ကျွန်တော်တို့ ဒီထက်ပိုကောင်းအောင် လုပ်ရမယ်လို့ ဆိုလိုက်တဲ့ ယူနိုက်တက် ကွင်းလယ်ဖန်တီးရှင် ဘရူနိုဖာနန်ဒက်စ်

ယူနိုက်တက်ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က လက်စတာအသင်းကို မနေ့ညက (၂-၂) သရေကျခဲ့တဲ့ပွဲမှာ သူတို့အသင်းက ပိုကောင်းခဲ့တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ ကစားသမားတွေအနေနဲ့ ကွင်းထဲမှာ ဒီထက်ပိုပြီး စွမ်းဆောင်ရမယ်လို့လည်း ပြောသွားခဲ့ပါတယ်။

“ ငယ်ငယ်ကတည်းက ပွဲတိုင်းကစားရမယ်လို့ အိမ်မက်မက်ထားရမယ်လို့ ကျွန်တော်ထင်ပါတယ်။ တတ်နိုင်သမျှ ဘောလုံးကို နေ့တိုင်းကစားရပါမယ်။ ရက်အနည်းငယ်အတွင်း (၃) ပွဲကစားရတာက ဒီထက်ပိုပြင်းထန်ပါတယ်။ ငယ်ငယ်တုန်းကထက် ပိုပြီးပြင်းထန်ပေမယ့် ဒါက အရေးမကြီးပါဘူ။ သင့်အနေနဲ့ ရက်အနည်းငယ်အတွင်း (၃) ပွဲကစားရမယ့် အခွင့်အရေးရလာရင် ဘယ်သူကစားလဲဆိုတာက အရေးမကြီးတော့ပါဘူး။ သူတို့ကတော့ အသင်းအတွက် အကောင်းဆုံးလုပ်ပေးသွားမှာပါ။

ကျွန်တော့်သွင်းဂိုးအတွက်တော့ ကာဗာနီ နဲ့ အဲရစ်ဘာယီကို ချီးကျူးရမှာပါ။ ကျွန်တော်ဆိုလိုတာက အဲရစ်ကို (၅၀) ရာခိုင်နှုန်း နဲ့ ကာဗာနီကို (၅၀) ရာခိုင်နှုန်းပါ။ အဲ့ဒီဂိုးအတွက် ကျွန်တော်ဘာမှ ယူသွားမှာ မဟုတ်ပါဘူး။ ကာဗာနီရဲ့ အဲ့ဒီပေးပို့မှုက အရမ်းကောင်းပြီး တိုက်စစ်မှူးတစ်ယောက်က အဲ့ဒီလိုပေးပို့နိုင်တာ အသင်းအတွက် အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် ဒီထက်ပိုကောင်းအောင် စပြီး စွမ်းဆောင်နိုင်တယ်ဆိုတာ သိလာပါပြီ။ နောက်ပွဲမှာ ကျွန်တော်တို့ ဒီထက်ပိုကောင်းလာမှာပါ” လို့ သူက ပြောသွားခဲ့ပါတယ်။

ကၽြန္ေတာ္တို႔ ဒီထက္ပိုေကာင္းေအာင္ လုပ္ရမယ္လို႔ ဆိုလိုက္တဲ့ ယူႏိုက္တက္ ကြင္းလယ္ဖန္တီးရွင္ ဘ႐ူႏိုဖာနန္ဒက္စ္

ယူႏိုက္တက္ကြင္းလယ္ကစားသမား ဘ႐ူႏိုဖာနန္ဒက္စ္က လက္စတာအသင္းကို မေန႔ညက (၂-၂) သေရက်ခဲ့တဲ့ပြဲမွာ သူတို႔အသင္းက ပိုေကာင္းခဲ့တယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ကစားသမားေတြအေနနဲ႔ ကြင္းထဲမွာ ဒီထက္ပိုၿပီး စြမ္းေဆာင္ရမယ္လို႔လည္း ေျပာသြားခဲ့ပါတယ္။

“ ငယ္ငယ္ကတည္းက ပြဲတိုင္းကစားရမယ္လို႔ အိမ္မက္မက္ထားရမယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ တတ္ႏိုင္သမွ် ေဘာလံုးကို ေန႔တိုင္းကစားရပါမယ္။ ရက္အနည္းငယ္အတြင္း (၃) ပြဲကစားရတာက ဒီထက္ပိုျပင္းထန္ပါတယ္။ ငယ္ငယ္တုန္းကထက္ ပိုၿပီးျပင္းထန္ေပမယ့္ ဒါက အေရးမႀကီးပါဘူ။ သင့္အေနနဲ႔ ရက္အနည္းငယ္အတြင္း (၃) ပြဲကစားရမယ့္ အခြင့္အေရးရလာရင္ ဘယ္သူကစားလဲဆိုတာက အေရးမႀကီးေတာ့ပါဘူး။ သူတို႔ကေတာ့ အသင္းအတြက္ အေကာင္းဆံုးလုပ္ေပးသြားမွာပါ။

ကၽြန္ေတာ့္သြင္းဂိုးအတြက္ေတာ့ ကာဗာနီ နဲ႔ အဲရစ္ဘာယီကို ခ်ီးက်ဴးရမွာပါ။ ကၽြန္ေတာ္ဆိုလိုတာက အဲရစ္ကို (၅၀) ရာခိုင္ႏႈန္း နဲ႔ ကာဗာနီကို (၅၀) ရာခိုင္ႏႈန္းပါ။ အဲ့ဒီဂိုးအတြက္ ကၽြန္ေတာ္ဘာမွ ယူသြားမွာ မဟုတ္ပါဘူး။ ကာဗာနီရဲ႕ အဲ့ဒီေပးပို႔မႈက အရမ္းေကာင္းၿပီး တိုက္စစ္မွဴးတစ္ေယာက္က အဲ့ဒီလိုေပးပို႔ႏိုင္တာ အသင္းအတြက္ အရမ္းေကာင္းပါတယ္။ ကၽြန္ေတာ္တို႔ တစ္ေယာက္ကို တစ္ေယာက္ ဒီထက္ပိုေကာင္းေအာင္ စၿပီး စြမ္းေဆာင္ႏိုင္တယ္ဆိုတာ သိလာပါၿပီ။ ေနာက္ပြဲမွာ ကၽြန္ေတာ္တို႔ ဒီထက္ပိုေကာင္းလာမွာပါ” လို႔ သူက ေျပာသြားခဲ့ပါတယ္။