မက်ဆီရဲ့ ဂိုးသွင်းယူတာကို ခံခဲ့ရတဲ့ ဂိုးသမားတိုင်းကို Budweiser ဘီယာကုမ္ပဏီက အရည်အတွက်လိုက် ဘီယာတွေ ပို့ပေး

Budweiser ကုမ္ပဏီဟာ မက်ဆီရဲ့ စံချိန်တင်သွင်းဂိုး ၆၄၄ ဂိုးကို အထိမ်းအမှတ်အနေနဲ့ သူသွင်းခဲ့တဲ့ ဂိုးသမားတိုင်းကို ဘီယာပုလင်းတွေ ပို့ပေးခဲ့ပါတယ်။ ဘာစီလိုနာအသင်းခေါင်းဆောင်ဟာ အင်္ဂါနေ့ညက ပီလီရဲ့ ကာလရှည် စံချိန်တင်ထားတဲ့ ကလပ်အသင်းတစ်သင်းတည်းနဲ့ သွင်းဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် ဘီယာကုမ္ပဏီဟာ မက်ဆီရဲ့ ဂိုးသွင်းယူခြင်းကိုခံခဲ့ရတဲ့ ဂိုးသမားတိုင်းအတွက် အရေအတွက်လိုက် ပုလင်းတွေမှာ နံပါတ် တွေ တပ်ပြီး ပို့ပေးခဲ့ပါတယ်။ ဂျူဗင်တပ်စ်ဂိုးသမားကြီး ဘူဖွန်ကတော့ ၂၀၁၇ ချန်ပီယံလိဂ်တုန်းက မက်ဆီရဲ့ ဂိုးသွင်းယူခြင်းကို (၂) ကြိမ် ခံခဲ့ရသူဖြစ်ပြီး နံပါတ် (၅၁၄) နဲ့ (၅၁၅) ဘီယာပုလင်း တွေကို ရရှိခဲ့တာဖြစ်ပါတယ်။

အီတလီဂိုးသမားကြီးဟာ မက်ဆီရဲ့ စံချိန်အတွက် အင်စတာဂရမ်မှာ ဘီယာပုလင်းနဲ့ အတူ ဓာတ်ပုံရိုက်ပြီး ချီးကျူးဂုဏ်ပြုစကားလည်း ပြောပေးသွားခဲ့ပါတယ်။ မက်ဆီသွင်းယူခဲ့တဲ့ ၆၄၄ ဂိုးကို ဂိုးသမား ၁၆၀ က အသွင်းခံခဲ့ရတာ ဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်ဂိုးသမား အိုဘလက်ခ်ကတော့ ကစားသမားဘဝတစ်လျှောက် မက်ဆီရဲ့ ဂိုးသွင်းတာကို (၁၁) ကြိမ် ခံခဲ့ရပါတယ်။

ဒါ့အပြင် လက်ရှိချဲလ်ဆီးအသင်းမှာ နေရာပျောက်ဆုံးနေတဲ့ ဘီလ်ဘာအိုဂိုးသမား ကီပါလည်း ၂၀၁၇-၁၈ ဘောလုံးရာသီတုန်းက မက်ဆီဟာ (၂) ဂိုးသွင်းခဲ့လို့ ဘီယာပုလင်း (၂) ပုလင်းနဲ့ အတူတွေ့ခဲ့ရတာဖြစ်ပါတယ်။ မက်ဆီအများဆုံးဂိုးသွင်းတာကို ခံခဲ့ရတဲ့ ဂိုးသမားကတော့ ရီးရဲလ်မက်ဒရစ် ဂန္တဝင်ဂိုးသမားကြီး ကာဆီးလက်စ်ဖြစ်ပြီး (၁၇) ဂိုးတောင် အသွင်းခံခဲ့ရပါတယ်။ နောက်ဆုံးသွင်းဂိုးဖြစ်တဲ့ နံပါတ် (၆၄၄) ဂိုးမြောက်ဘီယာပုလင်းကိုတော့ ဗယ်လာဒိုးလစ်ဂိုးသမား မာဆစ်ပ်က ရရှိသွားတာ ဖြစ်ပါတယ်။

မက္ဆီရဲ႕ ဂိုးသြင္းယူတာကို ခံခဲ့ရတဲ့ ဂိုးသမားတိုင္းကို Budweiser ဘီယာကုမၸဏီက အရည္အတြက္လိုက္ ဘီယာေတြ ပို႔ေပး

Budweiser ကုမၸဏီဟာ မက္ဆီရဲ႕ စံခ်ိန္တင္သြင္းဂိုး ၆၄၄ ဂိုးကို အထိမ္းအမွတ္အေနနဲ႔ သူသြင္းခဲ့တဲ့ ဂိုးသမားတိုင္းကို ဘီယာပုလင္းေတြ ပို႔ေပးခဲ့ပါတယ္။ ဘာစီလိုနာအသင္းေခါင္းေဆာင္ဟာ အဂၤါေန႔ညက ပီလီရဲ႕ ကာလရွည္ စံခ်ိန္တင္ထားတဲ့ ကလပ္အသင္းတစ္သင္းတည္းနဲ႔ သြင္းဂိုးစံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါ့ေၾကာင့္ ဘီယာကုမၸဏီဟာ မက္ဆီရဲ႕ ဂိုးသြင္းယူျခင္းကိုခံခဲ့ရတ့ဲ ဂိုးသမားတိုင္းအတြက္ အေရအတြက္လိုက္ ပုလင္းေတြမွာ နံပါတ္ ေတြ တပ္ၿပီး ပို႔ေပးခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္ဂိုးသမားႀကီး ဘူဖြန္ကေတာ့ ၂၀၁၇ ခ်န္ပီယံလိဂ္တုန္းက မက္ဆီရဲ႕ ဂိုးသြင္းယူျခင္းကို (၂) ႀကိမ္ ခံခဲ့ရသူျဖစ္ၿပီး နံပါတ္ (၅၁၄) နဲ႔ (၅၁၅) ဘီယာပုလင္း ေတြကို ရရွိခဲ့တာျဖစ္ပါတယ္။

အီတလီဂိုးသမားႀကီးဟာ မက္ဆီရဲ႕ စံခ်ိန္အတြက္ အင္စတာဂရမ္မွာ ဘီယာပုလင္းနဲ႔ အတူ ဓာတ္ပံု႐ိုက္ၿပီး ခ်ီးက်ဴးဂုဏ္ျပဳစကားလည္း ေျပာေပးသြားခဲ့ပါတယ္။ မက္ဆီသြင္းယူခဲ့တဲ့ ၆၄၄ ဂိုးကို ဂိုးသမား ၁၆၀ က အသြင္းခံခဲ့ရတာ ျဖစ္ပါတယ္။ အက္သလက္တီကိုမက္ဒရစ္ဂိုးသမား အိုဘလက္ခ္ကေတာ့ ကစားသမားဘ၀တစ္ေလွ်ာက္ မက္ဆီရဲ႕ ဂိုးသြင္းတာကို (၁၁) ႀကိမ္ ခံခဲ့ရပါတယ္။

ဒါ့အျပင္ လက္ရွိခ်ဲလ္ဆီးအသင္းမွာ ေနရာေပ်ာက္ဆံုးေနတဲ့ ဘီလ္ဘာအိုဂိုးသမား ကီပါလည္း ၂၀၁၇-၁၈ ေဘာလံုးရာသီတုန္းက မက္ဆီဟာ (၂) ဂိုးသြင္းခဲ့လို႔ ဘီယာပုလင္း (၂) ပုလင္းနဲ႔ အတူေတြ႕ခဲ့ရတာျဖစ္ပါတယ္။ မက္ဆီအမ်ားဆံုးဂိုးသြင္းတာကို ခံခဲ့ရတဲ့ ဂိုးသမားကေတာ့ ရီးရဲလ္မက္ဒရစ္ ဂႏၲ၀င္ဂိုးသမားႀကီး ကာဆီးလက္စ္ျဖစ္ၿပီး (၁၇) ဂိုးေတာင္ အသြင္းခံခဲ့ရပါတယ္။ ေနာက္ဆံုးသြင္းဂိုးျဖစ္တဲ့ နံပါတ္ (၆၄၄) ဂိုးေျမာက္ဘီယာပုလင္းကိုေတာ့ ဗယ္လာဒိုးလစ္ဂိုးသမား မာဆစ္ပ္က ရရွိသြားတာ ျဖစ္ပါတယ္။