ဆမ်အလာဒွိုက်က ၆-၄-၀ ကစားကွက်နဲ့ ကစားခဲ့တယ်လို့ သရေကျခဲ့တဲ့ပွဲအပြီး ပြောခဲ့တဲ့ လီဗာပူးနည်းပြ ကလော့ပ်


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ လီဗာပူးဟာ အိမ်ကွင်းမှာကစားရတာဖြစ်ပေမယ့် တန်းဆင်းဇုန်ထဲက ဝက်ဘ ရွန်းစ်အသင်းကို အနိုင်မရခဲ့ဘဲ တစ်ဂိုးစီသရေကျခဲ့ပါတယ်။ ပွဲအပြီးမှာတော့ လီဗာပူးအသင်းနည်းပြ ကလော့ပ်က ဝက် ဘရွန်းစ်အသင်းအနေနဲ့ ခံစစ်ကို အသုံးပြုခဲ့ပြီး ဆမ်အလာဒွိုက်စ်အနေနဲ့လည်း သရေတစ်မှတ်ရဖို့အတွက် ၆-၄-၀ ကစား ကွက်ကို အသုံးပြုခဲ့တယ် ဆိုပြီး ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။


ပွဲအပြီးမှာတော့ Sky Sports ကနေတဆင့် ကလော့ပ်က “ ဝက်ဘရွန်းစ်အသင်းအနေနဲ့ ပထမပိုင်းအပြီးမှာ ဘယ်လိုကစား ကွက်နဲ့ ကစားခဲ့လဲတောင် မေးရမလိုဖြစ်နေပါပြီ။ သူတို့ရဲ့ ပွဲအစ ၄-၅-၁ ကစားကွက်ကနေ ၆-၄-၀ ကစားကွက်ပြောင်းပြီး ဂိုးမပေးရဖို့အတွက် အသည်းအသန်ကို ကာကွယ်နေခဲ့ပါတယ်။” လို့ပြောခဲ့ပါတယ်။ လီဗာပူးဟာ ပွဲချိန် ၁၂ မိနစ်မှာ မာနေး ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တယ်ဆိုပေမယ့် ဂိုးထပ်မသွင်းနိုင်ခဲ့တာဘဲ ပွဲချိန် ၈၂ မိနစ်မှာတော့ အဂျာရီရဲ့ ချေပဂိုးသွင်းယူ ခြင်းကို ခံခဲ့ရတာကြောင့် တစ်ဂိုးစီသရေကျခဲ့တာပဲ ဖြစ်ပါတယ်။


လီဗာပူးနည်းပြ ကလော့ပ်က ဝါရင့်နည်းပြကြီး ဆမ်အလာဒွိုက်ရဲ့နည်းဗျူဟာတွေနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့တာကြောင့် ဆမ် အလာဒွိုက်စ်ကလည်း ကလော့ပ်အနေနဲ့ ဈေးအကြီးဆုံးကစားသမားတွေကို ကိုင်တွယ်နေလို့သာ နည်းပြကောင်းတစ် ယောက်ဖြစ်နေတာပါ။ သူလိုမျိုး ကစားသမားကောင်းတွေရှိနေရင် နိုင်ပွဲရဖို့ ကျွန်တော်အနေနဲ့ အလွယ်လေးလုပ်နိုင်မှာပါ။ သူသာ ကျွန်တော်နေရာမှာ ဆိုရင် သရေတစ်မှတ်ရအောင်တောင် စွမ်းဆောင်နိုင်မှာမဟုတ်ပါဘူးဆိုပြီး ပြန်လည်တုံပြန် သွားခဲ့ပါတယ်။

zawgyi version

ဆမ္အလာဒြိဳက္က ၆-၄-၀ ကစားကြက္နဲ႔ ကစားခဲ့တယ္လို႔ သေရက်ခဲ့တဲ့ပြဲအၿပီး ေျပာခဲ့တဲ့ လီဗာပူးနည္းျပ ကေလာ့ပ္
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ လီဗာပူးဟာ အိမ္ကြင္းမွာကစားရတာျဖစ္ေပမယ့္ တန္းဆင္းဇုန္ထဲက ဝက္ဘ ရြန္းစ္အသင္းကို အႏိုင္မရခဲ့ဘဲ တစ္ဂိုးစီသေရက်ခဲ့ပါတယ္။ ပြဲအၿပီးမွာေတာ့ လီဗာပူးအသင္းနည္းျပ ကေလာ့ပ္က ဝက္ ဘရြန္းစ္အသင္းအေနနဲ႔ ခံစစ္ကို အသံုးျပဳခဲ့ၿပီး ဆမ္အလာဒြိဳက္စ္အေနနဲ႔လည္း သေရတစ္မွတ္ရဖို႔အတြက္ ၆-၄-၀ ကစား ကြက္ကို အသံုးျပဳခဲ့တယ္ ဆိုၿပီး ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။
ပြဲအၿပီးမွာေတာ့ Sky Sports ကေနတဆင့္ ကေလာ့ပ္က “ ၀က္ဘရြန္းစ္အသင္းအေနနဲ႔ ပထမပိုင္းအၿပီးမွာ ဘယ္လိုကစား ကြက္နဲ႔ ကစားခဲ့လဲေတာင္ ေမးရမလိုျဖစ္ေနပါၿပီ။ သူတို႔ရဲ႕ ပြဲအစ ၄-၅-၁ ကစားကြက္ကေန ၆-၄-၀ ကစားကြက္ေျပာင္းၿပီး ဂိုးမေပးရဖို႔အတြက္ အသည္းအသန္ကို ကာကြယ္ေနခဲ့ပါတယ္။” လို႔ေျပာခဲ့ပါတယ္။ လီဗာပူးဟာ ပြဲခ်ိန္ ၁၂ မိနစ္မွာ မာေနး ရဲ႕ သြင္းဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့တယ္ဆိုေပမယ့္ ဂိုးထပ္မသြင္းႏိုင္ခဲ့တာဘဲ ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ အဂ်ာရီရဲ႕ ေခ်ပဂိုးသြင္းယူ ျခင္းကို ခံခဲ့ရတာေၾကာင့္ တစ္ဂိုးစီသေရက်ခဲ့တာပဲ ျဖစ္ပါတယ္။
လီဗာပူးနည္းျပ ကေလာ့ပ္က ဝါရင့္နည္းျပႀကီး ဆမ္အလာဒြိဳက္ရဲ႕နည္းဗ်ဴဟာေတြနဲ႔ ပတ္သက္ၿပီး ေဝဖန္ခဲ့တာေၾကာင့္ ဆမ္ အလာဒြိဳက္စ္ကလည္း ကေလာ့ပ္အေနနဲ႔ ေစ်းအႀကီးဆံုးကစားသမားေတြကို ကိုင္တြယ္ေနလို႔သာ နည္းျပေကာင္းတစ္ ေယာက္ျဖစ္ေနတာပါ။ သူလိုမ်ိဳး ကစားသမားေကာင္းေတြရွိေနရင္ ႏိုင္ပြဲရဖို႔ ကြ်န္ေတာ္အေနနဲ႔ အလြယ္ေလးလုပ္ႏိုင္မွာပါ။ သူသာ ကြ်န္ေတာ္ေနရာမွာ ဆိုရင္ သေရတစ္မွတ္ရေအာင္ေတာင္ စြမ္းေဆာင္ႏိုင္မွာမဟုတ္ပါဘူးဆိုၿပီး ျပန္လည္တံုျပန္ သြားခဲ့ပါတယ္။