ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ဘူးဆိုရင် လမ်းပတ်အနေနဲ့ ထုတ်ပယ်ခံရမှာ ဖြစ်တယ်လို့ပြောခဲ့တဲ့ ကစားသမားဟောင်း ဘာလေ ပြောဆို


ပြီးခဲ့တဲ့ လန်ဒန်ဒါဘီအဖြစ် ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ပွဲစဉ်မှာ ရှုံးခဲ့ပြီးနောက် အမှတ်ပေးဇယားအဆင့်-၈ နေရာကို ရောက် သွားတဲ့ ချဲလ်ဆီးအသင်းရဲ့ နည်းပြ လမ်းပတ်အနေနဲ့ ရာသီအကုန်မှာ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် မစွမ်းဆောင် နိုင်ဘူးဆိုရင် အသင်းပိုင်ရှင်ဖြစ်တဲ့ အေဘရာမိုဗစ်က သူကို ထုတ်ပယ်နိုင်တယ်လို့ ကစားသမားဟောင်း ခရိတ်ဘာလေက ပြောခဲ့ပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့သလို နွေရာသီအပြောင်းအရွှေ့တုန်းကလည်း ပေါင် သန်း ၂၃၀ ကျော်သုံးပြီး ကစားသမားကောင်းတွေကို ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။


အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ လမ်းပတ်ဟာ ချဲလ်ဆီးကို ပထမရာသီကိုင်တွယ်ခဲ့တုန်းက ချန်ပီယံလိဂ်ကစားခွင့်ရခဲ့သလို အက်အေဖလား ဗိုလ်လုပွဲရောက်အောင်လည်း စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါအပြင် အသင်းရဲ့အကယ်ဒမီက ထွက်ပေါ်လာ တဲ့ မာဆင့်မောင့်၊ အေဘရာဟမ်၊ ရီဆီဂျိမ်းစ်နဲ့ တိုမိုရီ တို့ကိုလည်း အသင်းရဲ့ အဓိက,ကစားသမားတွေဖြစ်အောင် စွမ်း ဆောင်ပေးနိုင်ခဲ့တာကြောင့် အေဘရာမိုဗစ်ရဲ့ နှစ်သက်ခြင်းကို ခံခဲ့ရသူလည်းဖြစ်ပါတယ်။


နွေရာသီမှာ ငွေကြေးများစွာ သုံးစွဲပြီး ကစားသမားကောင်းတွေကို ခေါ်ယူထားတဲ့ ချဲလ်ဆီးအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံ ဆု ရဖို့ ရည်မှန်းထားသလို အနည်းဆုံးအနေနဲ့ အမှတ်ပေးဇယား ဒုတိယနေရာရဖို့ လုပ်ဆောင်ရမယ်လို့ သတင်းတွေရဲ့က လည်း ဖော်ပြခဲ့ကြပါတယ်။ ဒီရာသီပွဲစဉ် ၁၅ ပွဲကစားပြီးချိန်မှာ ချဲလ်ဆီးအနေနဲ့ ရှုံးပွဲ ၄ ပွဲအထိ တွေ့ထားတာဖြစ်ပြီး အမှတ် ပေးဇယားထိပ်က လီဗာပူးနဲ့ ၇ မှတ်အထိ ကွာဟနေတာ ဖြစ်ပါတယ်။

zawgyi version

ခ်န္ပီယံလိဂ္ဝင္ခြင့္မရခဲ့ဘူးဆိုရင္ လမ္းပတ္အေနနဲ႔ ထုတ္ပယ္ခံရမွာ ျဖစ္တယ္လို႔ေျပာခဲ့တဲ့ ကစားသမားေဟာင္း ဘာေလ ေျပာဆို
ၿပီးခဲ့တဲ့ လန္ဒန္ဒါဘီအျဖစ္ ကစားခဲ့တဲ့ အာဆင္နယ္နဲ႔ ပြဲစဥ္မွာ ရႈံးခဲ့ၿပီးေနာက္ အမွတ္ေပးဇယားအဆင့္-၈ ေနရာကို ေရာက္ သြားတဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ နည္းျပ လမ္းပတ္အေနနဲ႔ ရာသီအကုန္မွာ အသင္းကို ခ်န္ပီယံလိဂ္ဝင္ခြင့္ရေအာင္ မစြမ္းေဆာင္ ႏိုင္ဘူးဆိုရင္ အသင္းပိုင္ရွင္ျဖစ္တဲ့ ေအဘရာမိုဗစ္က သူကို ထုတ္ပယ္ႏိုင္တယ္လို႔ ကစားသမားေဟာင္း ခရိတ္ဘာေလက ေျပာခဲ့ပါတယ္။ ခ်ဲလ္ဆီးဟာ ၿပီးခဲ့တဲ့ႏွစ္က ခ်န္ပီယံလိဂ္ဝင္ခြင့္ရခဲ့သလို ေႏြရာသီအေျပာင္းအေရႊ႕တုန္းကလည္း ေပါင္ သန္း ၂၃၀ ေက်ာ္သံုးၿပီး ကစားသမားေကာင္းေတြကို ေခၚယူထားခဲ့တာ ျဖစ္ပါတယ္။
အသက္ ၄၂ ႏွစ္ရွိၿပီျဖစ္တဲ့ လမ္းပတ္ဟာ ခ်ဲလ္ဆီးကို ပထမရာသီကိုင္တြယ္ခဲ့တုန္းက ခ်န္ပီယံလိဂ္ကစားခြင့္ရခဲ့သလို အက္ေအဖလား ဗိုလ္လုပြဲေရာက္ေအာင္လည္း စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ ဒါအျပင္ အသင္းရဲ႕အကယ္ဒမီက ထြက္ေပၚလာ တဲ့ မာဆင့္ေမာင့္၊ ေအဘရာဟမ္၊ ရီဆီဂ်ိမ္းစ္နဲ႔ တိုမိုရီ တို႔ကိုလည္း အသင္းရဲ႕ အဓိက,ကစားသမားေတြျဖစ္ေအာင္ စြမ္း ေဆာင္ေပးႏိုင္ခဲ့တာေၾကာင့္ ေအဘရာမိုဗစ္ရဲ႕ ႏွစ္သက္ျခင္းကို ခံခဲ့ရသူလည္းျဖစ္ပါတယ္။
ေႏြရာသီမွာ ေငြေၾကးမ်ားစြာ သံုးစြဲၿပီး ကစားသမားေကာင္းေတြကို ေခၚယူထားတဲ့ ခ်ဲလ္ဆီးအေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံ ဆု ရဖို႔ ရည္မွန္းထားသလို အနည္းဆံုးအေနနဲ႔ အမွတ္ေပးဇယား ဒုတိယေနရာရဖို႔ လုပ္ေဆာင္ရမယ္လို႔ သတင္းေတြရဲ႕က လည္း ေဖာ္ျပခဲ့ၾကပါတယ္။ ဒီရာသီပြဲစဥ္ ၁၅ ပြဲကစားၿပီးခ်ိန္မွာ ခ်ဲလ္ဆီးအေနနဲ႔ ရႈံးပြဲ ၄ ပြဲအထိ ေတြ႕ထားတာျဖစ္ၿပီး အမွတ္ ေပးဇယားထိပ္က လီဗာပူးနဲ႔ ၇ မွတ္အထိ ကြာဟေနတာ ျဖစ္ပါတယ္။