အသင်းခေါင်းဆောင် မလုပ်ရလို့ စိတ်ကောက်နေတဲ့ ဆာလက်ကို ချော့ခဲ့တဲ့ လီဗာပူးနည်းပြ ကလော့ပ်


ပြီးခဲ့တဲ့လက ယှဉ်ပြိုင်ကစားခဲ့တဲ့ မစ်ဂျီလန်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းခေါင်းဆောင်လက်ပတ် ဝတ်ဆင်ခွင့်မရခဲ့တာ ကြောင့် မကျေမနပ်ဖြစ်နေတဲ့ တိုက်စစ်မှူးဆာလက်ကို နည်းပြကလောပ်က ပြန်လည်ဖြေရှင်းမှုပြုလုပ်ခဲ့တယ်လို့ သိရပါ တယ်။ မစ်ဂျီလန်းနဲ့ပွဲစဉ်မှာ နောက်ခံလူတစ်ဦးဖြစ်တဲ့ အာနိုးလ်က အသင်းခေါင်းဆောင်အဖြစ်ကစားခဲ့ပြီး အသင်းသမိုင်း တစ်လျှောက် တတိယမြောက်အသက်အငယ်ဆုံး အသင်းခေါင်းဆောင်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။


မစ်ဂျီလန်းနဲ့ ကစားတဲ့ပွဲစဉ်မှာ အသင်းခေါင်းဆောင်ဖြစ်တဲ့ ဟန်ဒါဆင် ပါဝင်ခြင်းမရှိသလို ဂျိမ်းမီနာ၊ ဗန်ဒိုက်ခ်နဲ့ ဝီနယ်ဒန် တို့လည်း ပါဝင်ခြင်းမရှိတာကြောင့် ဆာလက်က သူအနေနဲ့ အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ခွင့်ရမယ်လို့ မျှော်လင့်ခဲ့ပေ မယ့် နည်းပြကလော့ပ်ကတော့ အာနိုးလ်ကို အသင်းခေါင်းဆောင်အဖြစ် အဲ့ဒီပွဲမှာ တာဝန်ယူစေခဲ့တာကြောင့် ဆာလက်က မကျေနပ်ခဲ့တာဖြစ်ပါတယ်။ ဆာလက်ရဲ့နိုင်ငံအသင်းဖော်ဟောင်းတစ်ဦးဖြစ်တဲ့ မိုဟာမက် အဘော်တီရီကာ က ဆာလက် အနေနဲ့ လီဗာပူးမှာ မပျော်မရွှင်ဖြစ်နေတယ်ဆိုပြီး ပြောကြားမှုတွေလည်း ရှိခဲ့ပါတယ်။


ဒီကိစ္စနဲ့ ပတ်သက်ပြီး လီဗာပူးနည်းပြ ကလော့ပ်က “ ကျွန်တော်အနေနဲ့ ကစားသမားဘဝတုန်းက အသင်းခေါင်းဆောင်အ ဖြစ် တာဝန်ယူခဲ့ဖူးတာကြောင့် အသင်းခေါင်းဆောင်တစ်ယောက်ရဲ့ အရေးပါမှုကို သိပါတယ်။ အသင်းမှာ ကစားသမား ကော်မတီရှိပါတယ်။ အသင်းခေါင်းဆောင် ဟန်ဒါဆင်မပါသလို ဂျိမ်းမီနာ၊ ဗန်ဒိုက်တို့လည်း မပါပါဘူး။ သူတို့မပါရင် အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူတဲ့ ဝီနယ်ဒန်လည်း မပါပါဘူး။ ဒီလိုအချိန်မှာ အသင်းမှာ အချိန်အကြာဆုံး ကစားသ မားကို အသင်းခေါင်းဆောင်အဖြစ်ခန့်အပ်ရပါတယ်။ အာနိုးလ်က လီဗာပူးအသင်းငယ်မွေးခြံပေါက်ဖြစ်ပြီး အသင်းမှာ ကစားတာ ၆ နှစ်ရှိပါပြီ” လို့ ပြောခဲ့ပါတယ်။

zawgyi version

အသင္းေခါင္းေဆာင္ မလုပ္ရလို႔ စိတ္ေကာက္ေနတဲ့ ဆာလက္ကို ေခ်ာ့ခဲ့တဲ့ လီဗာပူးနည္းျပ ကေလာ့ပ္
ၿပီးခဲ့တဲ့လက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ မစ္ဂ်ီလန္းနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ အသင္းေခါင္းေဆာင္လက္ပတ္ ဝတ္ဆင္ခြင့္မရခဲ့တာ ေၾကာင့္ မေက်မနပ္ျဖစ္ေနတဲ့ တိုက္စစ္မွဴးဆာလက္ကို နည္းျပကေလာပ္က ျပန္လည္ေျဖရွင္းမႈျပဳလုပ္ခဲ့တယ္လို႔ သိရပါ တယ္။ မစ္ဂ်ီလန္းနဲ႔ပြဲစဥ္မွာ ေနာက္ခံလူတစ္ဦးျဖစ္တဲ့ အာႏိုးလ္က အသင္းေခါင္းေဆာင္အျဖစ္ကစားခဲ့ၿပီး အသင္းသမိုင္း တစ္ေလွ်ာက္ တတိယေျမာက္အသက္အငယ္ဆံုး အသင္းေခါင္းေဆာင္အျဖစ္ မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။
မစ္ဂ်ီလန္းနဲ႔ ကစားတဲ့ပြဲစဥ္မွာ အသင္းေခါင္းေဆာင္ျဖစ္တဲ့ ဟန္ဒါဆင္ ပါဝင္ျခင္းမရွိသလို ဂ်ိမ္းမီနာ၊ ဗန္ဒိုက္ခ္နဲ႔ ဝီနယ္ဒန္ တို႔လည္း ပါဝင္ျခင္းမရွိတာေၾကာင့္ ဆာလက္က သူအေနနဲ႔ အသင္းေခါင္းေဆာင္အျဖစ္ ပြဲထြက္ခြင့္ရမယ္လို႔ ေမွ်ာ္လင့္ခဲ့ေပ မယ့္ နည္းျပကေလာ့ပ္ကေတာ့ အာႏိုးလ္ကို အသင္းေခါင္းေဆာင္အျဖစ္ အဲ့ဒီပြဲမွာ တာဝန္ယူေစခဲ့တာေၾကာင့္ ဆာလက္က မေက်နပ္ခဲ့တာျဖစ္ပါတယ္။ ဆာလက္ရဲ႕ႏိုင္ငံအသင္းေဖာ္ေဟာင္းတစ္ဦးျဖစ္တဲ့ မိုဟာမက္ အေဘာ္တီရီကာ က ဆာလက္ အေနနဲ႔ လီဗာပူးမွာ မေပ်ာ္မရႊင္ျဖစ္ေနတယ္ဆိုၿပီး ေျပာၾကားမႈေတြလည္း ရွိခဲ့ပါတယ္။
ဒီကိစၥနဲ႔ ပတ္သက္ၿပီး လီဗာပူးနည္းျပ ကေလာ့ပ္က “ ကြ်န္ေတာ္အေနနဲ႔ ကစားသမားဘဝတုန္းက အသင္းေခါင္းေဆာင္အ ျဖစ္ တာဝန္ယူခဲ့ဖူးတာေၾကာင့္ အသင္းေခါင္းေဆာင္တစ္ေယာက္ရဲ႕ အေရးပါမႈကို သိပါတယ္။ အသင္းမွာ ကစားသမား ေကာ္မတီရွိပါတယ္။ အသင္းေခါင္းေဆာင္ ဟန္ဒါဆင္မပါသလို ဂ်ိမ္းမီနာ၊ ဗန္ဒိုက္တို႔လည္း မပါပါဘူး။ သူတို႔မပါရင္ အသင္းေခါင္းေဆာင္အျဖစ္တာဝန္ယူတဲ့ ဝီနယ္ဒန္လည္း မပါပါဘူး။ ဒီလိုအခ်ိန္မွာ အသင္းမွာ အခ်ိန္အၾကာဆံုး ကစားသ မားကို အသင္းေခါင္းေဆာင္အျဖစ္ခန္႔အပ္ရပါတယ္။ အာႏိုးလ္က လီဗာပူးအသင္းငယ္ေမြးျခံေပါက္ျဖစ္ၿပီး အသင္းမွာ ကစားတာ ၆ ႏွစ္ရွိပါၿပီ” လို႔ ေျပာခဲ့ပါတယ္။