အာဆင်နယ်အသင်းတာဝန်ရှိသူတွေအနေနဲ့ အာတီတာကို အချိန်ပေးသင့်တယ်လို့ ပြောခဲ့တဲ့ အူနိုင်းအမ်မရီရဲ့ လက်ထောက်


အာဆင်နယ်အသင်းနည်းပြဟောင်း အူနိုင်းအမ်မရီရဲ့လက်ထောက်ဖြစ်တဲ့ ဂျူအန်ကားလို့စ် ကာစီဒိုက အာဆင်နယ်အ သင်းတာဝန်ရှိသူတွေအနေနဲ့ လက်ရှိနည်းပြ အာတီတာကို အောင်မြင်တဲ့အသင်းတစ်သင်းဖြစ်အောင် အချိန်တစ်ခုပေးပြီး စောင့်ကြည့်သင့်ကြောင်း ပြောခဲ့ပါတယ်။ ရလဒ်ပိုင်းဆိုးရွားမှုတွေကြောင့် ထုတ်ပယ်ခံရဖို့ သတင်းတွေထွက်နေတဲ့ အာတီ တာဟာ ချဲလ်ဆီးအသင်းနဲ့ ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာတော့ သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ဖိအားတွေလျော့ နည်းခဲ့တယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။


အာဆင်နယ်ဟာ လာမယ့်ပွဲစဉ်တွေမှာတော့ ဘရိုက်တန်၊ ဝက်ဘရွန်းစ်အသင်းတို့ကို အဝေးကွင်းတွေ ကစားရမှာဖြစ်ပေ မယ့် အနိုင်ရဖို့ မျှော်လင့်နေပြီး ချဲလ်ဆီးကို အနိုင်ရခဲ့တဲ့ပွဲက အသင်းအတွက် အလှည့်အပြောင်းတစ်ခုဖြစ်စေမယ်လို့လည်း နည်းပြ အာတီတာက ပြောခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဂန္တဝင်နည်းပြကြီး အာစင်ဝင်းဂါးအလွန်မှာ အူနိုင်းအမ်မရီ ကို နည်းပြအဖြစ် ခန့်အပ်ပေမယ့် ရလဒ်ပိုင်းဆိုးရွားမှုတွေကြောင့် ရာထူးက ထုတ်ပယ်ခဲ့ပြီး မန်စီးတီးမှာ ဂွါဒီယိုလာရဲ့ လက် ထောက်အဖြစ် လုပ်ကိုင်နေတဲ့ အာတီတာကို နည်းပြအဖြစ်ခန့်အပ်ခဲ့တာပဲ ဖြစ်ပါတယ်။


စပိန်သတင်းစာတစ်စောင်ဖြစ်တဲ့ The Athletic ကနေ ကာစီဒိုက “ ဒါက တကယ်ကို မလွယ်တဲ့ကိစ္စရပ်တစ်ခုပါ။ အသင်း ကို နှစ်ပေါင်းများစွာ ကိုင်တွယ်လာတဲ့ အာစင်ဝင်းဂါးလိုမျိုး ချက်ချင်းကြီး အောင်မြင်မှုရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။နည်းပြ တစ် ယောက်အနေနဲ့ သူကိုင်တွယ်တဲ့အသင်းကို အရင်ဆုံးအောင်မြင်တဲ့အသင်းဖြစ်အောင် တည်ဆောက်ရပါမယ်။ ဒီအတွက် အချိန်တစ်ခုလိုပါတယ်။ နည်းပြသက်တမ်း ခဏလေးအတွင်းမှာ ရလဒ်မကောင်းတာကြောင့် ထုတ်ပယ်မယ်ဆိုရင် အောင် မြင်တဲ့အသင်းတစ်သင်းဖြစ်ဖို့ဆိုတာ အတော်ခက်နေမှာပါ” လို့ ပြောခဲ့ပါတယ်။

zawgyi version

အာဆင္နယ္အသင္းတာဝန္ရွိသူေတြအေနနဲ႔ အာတီတာကို အခ်ိန္ေပးသင့္တယ္လို႔ ေျပာခဲ့တဲ့ အူႏိုင္းအမ္မရီရဲ႕ လက္ေထာက္
အာဆင္နယ္အသင္းနည္းျပေဟာင္း အူႏိုင္းအမ္မရီရဲ႕လက္ေထာက္ျဖစ္တဲ့ ဂ်ဴအန္ကားလို႔စ္ ကာစီဒိုက အာဆင္နယ္အ သင္းတာဝန္ရွိသူေတြအေနနဲ႔ လက္ရွိနည္းျပ အာတီတာကို ေအာင္ျမင္တဲ့အသင္းတစ္သင္းျဖစ္ေအာင္ အခ်ိန္တစ္ခုေပးၿပီး ေစာင့္ၾကည့္သင့္ေၾကာင္း ေျပာခဲ့ပါတယ္။ ရလဒ္ပိုင္းဆိုးရြားမႈေတြေၾကာင့္ ထုတ္ပယ္ခံရဖို႔ သတင္းေတြထြက္ေနတဲ့ အာတီ တာဟာ ခ်ဲလ္ဆီးအသင္းနဲ႔ ကစားခဲ့တဲ့ လန္ဒန္ဒါဘီပြဲစဥ္မွာေတာ့ သံုးဂိုးတစ္ဂိုးနဲ႔ အႏိုင္ရခဲ့တာေၾကာင့္ ဖိအားေတြေလ်ာ့ နည္းခဲ့တယ္လို႔ပဲ ဆိုရမွာ ျဖစ္ပါတယ္။
အာဆင္နယ္ဟာ လာမယ့္ပြဲစဥ္ေတြမွာေတာ့ ဘ႐ိုက္တန္၊ ဝက္ဘရြန္းစ္အသင္းတို႔ကို အေ၀းကြင္းေတြ ကစားရမွာျဖစ္ေပ မယ့္ အႏိုင္ရဖို႔ ေမွ်ာ္လင့္ေနၿပီး ခ်ဲလ္ဆီးကို အႏိုင္ရခဲ့တဲ့ပြဲက အသင္းအတြက္ အလွည့္အေျပာင္းတစ္ခုျဖစ္ေစမယ္လို႔လည္း နည္းျပ အာတီတာက ေျပာခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ ဂႏၲဝင္နည္းျပႀကီး အာစင္ဝင္းဂါးအလြန္မွာ အူႏိုင္းအမ္မရီ ကို နည္းျပအျဖစ္ ခန္႔အပ္ေပမယ့္ ရလဒ္ပိုင္းဆိုးရြားမႈေတြေၾကာင့္ ရာထူးက ထုတ္ပယ္ခဲ့ၿပီး မန္စီးတီးမွာ ဂြါဒီယိုလာရဲ႕ လက္ ေထာက္အျဖစ္ လုပ္ကိုင္ေနတဲ့ အာတီတာကို နည္းျပအျဖစ္ခန္႔အပ္ခဲ့တာပဲ ျဖစ္ပါတယ္။
စပိန္သတင္းစာတစ္ေစာင္ျဖစ္တဲ့ The Athletic ကေန ကာစီဒိုက “ ဒါက တကယ္ကို မလြယ္တဲ့ကိစၥရပ္တစ္ခုပါ။ အသင္း ကို ႏွစ္ေပါင္းမ်ားစြာ ကိုင္တြယ္လာတဲ့ အာစင္ဝင္းဂါးလိုမ်ိဳး ခ်က္ခ်င္းႀကီး ေအာင္ျမင္မႈရဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။နည္းျပ တစ္ ေယာက္အေနနဲ႔ သူကိုင္တြယ္တဲ့အသင္းကို အရင္ဆံုးေအာင္ျမင္တဲ့အသင္းျဖစ္ေအာင္ တည္ေဆာက္ရပါမယ္။ ဒီအတြက္ အခ်ိန္တစ္ခုလိုပါတယ္။ နည္းျပသက္တမ္း ခဏေလးအတြင္းမွာ ရလဒ္မေကာင္းတာေၾကာင့္ ထုတ္ပယ္မယ္ဆိုရင္ ေအာင္ ျမင္တဲ့အသင္းတစ္သင္းျဖစ္ဖို႔ဆိုတာ အေတာ္ခက္ေနမွာပါ” လို႔ ေျပာခဲ့ပါတယ္။