အာဆင်နယ်ရှုံးပွဲက ကျွန်တော်တို့ဟာ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်တဲ့ အသင်းမဟုတ်ဘူးဆိုတာကို ပြသလိုက်တာပါပဲ လို့ ဆိုလိုက်တဲ့ ချဲလ်ဆီးနည်းပြ လမ်းပတ်

ချဲလ်ဆီးနည်းပြ လမ်းပတ်က အာဆင်နယ်အသင်းကို ရှုံးခဲ့တာက ကျွန်တော်တို့ဟာ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်တဲ့အသင်းမဟုတ်ဘူးဆိုတာကို ပြသလိုက်တာပဲလို့ ပြောသွားခဲ့ပါတယ်။ လမ်းပတ်ရဲ့ အသင်းဟာ အာဆင်နယ်အသင်းနဲ့ ကစားခဲ့တဲ့ဒီတစ်ပတ်ပွဲမှာ (၃-၁) နဲ့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

လမ်းပတ်က “ လူတွေက ကျွန်တော်တို့ဟာ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်တယ်လို့ ပြောနေပါတယ်။ ဒါကို ကျွန်တော်လုံး၀ လက်မခံခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ အဲ့လိုအသင်းမဟုတ်ပါဘူး။ ဒါက အချိန်ယူပြီး တည်ဆောက်ရမှာပါ။ အာဆင်နယ်လိုအသင်းကို ရှုံးခဲ့ရတာကြောင့် ကျွန်တော်တို့ သင်ခန်းစာအကြီးကြီး ရခဲ့ပါတယ်။ ကျွန်တော်ကစားသမားရဲ့ အကြောင်းကို သိခဲ့ပြီး ကစားသမားတွေလည်း သူတို့ကိုယ် သူတို့ သိခဲ့ပါတယ်။

အချို့က လူငယ်ကစားသမားတွေဖြစ်ပြီး အချို့ကလည်း ပရီးမီးယားလိဂ်မှာ အခုမှာ ကစားသူတွေပါ။ ဒီလိုခက်ခဲကြမ်းတမ်းတဲ့ အရာတွေကို ကျွန်တော်တို့ ဖြတ်ကျော်သွားမှာပါ။ ဒီရာသီက အပတ်တိုင်းအနိုင်ရသလို့ ဘယ်တော့မှ ချောချော်မွေ့မွေ့ ပြီးသွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ မရှုံးတဲ့အခါ ယုံကြည်မှုတွေ ရရှိပြီး အနေအထားတစ်ခုကို ရောက်ခဲ့ပါတယ်။

ရှုံးပွဲတွေ များလာတဲ့အခါ အခက်အခဲတွေ ပေါ်လာပါတယ်။ လုပ်ရမယ့် အရာကတော့ အလုပ်ကြိုးစားပြီး ရင်ဆိုင်တိုက်ခိုက်ရမှာပါပဲ။ ဒါကြောင့် ကျွန်တော်ကစားသမားတွေ ခေါ်ခဲ့တာပါ။ အခုကတော့ ကျွန်တော်တို့အတွက် ခက်ခဲတဲ့အချိန်တွေပါပဲ” လို့ ပြောသွားခဲ့ပါတယ်။

အာဆင္နယ္ရႈံးပြဲက ကၽြန္ေတာ္တို႔ဟာ အမွတ္ေပးဖလားကို စိန္ေခၚႏိုင္တဲ့ အသင္းမဟုတ္ဘူးဆိုတာကို ျပသလိုက္တာပါပဲ လို႔ ဆိုလိုက္တဲ့ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္

ခ်ဲလ္ဆီးနည္းျပ လမ္းပတ္က အာဆင္နယ္အသင္းကို ရႈံးခဲ့တာက ကၽြန္ေတာ္တို႔ဟာ အမွတ္ေပးဖလားကို စိန္ေခၚႏိုင္တဲ့အသင္းမဟုတ္ဘူးဆိုတာကို ျပသလိုက္တာပဲလို႔ ေျပာသြားခဲ့ပါတယ္။ လမ္းပတ္ရဲ႕ အသင္းဟာ အာဆင္နယ္အသင္းနဲ႔ ကစားခဲ့တဲ့ဒီတစ္ပတ္ပြဲမွာ (၃-၁) နဲ႔ ရႈံးနိမ့္ခဲ့ရတာ ျဖစ္ပါတယ္။

လမ္းပတ္က “ လူေတြက ကၽြန္ေတာ္တို႔ဟာ အမွတ္ေပးဖလားကို စိန္ေခၚႏိုင္တယ္လို႔ ေျပာေနပါတယ္။ ဒါကို ကၽြန္ေတာ္လံုး၀ လက္မခံခဲ့ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ္တို႔ဟာ အဲ့လိုအသင္းမဟုတ္ပါဘူး။ ဒါက အခ်ိန္ယူၿပီး တည္ေဆာက္ရမွာပါ။ အာဆင္နယ္လိုအသင္းကို ရႈံးခဲ့ရတာေၾကာင့္ ကၽြန္ေတာ္တို႔ သင္ခန္းစာအႀကီးႀကီး ရခဲ့ပါတယ္။ ကၽြန္ေတာ္ကစားသမားရ႕ဲ အေၾကာင္းကို သိခဲ့ၿပီး ကစားသမားေတြလည္း သူတို႔ကိုယ္ သူတို႔ သိခဲ့ပါတယ္။

အခ်ိဳ႕က လူငယ္ကစားသမားေတြျဖစ္ၿပီး အခ်ိဳ႕ကလည္း ပရီးမီးယားလိဂ္မွာ အခုမွာ ကစားသူေတြပါ။ ဒီလိုခက္ခဲၾကမ္းတမ္းတဲ့ အရာေတြကို ကၽြန္ေတာ္တို႔ ျဖတ္ေက်ာ္သြားမွာပါ။ ဒီရာသီက အပတ္တိုင္းအႏိုင္ရသလို႔ ဘယ္ေတာ့မွ ေခ်ာေခ်ာ္ေမြ႕ေမြ႕ ၿပီးသြားမွာ မဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ဟာ မရႈံးတဲ့အခါ ယံုၾကည္မႈေတြ ရရွိၿပီး အေနအထားတစ္ခုကို ေရာက္ခဲ့ပါတယ္။

ရႈံးပြဲေတြ မ်ားလာတဲ့အခါ အခက္အခဲေတြ ေပၚလာပါတယ္။ လုပ္ရမယ့္ အရာကေတာ့ အလုပ္ႀကိဳးစားၿပီး ရင္ဆိုင္တိုက္ခိုက္ရမွာပါပဲ။ ဒါေၾကာင့္ ကၽြန္ေတာ္ကစားသမားေတြ ေခၚခဲ့တာပါ။ အခုကေတာ့ ကၽြန္ေတာ္တို႔အတြက္ ခက္ခဲတဲ့အခ်ိန္ေတြပါပဲ” လို႔ ေျပာသြားခဲ့ပါတယ္။