မနှစ်က အက်ဖ်အေဖလားရှုံးပွဲကြောင့် ချဲလ်ဆီးအသင်းရဲ့ စိတ်ထဲမှာ အာဆင်နယ်အသင်းကို ကလဲ့စားချေချင်နေတယ်လို့ ပြောလိုက်တဲ့ အသင်းခေါင်းဆောင်အက်ဇ်ပီလီကွီတာ

ချဲလ်ဆီးအသင်းခေါင်းဆောင် အက်ဇ်ပီလီကွီတာက ဒီတစ်ပတ်ကစားမယ့် အာဆင်နယ်အသင်းနဲ့ပွဲမှာ သူတို့ရဲ့ စိတ်ထဲ၌ ကလဲ့စားချေချင်နေတယ်လို့ ဝန်ခံပြောသွားခဲ့ပါတယ်။ သြဂုတ်လတုန်းက ကစားခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့်နိမ့်ခဲ့တဲ့ အာဆင်နယ်အသင်းက ချဲလ်ဆီးအသင်းကို အနိုင်ရခဲ့တာဖြစ်လို့ ချဲလ်ဆီးအသင်းက သူတို့ကို လျော့တွက်ပြီးကစားသွားမှာ မဟုတ်ပါဘူး။

“ အဲ့ဒီရလဒ်ကို ကျွန်တော်တို့ တစ်ကယ်ကို စိတ်ပျက်ခဲ့ကြပါတယ်။ ဒါပေမယ့် အခုက (၄) လကြာခဲ့ပါပြီ။ ပြီးတော့ မတူညီတဲ့ ပြိုင်ပွဲလည်းဖြစ်ပြီး ပွဲစဉ်အသစ်လည်း ဖြစ်ပါတယ်။ သူတို့အသင်းက အကောင်းဆုံးပုံစံမှာ မရှိပေမယ့် သူတို့ရဲ့ အရည်အသွေးကို ကျွန်တော်တို့ သိပါတယ်။ သူတို့မှာ အန္တရယ်ရှိတဲ့ကစားသမားတွေရှိလို့ ကျွန်တော်တို့ သတိထားရပါမယ်။ သူတို့ကို ကျွန်တော်တို့ လေးစားပါတယ်။

ပွဲက ခက်ခဲမှာဖြစ်ပေမယ့် ကျွန်တော်တို့လည်း အမှတ်တွေ လိုအပ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနိုင်ရဖို့ မျှော်လင့်နေပါတယ်။ အဲ့ဒီလို လုပ်နိုင်ဖို့ ကျွန်တော်တို့ ယုံကြည်မှုရှိနေပါတယ်” လို့ အက်ဇ်ပီလီကွီတာက အသင်းရဲ့ ဝက်ဘ်ဆိုဒ်မှာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

မႏွစ္က အက္ဖ္ေအဖလားရႈံးပြဲေၾကာင့္ ခ်ဲလ္ဆီးအသင္းရဲ႕ စိတ္ထဲမွာ အာဆင္နယ္အသင္းကို ကလဲ့စားေခ်ခ်င္ေနတယ္လို႔ ေျပာလိုက္တဲ့ အသင္းေခါင္းေဆာင္အက္ဇ္ပီလီကြီတာ

ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္ အက္ဇ္ပီလီကြီတာက ဒီတစ္ပတ္ကစားမယ့္ အာဆင္နယ္အသင္းနဲ ႔ပြဲမွာ သူတို႔ရဲ႕ စိတ္ထဲ၌ ကလဲ့စားေခ်ခ်င္ေနတယ္လို႔ ၀န္ခံေျပာသြားခဲ့ပါတယ္။ ၾသဂုတ္လတုန္းက ကစားခဲ့တဲ့ အက္ဖ္ေအဖလား ဗိုလ္လုပြဲမွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ အဆင့္နိမ့္ခဲ့တဲ့ အာဆင္နယ္အသင္းက ခ်ဲလ္ဆီးအသင္းကို အႏိုင္ရခဲ့တာျဖစ္လို႔ ခ်ဲလ္ဆီးအသင္းက သူတို႔ကို ေလ်ာ့တြက္ၿပီးကစားသြားမွာ မဟုတ္ပါဘူး။

“ အဲ့ဒီရလဒ္ကို ကၽြန္ေတာ္တို႔ တစ္ကယ္ကို စိတ္ပ်က္ခဲ့ၾကပါတယ္။ ဒါေပမယ့္ အခုက (၄) လၾကာခဲ့ပါၿပီ။ ၿပီးေတာ့ မတူညီတဲ့ ၿပိဳင္ပြဲလည္းျဖစ္ၿပီး ပြဲစဥ္အသစ္လည္း ျဖစ္ပါတယ္။ သူတို႔အသင္းက အေကာင္းဆံုးပံုစံမွာ မရွိေပမယ့္ သူတို႔ရဲ႕ အရည္အေသြးကို ကၽြန္ေတာ္တို႔ သိပါတယ္။ သူတို႔မွာ အႏၲရယ္ရွိတဲ့ကစားသမားေတြရွိလို႔ ကၽြန္ေတာ္တို႔ သတိထားရပါမယ္။ သူတို႔ကို ကၽြန္ေတာ္တို႔ ေလးစားပါတယ္။

ပြဲက ခက္ခဲမွာျဖစ္ေပမယ့္ ကၽြန္ေတာ္တို႔လည္း အမွတ္ေတြ လိုအပ္ေနပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔ အႏိုင္ရဖို႔ ေမွ်ာ္လင့္ေနပါတယ္။ အဲ့ဒီလို လုပ္ႏိုင္ဖို႔ ကၽြန္ေတာ္တို႔ ယံုၾကည္မႈရွိေနပါတယ္” လို႔ အက္ဇ္ပီလီကြီတာက အသင္းရဲ႕ ၀က္ဘ္ဆိုဒ္မွာ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။