တိုက်စစ်မှူး ဂျီးဆပ်စ်နဲ့ နောက်ခံလူ ဝေါ်လ်ကာတို့မှာ ကိုဗစ်တွေခဲ့တာကြောင့် နယူးကာဆယ်နဲ့ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်လို့ မန်စီးတီးအသင်း အတည်ပြုခဲ့


ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေတဲ့ ဘောက်ဆင်ဒေးပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ မန်စီးတီးက နယူးကာဆယ်ကို အိမ် ကွင်းမှာ လက်ခံကစားရမှာဖြစ်ပေမယ့် အသင်းရဲ့ အဓိက,ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူးဂျီးဆပ်စ်နဲ့ နောက်ခံလူ ဝေါ်လ်ကာ တို့နှစ်ယောက်ကတော့ ဆေးစစ်မှုပြုလုပ်ရာမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် ပါဝင်ကစားနိုင်မှာ မဟုတ် ဘူးလို့ မန်စီးတီးအသင်းတာဝန်ရှိသူတွေက အတည်ပြု ပြောကြားခဲ့ပါတယ်။


ဂျီးဆပ်စ်၊ ဝေါ်လ်ကာတို့နဲ့အတူ အသင်းဝန်ထမ်း နှစ်ယောက်လည်း ကူးစက်ခံထားရတာကြောင့် ရောဂါပိုးတွေ့ရှိသူတွေကို ကိုဗစ်ရဲ့ စည်းကမ်းအတိုင်း သီးသန့်နေထိုင်ဖို့ မန်စီးတီးအသင်းက ညွှန်ကြားထားတယ်လို့လည်း သတင်းတွေရဲ့ဖော်ပြချက် အရ သိရပါတယ်။ မန်စီးတီးအသင်းဟာ ဘောက်ဆင်ဒေးနဲ့ နှစ်သစ်ကူး အချိန်တွေမှာ ပွဲကျပ်ကာလကို ဖြတ်သန်းရမှာဖြစ် ပြီး နယူးကာဆယ်နဲ့ ပွဲပြီးရင် ဒီရာသီခြေစွမ်းပြနေတဲ့ အဲဗာတန်၊ ချဲလ်ဆီးအသင်းတွေကို အဝေးကွင်းမှာ ဆက်တိုက်ကစား ရမှာပဲ ဖြစ်ပါတယ်။


ဂျီးဆပ်စ်ဟာ ဒီရာသီဒဏ်ရာရနေတဲ့ အဓိကတိုက်စစ်မှူး အဂူရိုမရှိချိန်မှာ မန်စီးတီးအသင်းတိုက်စစ်ကို ဦးဆောင်နေသူဖြစ် ပြီး ပြိုင်ပွဲစုံမှာ ၄ ဂိုးသွင်းယူထားခဲ့ပါတယ်။ နောက်ခံလူ ဝေါ်လ်ကာကတော့ ဒီရာသီအသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ ပွဲ မှာ ၁၂ ပွဲအထိကစားခွင့်ရခဲ့တဲ့ အဓိကနောက်ခံလူတစ်ဦးဖြစ်ပါတယ်။ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာကတော့ ဂျီးဆပ်စ်၊ ဝေါ်လ်ကာတို့ မပါနိုင်ပေမယ့် အနိုင်ရဖို့အတွက် ပြင်ဆင်သွားမှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

zawgyi version

တိုက္စစ္မွဴး ဂ်ီးဆပ္စ္နဲ႔ ေနာက္ခံလူ ေဝၚလ္ကာတို႔မွာ ကိုဗစ္ေတြခဲ့တာေၾကာင့္ နယူးကာဆယ္နဲ႔ပြဲမွာ ပါဝင္ႏိုင္မွာ မဟုတ္လို႔ မန္စီးတီးအသင္း အတည္ျပဳခဲ့
ဒီေန႔ညမွာ ယွဥ္ၿပိဳင္ကစားဖို႔ ရွိေနတဲ့ ေဘာက္ဆင္ေဒးပရီးမီးယားလိဂ္ပြဲစဥ္မွာေတာ့ မန္စီးတီးက နယူးကာဆယ္ကို အိမ္ ကြင္းမွာ လက္ခံကစားရမွာျဖစ္ေပမယ့္ အသင္းရဲ႕ အဓိက,ကစားသမားေတြျဖစ္တဲ့ တိုက္စစ္မွဴးဂ်ီးဆပ္စ္နဲ႔ ေနာက္ခံလူ ေဝၚလ္ကာ တို႔ႏွစ္ေယာက္ကေတာ့ ေဆးစစ္မႈျပဳလုပ္ရာမွာ ကိုဗစ္ေရာဂါပိုးေတြ႕ရွိခဲ့တာေၾကာင့္ ပါဝင္ကစားႏိုင္မွာ မဟုတ္ ဘူးလို႔ မန္စီးတီးအသင္းတာဝန္ရွိသူေတြက အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။
ဂ်ီးဆပ္စ္၊ ေဝၚလ္ကာတို႔နဲ႔အတူ အသင္းဝန္ထမ္း ႏွစ္ေယာက္လည္း ကူးစက္ခံထားရတာေၾကာင့္ ေရာဂါပိုးေတြ႕ရွိသူေတြကို ကိုဗစ္ရဲ႕ စည္းကမ္းအတိုင္း သီးသန္႔ေနထိုင္ဖို႔ မန္စီးတီးအသင္းက ၫႊန္ၾကားထားတယ္လို႔လည္း သတင္းေတြရဲ႕ေဖာ္ျပခ်က္ အရ သိရပါတယ္။ မန္စီးတီးအသင္းဟာ ေဘာက္ဆင္ေဒးနဲ႔ ႏွစ္သစ္ကူး အခ်ိန္ေတြမွာ ပြဲက်ပ္ကာလကို ျဖတ္သန္းရမွာျဖစ္ ၿပီး နယူးကာဆယ္နဲ႔ ပြဲၿပီးရင္ ဒီရာသီေျခစြမ္းျပေနတဲ့ အဲဗာတန္၊ ခ်ဲလ္ဆီးအသင္းေတြကို အေဝးကြင္းမွာ ဆက္တိုက္ကစား ရမွာပဲ ျဖစ္ပါတယ္။
ဂ်ီးဆပ္စ္ဟာ ဒီရာသီဒဏ္ရာရေနတဲ့ အဓိကတိုက္စစ္မွဴး အဂူ႐ိုမရွိခ်ိန္မွာ မန္စီးတီးအသင္းတိုက္စစ္ကို ဦးေဆာင္ေနသူျဖစ္ ၿပီး ၿပိဳင္ပြဲစံုမွာ ၄ ဂိုးသြင္းယူထားခဲ့ပါတယ္။ ေနာက္ခံလူ ေဝၚလ္ကာကေတာ့ ဒီရာသီအသင္းရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္ ၁၃ ပြဲ မွာ ၁၂ ပြဲအထိကစားခြင့္ရခဲ့တဲ့ အဓိကေနာက္ခံလူတစ္ဦးျဖစ္ပါတယ္။ မန္စီးတီးအသင္းနည္းျပ ဂြါဒီယိုလာကေတာ့ ဂ်ီးဆပ္စ္၊ ေဝၚလ္ကာတို႔ မပါႏိုင္ေပမယ့္ အႏိုင္ရဖို႔အတြက္ ျပင္ဆင္သြားမွာ ျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။