နောက် ၃ဆက် ပွဲရှုံးမှ အာဆင်နယ်က တန်းဆင်းဇုန်ထဲ ရောက်မှာဆိုပြီး ဝေဖန်မှုတွေကို ပြန်တုံ့ပြန်ခဲ့တဲ့ နည်းပြ အာတီတာ


ပရီးမီးယားသမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရာသီအစနဲ့ ကြုံတွေ့နေရတာကြောင့် ဝေဖန်ခံနေရတဲ့ အာဆင်နယ်အတွက် အသင်းနည်းပြကတော့ ဘောက်ဆင်ဒေးနဲ့ နှစ်သစ်ကူးပွဲစဉ်တွေမှာ ကစားမယ့် ပွဲစဉ် ၃ပွဲစလုံး ရှုံးနိမ့်မှသာ အသင်းအနေနဲ့ တန်းဆင်းဇုန်ထဲ ရောက်မှာဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ဒီနေ့ညမှာတော့ အာဆင်နယ်ဟာ လန်ဒန်မြို့ခံပြိုင် ဘက် ချဲလ်ဆီးကို အိမ်ကွင်းမှာလက်ခံကစားရမှာဖြစ်ပြီး ဘရိုက်တန်နဲ့ ဝက်ဘရွန်းစ်အသင်းတို့ကိုတော့ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။


လက်ရှိအမှတ်ပေးဇယားမှာ အာဆင်နယ်အနေနဲ့ အဆင့်-၁၅ နေရာကို ရောက်ရှိနေတာဖြစ်ပြီး လာမယ့်ပွဲစဉ် ၃ ပွဲမှာ ချဲလ် ဆီးတစ်သင်းတည်းသာ အမှတ်ပေးဇယားအထက်မှာရှိနေတာဖြစ်ပြီး ဘရိုက်တန်နဲ့ ဝက်ဘရွန်းစ်အသင်းတွေကတော့ အာ ဆင်နယ်ရဲ့ အဆင့်ရပ်တည်မှုအောက်မှာ ရှိနေတာပဲဖြစ်ပါတယ်။ အာဆင်နယ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ကာရာဘောင်းဖ လား ကွာတားဖိုင်နယ်အဆင့်မှာ မန်စီးတီးအသင်းကို ဂိုးပြတ်ရှုံးခဲ့ပြီး ပြိုင်ပွဲက ထွက်ခဲ့ရသလို ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် လည်း နိုင်ပွဲပျောက်ထားတာဖြစ်ပါတယ်။


ချဲလ်ဆီးနဲ့ကစားမယ့်ပွဲ မတိုင်ခင်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အာဆင်နယ်နည်းပြ အာတီတာက “ လက်ရှိ အနေအထားအရ အသင်းရဲ့အခြေအနေက စိုးရိမ်စရာလို့ မပြောနိုင်သေးပါဘူး။ ရလဒ်တွေဆိုးရွားနေတယ်ဆိုပေမယ့် လာမယ့် ပွဲစဉ် ၃ ပွဲစလုံး ရှုံးနိမ့်မှ အသင်းအနေနဲ့ တန်းဆင်းဇုန်ထဲကို ရောက်မှာပါ။ အသင်းအနေနဲ့ အကောင်းဆုံးပြန်လာ နိုင်ဖို့အတွက် ကျွန်တော်အပါအဝင် အသင်းသားအားလုံးက ကြိုးစားနေကြပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

zawgyi version

ေနာက္ ၃ဆက္ ပြဲရႈံးမွ အာဆင္နယ္က တန္းဆင္းဇုန္ထဲ ေရာက္မွာဆိုၿပီး ေဝဖန္မႈေတြကို ျပန္တံု႔ျပန္ခဲ့တဲ့ နည္းျပ အာတီတာ
ပရီးမီးယားသမိုင္းတစ္ေလွ်ာက္ အဆိုးရြားဆံုး ရာသီအစနဲ႔ ၾကံဳေတြ႕ေနရတာေၾကာင့္ ေဝဖန္ခံေနရတဲ့ အာဆင္နယ္အတြက္ အသင္းနည္းျပကေတာ့ ေဘာက္ဆင္ေဒးနဲ႔ ႏွစ္သစ္ကူးပြဲစဥ္ေတြမွာ ကစားမယ့္ ပြဲစဥ္ ၃ပြဲစလံုး ရႈံးနိမ့္မွသာ အသင္းအေနနဲ႔ တန္းဆင္းဇုန္ထဲ ေရာက္မွာျဖစ္ေၾကာင္း ျပန္လည္တံု႔ျပန္ခဲ့ပါတယ္။ ဒီေန႔ညမွာေတာ့ အာဆင္နယ္ဟာ လန္ဒန္ၿမိဳ႕ခံၿပိဳင္ ဘက္ ခ်ဲလ္ဆီးကို အိမ္ကြင္းမွာလက္ခံကစားရမွာျဖစ္ၿပီး ဘ႐ိုက္တန္နဲ႔ ဝက္ဘရြန္းစ္အသင္းတို႔ကိုေတာ့ အေဝးကြင္းမွာ ယွဥ္ၿပိဳင္ကစားရမွာပဲ ျဖစ္ပါတယ္။
လက္ရွိအမွတ္ေပးဇယားမွာ အာဆင္နယ္အေနနဲ႔ အဆင့္-၁၅ ေနရာကို ေရာက္ရွိေနတာျဖစ္ၿပီး လာမယ့္ပြဲစဥ္ ၃ ပြဲမွာ ခ်ဲလ္ ဆီးတစ္သင္းတည္းသာ အမွတ္ေပးဇယားအထက္မွာရွိေနတာျဖစ္ၿပီး ဘ႐ိုက္တန္နဲ႔ ဝက္ဘရြန္းစ္အသင္းေတြကေတာ့ အာ ဆင္နယ္ရဲ႕ အဆင့္ရပ္တည္မႈေအာက္မွာ ရွိေနတာပဲျဖစ္ပါတယ္။ အာဆင္နယ္ဟာ ေနာက္ဆံုးကစားခဲ့တဲ့ ကာရာေဘာင္းဖ လား ကြာတားဖိုင္နယ္အဆင့္မွာ မန္စီးတီးအသင္းကို ဂိုးျပတ္ရႈံးခဲ့ၿပီး ၿပိဳင္ပြဲက ထြက္ခဲ့ရသလို ၿပိဳင္ပြဲစံု ေနာက္ဆံုး ၄ ပြဲဆက္ လည္း ႏိုင္ပြဲေပ်ာက္ထားတာျဖစ္ပါတယ္။
ခ်ဲလ္ဆီးနဲ႔ကစားမယ့္ပြဲ မတိုင္ခင္ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာေတာ့ အာဆင္နယ္နည္းျပ အာတီတာက “ လက္ရွိ အေနအထားအရ အသင္းရဲ႕အေျခအေနက စိုးရိမ္စရာလို႔ မေျပာႏိုင္ေသးပါဘူး။ ရလဒ္ေတြဆိုးရြားေနတယ္ဆိုေပမယ့္ လာမယ့္ ပြဲစဥ္ ၃ ပြဲစလံုး ရႈံးနိမ့္မွ အသင္းအေနနဲ႔ တန္းဆင္းဇုန္ထဲကို ေရာက္မွာပါ။ အသင္းအေနနဲ႔ အေကာင္းဆံုးျပန္လာ ႏိုင္ဖို႔အတြက္ ကြ်န္ေတာ္အပါအဝင္ အသင္းသားအားလံုးက ႀကိဳးစားေနၾကပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။