ဖိုဒန်ကို ဘယ်နေရာမှာ တိုးတက်စေချင်သလဲဆိုတာကို ပြောပြလိုက်တဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ကွင်းလယ်လူ ဖိုဒန်ကို ပုံမှန်ဂိုးသွင်းသူတစ်ယောက်ဖြစ်လာစေချင်နေပါတယ်။ ဒီရာသီမှာ မန်စီးတီးအသင်းရဲ့ တိုက်စစ်ဟာ ပရီးမီးယားလိဂ် ထိပ်ပိုင်းအသင်းတွေထဲမှာ ဂိုးအနည်းဆုံးသွင်းထားတဲ့ အသင်းဖြစ်ပါတယ်။ သို့သော်လည်း အင်္ဂါနေ့က ကာရာဘောင်ဖလား ပွဲမှာတော့ အာဆင်နယ်အသင်းကို (၄) ဂိုးသွင်းထားနိုင်ခဲ့ပါတယ်။ အမ်းမရိတ်မှာ အနိုင်ရခဲ့တဲ့ပွဲ၌ ဖိုဒန်လည်း အာဆင်နယ်အသင်းရဲ့ နောက်တန်းကို ကျော်ဖြတ်ပြီး အကောင်းဆုံးအဆုံးသတ်နိုင်ခဲ့လို့ နည်းပြ ဂွါဒီယိုလာက အသက် ၂၀ အရွယ်ကစားသမားကို မကြာခဏ ဂိုးသွင်းစေချင်တာ ဖြစ်ပါတယ်။

“ သူဂိုးတွေ အများကြီးသွင်းနိုင်ပါတယ်။ သူဟာ အကောင်းဆုံး ကန်သွင်းနိုင်ပါတယ်။ သူ့ကို ကျွန်တော်တို့ နှစ်သက်ပါတယ်။ သူဟာ ထူးထူးခြားခြားဖြစ်လာဖို့ အကောင်းဆုံးအရည်အသွေးတွေ ရှီနေပါတယ်။ သူ့အတွက် အကောင်းဆုံးပဲ ကျွန်တော်ဖြစ်ချင်ပါတယ်။ သူ့မှာ အဲ့ဒီလိုလုပ်ချင်ရင်တော့ သူသေချာပေါက် လုပ်နိုင်ပါတယ်” လို့ ဂွါဒီယိုလာက ပြောသွားခဲ့ပါတယ်။

ဂွါဒီယိုလာဟာ မန်စီးတီးအသင်းဟာ ဖိုဒန်ကို ပြိုင်ဘက်အသင်းရဲ့ ဧရိယာထိပ်နားမှာ ပြောင်းလဲ ကစားစေချင်နေတယ်လို့လည်း ထပ်ပြောသွားခဲ့ပါတယ်။

“ ဖီးလ်က အသင်းအတွက် အရေးပါတဲ့သူ ဖြစ်ချင်နေပါတယ်။ သူ့မှာ မယုံနိုင်စရာကောင်းတဲ့ စွမ်းအင်တွေရှိနေပါတယ်။ ဒါပေမယ့် ဧရိယာနောက်ဆုံးကို ရောက်တဲ့အခါမှာတော့ သူ့အနေနဲ့ နည်းနည်းနှေးမှ ဖြစ်မှာပါ။

သူ့အနေနဲ့ တိုက်စစ်ရဲ့ ကစားဟန်ကို ပြောင်းလဲရာမှာ နားလည်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ဒါတွေက အတွေ့အကြုံကနေ ရလာမှာပါ။ ကျွန်တော်တို့လည်း အများကြီး စိတ်ရှည်ရပါမယ်။ လူငယ်ကစားသမားတစ်ယောက်ကို ဒီလိုပျိုးထောင်ရတာ မလွယ်ပါဘူး။ အရေးကြီးတဲ့ ပွဲတွေကစားခိုင်းပြီး လက်ရွေးစင်အသင်းမှာလည်း ကစားခိုင်းပါတယ်။ အထူးဆန်းဆုံးက သူက အသက် ၂၀ ပဲ ရှိနေတာပါ။ သူ့မှာ တိုးတက်စရာ မရှိတော့ပါဘူး။ ဒါက မယုံနိုင်စရာပါ။ ဒါပေမယ့် ဒါက ပြဿနာမဟုတ်ပါဘူး” လို့ ဂွါဒီယိုလာက ထပ်ပြောသွားခဲ့တာဖြစ်ပါတယ်။

ဖိုဒန္ကို ဘယ္ေနရာမွာ တိုးတက္ေစခ်င္သလဲဆိုတာကို ေျပာျပလိုက္တဲ့ မန္စီးတီးနည္းျပ ဂြါဒီယိုလာ

မန္စီးတီးနည္းျပ ဂြါဒီယိုလာက ကြင္းလယ္လူ ဖိုဒန္ကို ပံုမွန္ဂိုးသြင္းသူတစ္ေယာက္ျဖစ္လာေစခ်င္ေနပါတယ္။ ဒီရာသီမွာ မန္စီးတီးအသင္းရဲ႕ တိုက္စစ္ဟာ ပရီးမီးယားလိဂ္ ထိပ္ပိုင္းအသင္းေတြထဲမွာ ဂိုးအနည္းဆံုးသြင္းထားတဲ့ အသင္းျဖစ္ပါတယ္။ သို႔ေသာ္လည္း အဂၤါေန႔က ကာရာေဘာင္ဖလား ပြဲမွာေတာ့ အာဆင္နယ္အသင္းကို (၄) ဂိုးသြင္းထားႏိုင္ခဲ့ပါတယ္။ အမ္းမရိတ္မွာ အႏိုင္ရခဲ့တဲ့ပြဲ၌ ဖိုဒန္လည္း အာဆင္နယ္အသင္းရဲ႕ ေနာက္တန္းကို ေက်ာ္ျဖတ္ၿပီး အေကာင္းဆံုးအဆံုးသတ္ႏိုင္ခဲ့လို႔ နည္းျပ ဂြါဒီယိုလာက အသက္ ၂၀ အရြယ္ကစားသမားကို မၾကာခဏ ဂိုးသြင္းေစခ်င္တာ ျဖစ္ပါတယ္။

“ သူဂိုးေတြ အမ်ားႀကီးသြင္းႏိုင္ပါတယ္။ သူဟာ အေကာင္းဆံုး ကန္သြင္းႏိုင္ပါတယ္။ သူ႔ကို ကၽြန္ေတာ္တို႔ ႏွစ္သက္ပါတယ္။ သူဟာ ထူးထူးျခားျခားျဖစ္လာဖို႔ အေကာင္းဆံုးအရည္အေသြးေတြ ရွီေနပါတယ္။ သူ႔အတြက္ အေကာင္းဆံုးပဲ ကၽြန္ေတာ္ျဖစ္ခ်င္ပါတယ္။ သူ႔မွာ အဲ့ဒီလိုလုပ္ခ်င္ရင္ေတာ့ သူေသခ်ာေပါက္ လုပ္ႏိုင္ပါတယ္” လို႔ ဂြါဒီယိုလာက ေျပာသြားခဲ့ပါတယ္။

ဂြါဒီယိုလာဟာ မန္စီးတီးအသင္းဟာ ဖိုဒန္ကို ၿပိဳင္ဘက္အသင္းရဲ႕ ဧရိယာထိပ္နားမွာ ေျပာင္းလဲ ကစားေစခ်င္ေနတယ္လို႔လည္း ထပ္ေျပာသြားခဲ့ပါတယ္။

“ ဖီးလ္က အသင္းအတြက္ အေရးပါတဲ့သူ ျဖစ္ခ်င္ေနပါတယ္။ သူ႔မွာ မယံုႏိုင္စရာေကာင္းတဲ့ စြမ္းအင္ေတြရွိေနပါတယ္။ ဒါေပမယ့္ ဧရိယာေနာက္ဆံုးကို ေရာက္တဲ့အခါမွာေတာ့ သူ႔အေနနဲ႔ နည္းနည္းေႏွးမွ ျဖစ္မွာပါ။

သူ႔အေနနဲ႔ တိုက္စစ္ရဲ႕ ကစားဟန္ကို ေျပာင္းလဲရာမွာ နားလည္ဖို႔ လိုအပ္ပါတယ္။ ဒါေပမယ့္ ဒါေတြက အေတြ႕အၾကံဳကေန ရလာမွာပါ။ ကၽြန္ေတာ္တို႔လည္း အမ်ားႀကီး စိတ္ရွည္ရပါမယ္။ လူငယ္ကစားသမားတစ္ေယာက္ကို ဒီလိုပ်ိဳးေထာင္ရတာ မလြယ္ပါဘူး။ အေရးႀကီးတဲ့ ပြဲေတြကစားခိုင္းၿပီး လက္ေရြးစင္အသင္းမွာလည္း ကစားခိုင္းပါတယ္။ အထူးဆန္းဆံုးက သူက အသက္ ၂၀ ပဲ ရွိေနတာပါ။ သူ႔မွာ တိုးတက္စရာ မရွိေတာ့ပါဘူး။ ဒါက မယံုႏိုင္စရာပါ။ ဒါေပမယ့္ ဒါက ျပႆနာမဟုတ္ပါဘူး” လို႔ ဂြါဒီယိုလာက ထပ္ေျပာသြားခဲ့တာျဖစ္ပါတယ္။