စပါးအသင်းကနေ ထုတ်ပယ်ခံရပြီးနောက် တစ်နှစ်ကျော်အကြာမှာတော့ ပိုချက်တီနိုဟာ ပီအက်စ်ဂျီအသင်းရဲ့နည်းပြအ ဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ ပီအက်စ်ဂျီအသင်းနည်းပြ မဖြစ်လာခင်မှာ ပိုချက်တီနိုကို ဘာစီလိုနာ၊ ရီးရဲလ်နဲ့ ယူနိုက် တက်အသင်းတို့က နည်းပြနေရာအတွက် ဆက်သွယ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ကာယကံရှင်က လက်ခံခဲ့ခြင်းမရှိခဲ့တာကြောင့် နောက်ဆုံးမှာတော့ ပီအက်စ်ဂျီအသင်းနည်းပြ တူူချယ်ရဲ့နေရာမှာ အစားထိုးခံခဲ့ရတာပဲ ဖြစ်ပါတယ်။
ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန်လည်း ရောက်တော့မှာဖြစ်တာကြောင့် ပီအက်စ်ဂျီအသင်းနည်းပြသစ် ပိုချက်တီနို အနေနဲ့ ကစားသမားသစ်တွေခေါ်ယူသွားဖို့ရှိနေတယ်လို့ သတင်းတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။ ပိုချက်တီနိုအနေနဲ့ သူရဲ့ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် စပါးအသင်းမှာလက်တွဲခဲ့ဖူးတဲ့ ကွင်းလယ်လူဒယ်လီအလီကိုခေါ်ယူဖို့ စိတ်ဝင် စားနေတယ်လို့လည်း သတင်းတွေကဖော်ပြခဲ့ကြပါတယ်။
ဒယ်လီအလီဟာ စပါးအသင်းကို ပိုချက်တီနိုကိုင်တွယ်ခဲ့တုန်းက အဓိက,ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပေမယ့် မော်ရင်ဟိုနည်းပြဖြစ်လာချိန်မှာတော့ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီရာသီ စပါးအသင်းအတွက် ပြိုင်ပွဲစုံ မှာ ၅ ပွဲသာကစားခွင့်ရထားတဲ့ ဒယ်လီအလီအနေနဲ့ အသင်းမှာ မပျော်မရွှင်ဖြစ်နေပြီး အသင်းပြောင်းဖို့ သတင်းတွေထွက် နေပမယ့် မော်ရင်ဟိုက အသင်းမှာကစားသမားကောင်းတွေရှိတာကြောင့် အလီအနေနဲ့ ခြေစွမ်းပြနိုင်ဖို့ လိုအပ်ကြောင်း ပြောခဲ့ပါတယ်။
zawgyi version
ပီအက္စ္ဂ်ီအသင္းနည္းျပျဖစ္လာၿပီးေနာက္ တပည့္ေဟာင္းအလီကို ပထမဆံုးေခၚယူဖို႔ရွိေနတဲ့ ပိုခ်က္တီႏို
စပါးအသင္းကေန ထုတ္ပယ္ခံရၿပီးေနာက္ တစ္ႏွစ္ေက်ာ္အၾကာမွာေတာ့ ပိုခ်က္တီႏိုဟာ ပီအက္စ္ဂ်ီအသင္းရဲ႕နည္းျပအ ျဖစ္ ခန္႔အပ္ျခင္းခံခဲ့ရပါတယ္။ ပီအက္စ္ဂ်ီအသင္းနည္းျပ မျဖစ္လာခင္မွာ ပိုခ်က္တီႏိုကို ဘာစီလိုနာ၊ ရီးရဲလ္နဲ႔ ယူႏိုက္ တက္အသင္းတို႔က နည္းျပေနရာအတြက္ ဆက္သြယ္ခဲ့တယ္လို႔ သတင္းေတြထြက္ေပၚခဲ့ေပမယ့္ ကာယကံရွင္က လက္ခံခဲ့ျခင္းမရွိခဲ့တာေၾကာင့္ ေနာက္ဆံုးမွာေတာ့ ပီအက္စ္ဂ်ီအသင္းနည္းျပ တူူခ်ယ္ရဲ႕ေနရာမွာ အစားထိုးခံခဲ့ရတာပဲ ျဖစ္ပါတယ္။
ဇန္နဝါရီအေျပာင္းအေရႊ႕ေစ်းကြက္ဖြင့္ခ်ိန္လည္း ေရာက္ေတာ့မွာျဖစ္တာေၾကာင့္ ပီအက္စ္ဂ်ီအသင္းနည္းျပသစ္ ပိုခ်က္တီႏို အေနနဲ႔ ကစားသမားသစ္ေတြေခၚယူသြားဖို႔ရွိေနတယ္လို႔ သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရသိရပါတယ္။ ပိုခ်က္တီႏိုအေနနဲ႔ သူရဲ႕ပထမဆံုးကစားသမားေခၚယူမႈအျဖစ္ စပါးအသင္းမွာလက္တြဲခဲ့ဖူးတဲ့ ကြင္းလယ္လူဒယ္လီအလီကိုေခၚယူဖို႔ စိတ္ဝင္ စားေနတယ္လို႔လည္း သတင္းေတြကေဖာ္ျပခဲ့ၾကပါတယ္။
ဒယ္လီအလီဟာ စပါးအသင္းကို ပိုခ်က္တီႏိုကိုင္တြယ္ခဲ့တုန္းက အဓိက,ကစားသမားတစ္ဦးျဖစ္ခဲ့ၿပီး ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ ေမာ္ရင္ဟိုနည္းျပျဖစ္လာခ်ိန္မွာေတာ့ ပံုမွန္ပြဲထြက္ခြင့္ေပ်ာက္ဆံုးခဲ့တာပဲ ျဖစ္ပါတယ္။ ဒီရာသီ စပါးအသင္းအတြက္ ၿပိဳင္ပြဲစံု မွာ ၅ ပြဲသာကစားခြင့္ရထားတဲ့ ဒယ္လီအလီအေနနဲ႔ အသင္းမွာ မေပ်ာ္မရႊင္ျဖစ္ေနၿပီး အသင္းေျပာင္းဖို႔ သတင္းေတြထြက္ ေနပမယ့္ ေမာ္ရင္ဟိုက အသင္းမွာကစားသမားေကာင္းေတြရွိတာေၾကာင့္ အလီအေနနဲ႔ ေျခစြမ္းျပႏိုင္ဖို႔ လိုအပ္ေၾကာင္း ေျပာခဲ့ပါတယ္။