ဝုလ်ဗ်အသင်းနဲ့ သရေကျခဲ့တဲ့ပွဲမှာ ပွဲပြီးခါနီး ဂိုးပေးလိုက်ရလို့ စိတ်ပျက်နေတဲ့ စပါးနည်းပြ မော်ရင်ဟို
စပါးနည်းပြ မော်ရင်ဟိုက ဝုလ်ဗ်အသင်းနဲ့ (၁-၁) သရေကျခဲ့တဲ့ပွဲကို စိတ်ပျက်နေတယ်လို့ ဝန်ခံသွားခဲ့ပါတယ်။ အန်ဒွန်ဘီလီက ပွဲချိန် (၅၇) စက္ကန့်မှာပဲ ကိုက် ၂၀ အကွာကနေ စပါးအသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့ပေမယ့် ဝုလ်ဗ်အသင်းအတွက် သရေတစ်မှတ်ရမယ့် ဂိုးကို ရိုမန်ဆေးစ်က ထောင့်ကန်ဘောကနေ နောက်ကျမိနစ်မှာ သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။
မော်ရင်ဟိုက “ ဝုလ်ဗ်အသင်းနဲ့ ကစားတဲ့အခါ တစ်မှတ်က ပုံမှန်အားဖြင့် ရလဒ်ကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က အသင်းကောင်းတစ်သင်းပါ။ ဒါပေမယ့် ပထမမိနစ်မှာ ဂိုးသွင်းပြီး နောက်ထပ် ဂိုးသွင်းနိုင်ဖို့ ၈၉ မိနစ်တောင် ကျန်သေးပါတယ်။ ဒါက စိတ်ရှုပ်စရာ ခံစားမှုမျိုးပါ။ ကျွန်တော်ပြင်ဆင်ခဲ့တဲ့ အသင်းပုံစံကို ကျွန်တော်နားလည်ပါတယ်။ ကျွန်တော်တို့ဟာ ဂိုးထပ်ရလိုစိတ် မျိုး မရှိခဲ့ပါဘူး” လို့ ပြောသွားခဲ့ပါတယ်။
ဘယ်နေရာက တိုးတက်ဖို့ လိုနေတာလဲလို့ မေးမြန်းခဲ့ရာ မော်ရင်ဟိုက “အဲ့ဒီအကြောင်းကို ကျွန်တော်ပြောမှာ မဟုတ်ပါဘူး။ ကျွန်တော့်အသင်းက ကစားသမားတွေက အားလုံးထက် ပိုကောင်းတယ်ဆိုတာ ကျွန်တော်သိပါတယ်။ အန်ဒွန်ဘီလီက ကြံ့ခိုင်မှုပြည့်တဲ့အခါ အရမ်းကောင်းတဲ့ကစားသမားပါ။
ကျွန်တော်က ရီဂူလွန်အစား ဘာ့ဂျ်ဝင် ကို ထည့်ခဲ့ပြီး ပွဲပန်းနေတဲ့ ဆွန်နေရာမှာ လန်းဆန်းတက်ကြွနေတဲ့ လာမယ်လာကို ထည့်သွားခဲ့ပါတယ်။ ခံစစ်ကို အရမ်းကစားတာက မရည်ရွယ်ခဲ့ပါဘူး။ သူတို့ကို ပထမပိုင်းအပြီးမှာ ကျွန်တော်ဘာပြောခဲ့သလဲဆိုတာ သူတို့သိပါတယ်။ သူတို့ပိုကောင်းအောင် မလုပ်နိုင်ခဲ့ရင် သူတို့ မလုပ်နိုင်လို့ပါပဲ” လို့ ထပ်ပြီးပြောခဲ့တာ ဖြစ်ပါတယ်။