နည်းပြသစ်အတွက် ဘင်နီတက်ဇ်ကို စာရင်းထဲ ထည့်ထားတဲ့ အာဆင်နယ်ဘုတ်အဖွဲ့

အာဆင်နယ်အသင်းဟာ နည်းပြ အာတီတာနေရာမှာ အစားထိုးရန်အတွက် နယူးကာဆယ်နည်းပြဟောင်း ဘင်နီတက်ဇ်ကို ဆက်သွယ်နေတယ်လို့ သိရပါတယ်။ သတင်းများအရ အာဆင်နယ်အသင်းရဲ့ အကြီးအကဲတွေဟာ ဘင်နီတက်ဇ်ကို ပရီးမီးယားလိဂ်ထံ ပြန်လည်ခေါ်ယူလိုနေတာဖြစ်ပါတယ်။

အသက် ၆၀ အရွယ်နည်းပြကြီးဟာ လက်ရှိမှာ တရုတ်စူပါလိဂ်ကလပ် ဒါလီယန်ပရိုကို နည်းပြနေပေမယ့် သူ့အသင်းဟာ တန်းဆင်းဇုန်အတွင်းကို ကျရောက်နေပါတယ်။ ဘင်နီတက်ဇ်ဟာ လွန်ခဲ့တဲ့ (၆)နှစ်က လီဗာပူးလ်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ အဲ့ဒီနောက် အင်တာမီလန်၊ ချဲလ်ဆီး ၊ နာပိုလီ နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့မှာ တာဝန်ယူခဲ့ပါတယ်။

သူ့ကို အာဆင်နယ်အသင်းရဲ့ အကြီးအကဲတွေကို များစွာနှစ်သက်သဘောကျတာဖြစ်ပြီး အာတီတာနေရာမှာ အစားထိုးရန် အဓိက သတ်မှတ်ထားတာဖြစ်ပါတယ်။ သို့သော်လည်း အာဆင်နယ်အသင်းဟာ စနေနေ့က ချဲလ်ဆီးအသင်းကို အနိုင်ရခဲ့ပြီးနောက ်နည်းပြအာတီတာအနေနဲ့ ဖိအားအနည်းငယ်လျော့ကျသွားပါတယ်။

နည္းျပသစ္အတြက္ ဘင္နီတက္ဇ္ကို စာရင္းထဲ ထည့္ထားတဲ့ အာဆင္နယ္ဘုတ္အဖြဲ႔

အာဆင္နယ္အသင္းဟာ နည္းျပ အာတီတာေနရာမွာ အစားထိုးရန္အတြက္ နယူးကာဆယ္နည္းျပေဟာင္း ဘင္နီတက္ဇ္ကို ဆက္သြယ္ေနတယ္လို႔ သိရပါတယ္။ သတင္းမ်ားအရ အာဆင္နယ္အသင္းရဲ႕ အႀကီးအကဲေတြဟာ ဘင္နီတက္ဇ္ကို ပရီးမီးယားလိဂ္ထံ ျပန္လည္ေခၚယူလိုေနတာျဖစ္ပါတယ္။

အသက္ ၆၀ အရြယ္နည္းျပႀကီးဟာ လက္ရွိမွာ တ႐ုတ္စူပါလိဂ္ကလပ္ ဒါလီယန္ပ႐ိုကို နည္းျပေနေပမယ့္ သူ႔အသင္းဟာ တန္းဆင္းဇုန္အတြင္းကို က်ေရာက္ေနပါတယ္။ ဘင္နီတက္ဇ္ဟာ လြန္ခဲ့တဲ့ (၆)ႏွစ္က လီဗာပူးလ္နည္းျပအျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့ၿပီး ခ်န္ပီယံလိဂ္ဖလားကို ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။ အဲ့ဒီေနာက္ အင္တာမီလန္၊ ခ်ဲလ္ဆီး ၊ နာပိုလီ နဲ႔ ရီးရဲလ္မက္ဒရစ္အသင္းတို႔မွာ တာ၀န္ယူခဲ့ပါတယ္။

သူ႔ကို အာဆင္နယ္အသင္းရဲ႕ အႀကီးအကဲေတြကို မ်ားစြာႏွစ္သက္သေဘာက်တာျဖစ္ၿပီး အာတီတာေနရာမွာ အစားထိုးရန္ အဓိက သတ္မွတ္ထားတာျဖစ္ပါတယ္။ သို႔ေသာ္လည္း အာဆင္နယ္အသင္းဟာ စေနေန႔က ခ်ဲလ္ဆီးအသင္းကို အႏိုင္ရခဲ့ၿပီးေနာက ္နည္းျပအာတီတာအေနနဲ႔ ဖိအားအနည္းငယ္ေလ်ာ့က်သြားပါတယ္။