ပရီးမီးယားလိဂ်သမိုင်းရဲ့ အကြီးအကျယ်ဆုံးအပြောင်းအရွှေ့အဖြစ် ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ က နံပါတ် (၁) အကောင်းဆုံးအဖြစ် မဲပေးခြင်းခံရ

စပို့တင်းလစ္စဘွန်းကနေ အိုးထရက်ဖိုဒ့်ကို ရောက်ရှိလာတုန်းက ပေါ်တူဂီစူပါကြယ်ပွင့်ဟာ အသက် ၁၈ နှစ်ပဲ ရှိသေးပြီး နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့လက်အောက်မှာ မယုံနိုင်စရာကောင်းလောက်အောင်ကို တိုးတက်လာသူဖြစ်ပါတယ်။

တစ်ကယ်တော့ သူဟာ ပရီးမီးယားလိဂ်မှာ အထိုင်ကျရန် ရုန်းကန်ခဲ့ရပေမယ့် ယူနိုက်တက်အသင်းဟာ လူငယ်ကစားသမားလေးအပေါ်မှာ သစ္စာရှိခဲ့ပြီး ဘယ်သူမှလည်း သူဟာ တစ်ချိန် ဘောလုံးသမိုင်းမှာ အကြီးအကျယ်အခမ်းအနားဆုံးကစားသမား တစ်ယောက်ဖြစ်လာမယ်ဆိုတာကို မျှော်လင့်မိမှာ မဟုတ်ပါဘူး။ ယူနိုက်တက်မှာ ကစားခဲ့တုန်းက ရော်နယ်ဒိုဟာ ပရီးမီးယားလိဂ်ဖလား (၃) ကြိမ် နဲ့ ချန်ပီယံလိဂ်ဖလား (၁) ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ကို ပြောင်းသွားတော့လည်း သူဟာ ဒီထက်ပိုပြီးကောင်းခဲ့ပေမယ့် ယူနိုက်တက်ကို ရောက်ရှိခဲ့တဲ့ သူ့ရဲ့ အပြောင်းအရွှေ့ဟာ ပရီးမီးယားလိဂ်ရဲ့ အကြီးအကျယ်အခမ်းအနားဆုံးအပြောင်းအရွှေ့ဖြစ်တယ်လို့ စကိုင်းစပေါ့သတင်းဌာနက သတ်မှတ်ခဲ့တာပါ။ ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ဟာ ဂျူဗင်တပ်စ်ကနေ အာဆင်နယ်ကို ရောက်ရှိခဲ့တဲ့ အွန်နရီရဲ့ အပြောင်းအရွှေ့နဲ့ လိဒ်ယူနိုက်တက်ကနေ ယူနိုက်တက်ရောက်ရှိခဲ့တဲ့ အပြောင်းအရွှေ့ကို ကျော်လွန်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

စကိုင်းစပေါ့က သတ်မှတ်ခဲ့တဲ့ ထိပ်တန်းအပြောင်းအရွှေ့ (၁၀) ခု

၁၀။ အလန်ရှီးယား (ဘလက်ဘန်း ကနေ နယူးကာဆယ်)

၉။ ကွန်ပနီ (ဟမ်းဘတ် ကနေ မန်စီးတီး)

၈။ ဝိန်းရွန်းနီ (အဲဗာတန် ကနေ ယူနိုက်တက်)

၇။ ဆိုးလ်ကမ်းဘဲလ် (စပါး ကနေ အာဆင်နယ်)

၆။ ဒရော့ဘာ (မာဆေးလ် ကနေ ချဲလ်ဆီး)

၅။ ရွိုင်ကိန်း (နောတင်ဟမ်ဖောရက်စ် ကနေ ယူနိုက်တက်)

၄။ လမ်းပတ် (ဝက်စ်ဟမ်း ကနေ ချဲလ်ဆီး)

၃။ ကန်တိုနာ (လိဒ် ကနေ ယူနိုက်တက်)

၂။ အွန်နရီ (ဂျူဗင်တပ်စ် ကနေ အာဆင်နယ်)

၁။ ရော်နယ်ဒို (စပို့တင်းလစ္စဘွန်းကနေ ယူနိုက်တက်)

ပရီးမီးယားလိဂ္သမိုင္းရဲ႕ အႀကီးအက်ယ္ဆံုးအေျပာင္းအေရႊ႕အျဖစ္ ေရာ္နယ္ဒိုရဲ႕ အေျပာင္းအေရႊ႕ က နံပါတ္ (၁) အေကာင္းဆံုးအျဖစ္ မဲေပးျခင္းခံရ

စပို႔တင္းလစၥဘြန္းကေန အိုးထရက္ဖိုဒ့္ကို ေရာက္ရွိလာတုန္းက ေပၚတူဂီစူပါၾကယ္ပြင့္ဟာ အသက္ ၁၈ ႏွစ္ပဲ ရွိေသးၿပီး နည္းျပႀကီး ဆာအဲလက္စ္ဖာဂူဆန္ရဲ႕လက္ေအာက္မွာ မယံုႏိုင္စရာေကာင္းေလာက္ေအာင္ကို တိုးတက္လာသူျဖစ္ပါတယ္။

တစ္ကယ္ေတာ့ သူဟာ ပရီးမီးယားလိဂ္မွာ အထိုင္က်ရန္ ႐ုန္းကန္ခဲ့ရေပမယ့္ ယူႏိုက္တက္အသင္းဟာ လူငယ္ကစားသမားေလးအေပၚမွာ သစၥာရွိခဲ့ၿပီး ဘယ္သူမွလည္း သူဟာ တစ္ခ်ိန္ ေဘာလံုးသမိုင္းမွာ အႀကီးအက်ယ္အခမ္းအနားဆံုးကစားသမား တစ္ေယာက္ျဖစ္လာမယ္ဆိုတာကို ေမွ်ာ္လင့္မိမွာ မဟုတ္ပါဘူး။ ယူႏိုက္တက္မွာ ကစားခဲ့တုန္းက ေရာ္နယ္ဒိုဟာ ပရီးမီးယားလိဂ္ဖလား (၃) ႀကိမ္ နဲ႔ ခ်န္ပီယံလိဂ္ဖလား (၁) ႀကိမ္ ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ကို ေျပာင္းသြားေတာ့လည္း သူဟာ ဒီထက္ပိုၿပီးေကာင္းခဲ့ေပမယ့္ ယူႏိုက္တက္ကို ေရာက္ရွိခဲ့တဲ့ သူ႔ရဲ႕ အေျပာင္းအေရႊ႕ဟာ ပရီးမီးယားလိဂ္ရဲ႕ အႀကီးအက်ယ္အခမ္းအနားဆံုးအေျပာင္းအေရႊ႕ျဖစ္တယ္လို႔ စကိုင္းစေပါ့သတင္းဌာနက သတ္မွတ္ခဲ့တာပါ။ ေရာ္နယ္ဒိုရဲ႕ အေျပာင္းအေရႊ႕ဟာ ဂ်ဴဗင္တပ္စ္ကေန အာဆင္နယ္ကို ေရာက္ရွိခဲ့တဲ့ အြန္နရီရဲ႕ အေျပာင္းအေရႊ႕နဲ႔ လိဒ္ယူႏိုက္တက္ကေန ယူႏိုက္တက္ေရာက္ရွိခဲ့တဲ့ အေျပာင္းအေရႊ႕ကို ေက်ာ္လြန္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

စကိုင္းစေပါ့က သတ္မွတ္ခဲ့တဲ့ ထိပ္တန္းအေျပာင္းအေရႊ႕ (၁၀) ခု

၁၀။ အလန္ရွီးယား (ဘလက္ဘန္း ကေန နယူးကာဆယ္)

၉။ ကြန္ပနီ (ဟမ္းဘတ္ ကေန မန္စီးတီး)

၈။ ဝိန္းရြန္းနီ (အဲဗာတန္ ကေန ယူႏိုက္တက္)

၇။ ဆိုးလ္ကမ္းဘဲလ္ (စပါး ကေန အာဆင္နယ္)

၆။ ဒေရာ့ဘာ (မာေဆးလ္ ကေန ခ်ဲလ္ဆီး)

၅။ ရြိဳင္ကိန္း (ေနာတင္ဟမ္ေဖာရက္စ္ ကေန ယူႏိုက္တက္)

၄။ လမ္းပတ္ (၀က္စ္ဟမ္း ကေန ခ်ဲလ္ဆီး)

၃။ ကန္တိုနာ (လိဒ္ ကေန ယူႏိုက္တက္)

၂။ အြန္နရီ (ဂ်ဴဗင္တပ္စ္ ကေန အာဆင္နယ္)

၁။ ေရာ္နယ္ဒို (စပို႔တင္းလစၥဘြန္းကေန ယူႏိုက္တက္)