အတွက် ပျော်ရွှင်မိပေမယ့် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ဥရောပဝင်ခွင့်တစ်နေရာရဖို့ပါပဲ။

နောက်ရာသီမှာ ကျွန်တော်တို့ ဥရောပ ပြိုင်ပွဲမှာကစားချင်ပါတယ်။ ဒါက မပြောင်းလဲပါဘူး။ နောက်နှစ်မှာတော တိုးတက်လာမှာပါ။ အသင်းက စိတ်ဓာတ်ခွန်အားကောင်းပါတယ်။ ကစားသမားတွေလည်း စိတ်အားထက်သန်နေကြပါတယ်။ ကစားသမားကောင်းတွေလည်း ခေါ်ထားပါတယ်။ တိုးတက်မှုက တစ်ကယ်ကို ကောင်းပါတယ်။

တနလာၤနေ့မှာ မန်စီးတီးအသင်းကို အနိုင်ရရင်လည်း ဒါက အတူတူပါပဲ။ ကျွန်တော်တို့ ရိုးသားရပါမယ်။ အဲ့ဒီအသင်းတွေနဲ့ ကျွန်တော်တို့ဟာ အဆင့်မတူပါဘူး။ အမြန်ဆုံးတော့ အဲ့လို့ အဆင့်ရောက်ချင်ပါတယ်။ အခုအလုပ်ကြိုးစားနေပါတယ်။ ဒီနေ့ ကျွန်တော့်ကို မေးလို့ အရိုးသားဆုံးဖြေထားပါတယ်” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

ကၽြန္ေတာ္တို႔က အမွတ္ေပးဖလားကို စိန္ေခၚေနတဲ့ အသင္းမဟုတ္ပါဘူးလို႔ ဆိုလိုက္တဲ့ အဲဗာတန္နည္းျပ အန္စေလာ့တီ

အဲဗာတန္နည္းျပ အန္စေလာ့တီက သူတို႔ဟာ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚေနတဲ့အသင္းေတြထဲက တစ္သငး္မဟုတ္ဘူးလို႔ ၀န္ခံသြားခဲ့ပါတယ္။ အဲဗာတန္အသင္းဟာ လက္ရွိအမွတ္ေပးဇယားမွာ ၿမိဳ႕ခံၿပိဳင္ဘက္ လီဗာပူးလ္အသင္းေနာက္ ဒုတိယေနရာမွာ ရပ္တည္ေနတာ ျဖစ္ပါတယ္။ သူတို႔ဟာ တနလာၤေန႔မွာ အဆင့္ (၄) အတြင္း၀င္ေရာက္ႏိုင္ေရးအတြက္ ခက္ခဲတဲ့ စမ္းသပ္ခ်က္အျဖစ္ မန္စီးတီးအသင္းနဲ႔ ကစားရမွာပါ။

အန္စေလာ့တီက “မဟုတ္ပါဘူး၊ လက္ေတြ႕ဆန္ဆန္စဥ္းစားမယ္ဆိုရင္ ကၽြန္ေတာ္တို႔ဟာ အမွတ္ေပးဖလားကို စိန္ေခၚေနတဲ ့အသင္းမဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ရဲ႕ ရည္မွန္းခ်က္က မေျပာင္းလဲပါဘူး။ ပရီးမီးယားလိဂ္ဟာ ၿပိဳင္ဆိ္ုင္မႈ အမ်ားႀကီးရွိတဲ့ ၿပိဳင္ပြဲပါ။ အရမ္းေကာင္းတဲ့အသင္းေတြ အမ်ားႀကီးရွိပါတယ္။ ဒုတိယေနရာမွာ လက္ရွိရပ္တည္ေနတဲ့အတြက္ ေပ်ာ္ရႊင္မိေပမယ့္ ကၽြန္ေတာ္တို႔ရဲ႕ ရည္မွန္းခ်က္က ဥေရာပ၀င္ခြင့္တစ္ေနရာရဖို႔ပါပဲ။

ေနာက္ရာသီမွာ ကၽြန္ေတာ္တို႔ ဥေရာပ ၿပိဳင္ပြဲမွာကစားခ်င္ပါတယ္။ ဒါက မေျပာင္းလဲပါဘူး။ ေနာက္ႏွစ္မွာေတာ တိုးတက္လာမွာပါ။ အသင္းက စိတ္ဓာတ္ခြန္အားေကာင္းပါတယ္။ ကစားသမားေတြလည္း စိတ္အားထက္သန္ေနၾကပါတယ္။ ကစားသမားေကာင္းေတြလည္း ေခၚထားပါတယ္။ တိုးတက္မႈက တစ္ကယ္ကို ေကာင္းပါတယ္။

တနလာၤေန႔မွာ မန္စီးတီးအသင္းကို အႏိုင္ရရင္လည္း ဒါက အတူတူပါပဲ။ ကၽြန္ေတာ္တို႔ ႐ိုးသားရပါမယ္။ အဲ့ဒီအသင္းေတြနဲ႔ ကၽြန္ေတာ္တို႔ဟာ အဆင့္မတူပါဘူး။ အျမန္ဆံုးေတာ့ အဲ့လို႔ အဆင့္ေရာက္ခ်င္ပါတယ္။ အခုအလုပ္ႀကိဳးစားေနပါတယ္။ ဒီေန႔ ကၽြန္ေတာ့္ကို ေမးလို႔ အ႐ိုးသားဆံုးေျဖထားပါတယ္” လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။