ဒီဘားလား ကို ပီအက်စ်ဂျီ နဲ့ အပြိုင်ခေါ်ယူမယ့် ယူနိုက်တက်အသင်း

ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီနည်းပြ သစ်ပိုချက်တီနိုနဲ့အပြိုင် ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်ကစားသမား ဒီဘားလားကို ခေါ်ယူသွားမယ်လို့ သိရပါတယ်။ သတင်းများအရ ယူနိုက်တက်အသင်းဟာ ဒီဘားလားကို ခေါ်ယူရန် ပြန်လည်မျက်စိကျလာတာ ဖြစ်ပါတယ်။ သို့သော်လည်း သူတို့ဟာ ပီအက်စ်ဂျီနည်းပြ နေရာမှာ သေမတ်စ်တူချယ်အစားဝင်ရောက်လာတဲ့ ပိုချက်တီနိုနဲ့ ပြိုင်ဆိုင်ရဖွယ်ရှိနေပါတယ်။ ပိုချက်တီနိုဟာ တစ်နိုင်ငံတည်းသား ကစားသမား ဒီဘားလားကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။

စပါးအသင်းမှာ နည်းပြအဖြစ် တာဝန်ထမ်းဆောင်တုန်းကလည်း ပိုချက်တီနိုဟာ ဒီဘားလားကို ခေါ်ယူရန် ကြိုးစားခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ယူနိုက်တက်အသင်းကလည်း ဒီဘားလားကို ၂၀၁၉ နွေရာသီတုန်းက ခေါ်ယူနိုင်ရန် နီးစပ်ခဲ့ပေမယ့် လစာနဲ့ အေးဂျင့်ကြေးတွေကြောင့် အပြောင်းအရွှေ့ မဖြစ်ခဲ့ပါဘူး။

ဒီဘားလား ကို ပီအက္စ္ဂ်ီ နဲ႔ အၿပိဳင္ေခၚယူမယ့္ ယူႏိုက္တက္အသင္း

ယူႏိုက္တက္အသင္းဟာ ပီအက္စ္ဂ်ီနည္းျပ သစ္ပိုခ်က္တီႏိုနဲ႔အၿပိဳင္ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ တိုက္စစ္ကစားသမား ဒီဘားလားကို ေခၚယူသြားမယ္လို႔ သိရပါတယ္။ သတင္းမ်ားအရ ယူႏိုက္တက္အသင္းဟာ ဒီဘားလားကို ေခၚယူရန္ ျပန္လည္မ်က္စိက်လာတာ ျဖစ္ပါတယ္။ သို႔ေသာ္လည္း သူတို႔ဟာ ပီအက္စ္ဂ်ီနည္းျပ ေနရာမွာ ေသမတ္စ္တူခ်ယ္အစား၀င္ေရာက္လာတဲ့ ပိုခ်က္တီႏိုနဲ႔ ၿပိဳင္ဆိုင္ရဖြယ္ရွိေနပါတယ္။ ပိုခ်က္တီႏိုဟာ တစ္ႏိုင္ငံတည္းသား ကစားသမား ဒီဘားလားကို ေခၚယူခ်င္ေနတာျဖစ္ပါတယ္။

စပါးအသင္းမွာ နည္းျပအျဖစ္ တာ၀န္ထမ္းေဆာင္တုန္းကလည္း ပိုခ်က္တီႏိုဟာ ဒီဘားလားကို ေခၚယူရန္ ႀကိဳးစားခဲ့ဖူးေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ ယူႏိုက္တက္အသင္းကလည္း ဒီဘားလားကို ၂၀၁၉ ေႏြရာသီတုနး္က ေခၚယူႏိုင္ရန္ နီးစပ္ခဲ့ေပမယ့္ လစာနဲ႔ ေအးဂ်င့္ေၾကးေတြေၾကာင့္ အေျပာင္းအေရႊ႕ မျဖစ္ခဲ့ပါဘူး။