ဒုတိယအကြိမ် ရလာတဲ့အခွင့်အရေးကို ပျော်ပျော်ကြီး ဖမ်းဆုပ်ထားနိုင်တဲ့ မန်စီးတီးနောက်ခံလူ ဂျွန်စတုန်း

မန်စီးတီးအသင်းရဲ့ နောက်ခံလူ ဂျွန်စတုန်းဟာ အသင်းမှာ ဒုတိယအကြိမ် အခွင့်အရေးရလာတဲ့အတွက် ပျော်ရွှင်နေတာဖြစ်ပါတယ်။ ဂျွန်စတုန်းဟာ မန်စီးတီးအသင်းရဲ့ နောက်တန်းမှာ လာပေါ်တီကို ကျော်ပြီး ပွဲထွက်ကစားခွင့်ရလာတာဖြစ်ပါတယ်။

ဂျွန်စတုန်းက “ ကျွန်တော်ကြီးကျယ်တယ်လို့ ခံစားရပါတယ်။ ကျွန်တော်အခွင့်အရေးရတဲ့အခါ အသင်းကို ကျွန်တော်သင်ယူထားသလောက် ကွင်းထဲမှာ ကူညီပေးဖို့ ကြိုးစားနေတာပါ။ ကျွန်တော်ကစားတဲ့အခါတိုင်း ကြံ့ခိုင်မှု အပြည့်ရှိပြီး အရာရာကို ရင်ဆိုင်နိုင်တယ်လို့ ခံစားနေရပါတယ်။

ဒီလိုအခွင့်အရေးရလာတာက ကျွန်တော်ဟာ ဘယ်လောက်အလုပ်ကြိုးစားခဲ့သလဲဆိုတာ သိနိုင်ပါတယ်။ မျှော်လင့်ထားတာတွေက အများကြီးရှိပေမယ့် ဘယ်အရာကမှ အာမခံလို့မရပါဘူး။ အချိန်တိုင်း အလှည့်အပြောင်းဖြစ်သါားနိုင်လို့ ရလာတဲ့ အခွင့်အရေးကို လက်နှစ်ဖက်စလုံးနဲ့ အမိအရ ကိုင်ထားနိုင်ရပါမယ်။ ကျွန်တော်ကတော့ ဘောလုံးကစားနေရတဲ့ တစ်ကယ်ကို ပျော်ရွှင်မိပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော်သင်ယူထားတာတွေကို ပြန်စဉ်းစားပါတယ်။ ကျွန်တော်ဟာ လူတစ်ယောက်အနေနဲ့လည်း ဘောလုံးအသိပညာအများကြီး သင်ယူထားပြီးပါပြီ” လို့ ပြောသွားခဲ့ပါတယ်။



