နိုင်ပွဲတွေ ဆက်ရနေရန် လိုအပ်တယ်လို့ ဆိုလိုက်တဲ့ မန်စီးတီးတိုက်စစ်ကစားသမား ဖာရန်တောရက်စ်

မနေ့ညက နယူးကာဆယ်အသင်းကို (၂-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ မန်စီးတီးအသင်းရဲ့ ဂိုးသွင်းရှင်တစ်ယောက်ဖြစ်တဲ့ ဖာရန်တောရက်စ်က အားရကျေနပ်နေပါတယ်။ မန်စီးတီးအသင်းဟာ ပွဲကစားချိန်အများစုကို ထိန်းချုပ်ကစားသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဖာရန်တောရက်စ်က “သူတို့တွေက အရမ်းကောင်းအောင ်ပြင်ဆင်ခဲ့ပါတယ်။ ခံစစ်ကို အကောင်းဆုံးပိတ်ကစားခဲ့ပြီး ကျွန်တော်တို့ကလည်း လုပ်ပြနိုင်ခဲ့ပါတယ်။ မန်စီးတီးက အသင်းကြီးတစ်သင်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ အနိုင်ရဖို့ လိုအပ်ပြီး ဒါတွေက အခုဖြစ်လာနေပါပြီ။ အခု ကျွန်တော်တို့နိုင်ပွဲဆက်နေဖို့ပဲ လိုတော့တယ်” လို့ ပြောသွားခဲ့ပါတယ်။


