၂၀၂၀ ခုနှစ်အတွင်း ယူနိုက်တက်အသင်းအတွက် အခွင့်အရေးဖန်တီးပေးခဲ့တဲ့အကြိမ်အရေအတွက်က အခြားကစား သမားတွေ နှစ်ဆကျော်ရှိနေ


ပြီးခဲ့တဲ့နှစ်ဇန်နဝါရီလအပြောင်းအရွှေ့မှာ စပို့တင်းလစ္စဘွန်းအသင်းကနေ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာတဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ၂၀၂၀ ခုနှစ်အတွင်းမှာ အသင်းအတွက် ဂိုးရနိုင်လောက်တဲ့အခွင့်အရေးဖန်တီးပေးခဲ့တဲ့ အကြိမ်အရေအတွက်က အခြားကစားသမားတွေထက် ၂ ဆကျော်ရှိနေတယ်လို့ The Sun သတင်းစာရဲ့ဖော်ပြချက်အရ သိရပါတယ်။ ဖာနန်ဒက်စ်ရဲ့ အခွင့်အရေးဖန်တီးပေးခဲ့တဲ့ အကြိမ်အရေအတွက်က ၁၁၆ ကြိမ်ဖြစ်ပြီး ဒုတိယနေရာမှာတော့ ကွင်းလယ်လူ မာတာက အကြိမ် ၅၀ နဲ့ ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။


ဖာနန်ဒက်စ် ရောက်လာပြီးနောက်မှာ ယူနိုက်တက်အသင်းရဲ့ကွင်းလယ်ပိုင်းစွမ်းဆောင်မှုက သိသိသာသာပြောင်းလဲလာခဲ့ တာကြောင့် ပြီးခဲ့တဲ့နှစ်ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို အရယူနိုင်ခဲ့ပါတယ်။ အသက် ၂၆ နှစ်သာရှိသေးတဲ့ ဖာနန် ဒက်စ်ဟာ ဒီရာသီမှာ အသင်းအတွက် ဘောလုံးပေးပို့မှုတွေမှာ ၇၆.၁ ရာခိုင်နှုန်းအထိ အောင်မြင်ခဲ့သူလည်းဖြစ်ပါတယ်။ ဒီရာသီ ယူနိုက်တက်အသင်းက ဘောလုံးပေးပို့မှုတွေမှာ ၈၃.၁ ရာနှုန်းအောင်မြင်ခဲ့တယ်လို့လည်း သတင်းတွေရဲ့ ဖော်ပြ ချက်အရ သိရပါတယ်။


ဖာနန်ဒက်စ် အနေနဲ့ အသင်းကို ပြောင်းရွှေ့လာခဲ့ပြီးနောက် ၄၂ ပွဲကစားခဲ့ရာမှာ ဂိုးရနိုင်တဲ့အခွင့်အရေး ၁၁၆ ကြိမ် ဖန်တီး နိုင်ခဲ့တာဖြစ်ပါတယ်။ ဖာနန်ဒက်စ်ရဲ့ နောက်မှာတော့ ကွင်းလယ်လူ မာတာက ၅၀ ကြိမ်နဲ့ ရှိနေတာဖြစ်ပြီး သူရဲ့ နောက်မှာ တော့ တိုက်စစ်မှူး မာရှယ်လ်က ၄၆ ကြိမ်နဲ့ တတိယနေရာမှာ ရှိနေတာပဲ ဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဟာ ၂၀၂၀ခုနှစ် အ တွင်း ဂိုးရနိုင်တဲ့အခွင့်အရေး အများဆုံးဖန်တီးနိုင်တာတင်မဟုတ်ဘဲ အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ပါ ၂၅ ဂိုးသွင်းယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

zawgyi version

၂၀၂၀ ခုႏွစ္အတြင္း ယူႏိုက္တက္အသင္းအတြက္ အခြင့္အေရးဖန္တီးေပးခဲ့တဲ့အႀကိမ္အေရအတြက္က အျခားကစား သမားေတြ ႏွစ္ဆေက်ာ္ရွိေန
ၿပီးခဲ့တဲ့ႏွစ္ဇန္နဝါရီလအေျပာင္းအေရႊ႕မွာ စပို႔တင္းလစၥဘြန္းအသင္းကေန ယူႏိုက္တက္အသင္းကို ေျပာင္းေရႊ႕လာတဲ့ ကြင္းလယ္လူ ဖာနန္ဒက္စ္ဟာ ၂၀၂၀ ခုႏွစ္အတြင္းမွာ အသင္းအတြက္ ဂိုးရႏိုင္ေလာက္တဲ့အခြင့္အေရးဖန္တီးေပးခဲ့တဲ့ အႀကိမ္အေရအတြက္က အျခားကစားသမားေတြထက္ ၂ ဆေက်ာ္ရွိေနတယ္လို႔ The Sun သတင္းစာရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ ဖာနန္ဒက္စ္ရဲ႕ အခြင့္အေရးဖန္တီးေပးခဲ့တဲ့ အႀကိမ္အေရအတြက္က ၁၁၆ ႀကိမ္ျဖစ္ၿပီး ဒုတိယေနရာမွာေတာ့ ကြင္းလယ္လူ မာတာက အႀကိမ္ ၅၀ နဲ႔ ရွိေနခဲ့တာပဲ ျဖစ္ပါတယ္။
ဖာနန္ဒက္စ္ ေရာက္လာၿပီးေနာက္မွာ ယူႏိုက္တက္အသင္းရဲ႕ကြင္းလယ္ပိုင္းစြမ္းေဆာင္မႈက သိသိသာသာေျပာင္းလဲလာခဲ့ တာေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္ရာသီအကုန္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို အရယူႏိုင္ခဲ့ပါတယ္။ အသက္ ၂၆ ႏွစ္သာရွိေသးတဲ့ ဖာနန္ ဒက္စ္ဟာ ဒီရာသီမွာ အသင္းအတြက္ ေဘာလံုးေပးပို႔မႈေတြမွာ ၇၆.၁ ရာခိုင္ႏႈန္းအထိ ေအာင္ျမင္ခဲ့သူလည္းျဖစ္ပါတယ္။ ဒီရာသီ ယူႏိုက္တက္အသင္းက ေဘာလံုးေပးပို႔မႈေတြမွာ ၈၃.၁ ရာႏႈန္းေအာင္ျမင္ခဲ့တယ္လို႔လည္း သတင္းေတြရဲ႕ ေဖာ္ျပ ခ်က္အရ သိရပါတယ္။
ဖာနန္ဒက္စ္ အေနနဲ႔ အသင္းကို ေျပာင္းေရႊ႕လာခဲ့ၿပီးေနာက္ ၄၂ ပြဲကစားခဲ့ရာမွာ ဂိုးရႏိုင္တဲ့အခြင့္အေရး ၁၁၆ ႀကိမ္ ဖန္တီး ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဖာနန္ဒက္စ္ရဲ႕ ေနာက္မွာေတာ့ ကြင္းလယ္လူ မာတာက ၅၀ ႀကိမ္နဲ႔ ရွိေနတာျဖစ္ၿပီး သူရဲ႕ ေနာက္မွာ ေတာ့ တိုက္စစ္မွဴး မာရွယ္လ္က ၄၆ ႀကိမ္နဲ႔ တတိယေနရာမွာ ရွိေနတာပဲ ျဖစ္ပါတယ္။ ဖာနန္ဒက္စ္ဟာ ၂၀၂၀ခုႏွစ္ အ တြင္း ဂိုးရႏိုင္တဲ့အခြင့္အေရး အမ်ားဆံုးဖန္တီးႏိုင္တာတင္မဟုတ္ဘဲ အသင္းရဲ႕ဂိုးသြင္းအမ်ားဆံုးကစားသမားအျဖစ္ပါ ၂၅ ဂိုးသြင္းယူႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။