ချဲလ်ဆီးအသင်းကို အနိုင်ယူနိုင်တယ်လို့ ဆိုလိုက်တဲ့ အာဆင်နယ်နောက်ခံလူ ဟိုးလ်ဒင်း

အာဆင်နယ်အသင်းရဲ့ နောက်ခံလူ ဟိုးလ်ဒင်းက သူတို့ဟာ ဒီရာသီ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ရန်အတွက် ချဲလ်ဆီးအသင်းကို အနိုင်ယူနိုင်တယ်လို့ ပြောသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ မကြာသေးခင်က ချဲလ်ဆီးအသင်းနဲ့ မှတ်တမ်းတွေကို လာမယ့် စနေနေ့မှာ နှစ်သင်းတွေ့ဆုံမယ့် အချိန်မှာလည်း ဆက်ပြီး ထိန်းသိမ်းနိုင်မယ်လို့ ဟိုးလ်ဒင်းက မျှော်လင့်နေတာ ဖြစ်ပါတယ်။

ဟိုးလ်ဒင်းဟာ အူဘာမီးယန်းမကစားနိုင်မှာဖြစ်တဲ့အတွက် အသင်းခေါင်းဆောင် တာဝန်ယူူရမှာပါ။ သူဟာ ပွဲကောင်းတစ်ပွဲဖြစ်မယ်လို့လည်း မျှော်လင့်နေပါတယ်။

“ချဲလ်ဆီးအသင်းနဲ့ ပြီးခဲ့တဲ့ မှတ်တမ်းတွေမှာ အရမ်းကောင်းတဲ့ ပွဲတွေ ဖြစ်ခဲ့ပါတယ်။ အနည်းငယ်သရေကျခဲ့ပြီး အနည်းငယ် နိုင်ထားပါတယ်။ အဲ့ဒီမှတ်တမ်းကို ကျွန်တော်တို့ ဆက်ပြီး ထိန်းသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

သူတို့အသင်းက ကစားသမားအသစ်တွေကြောင့် ပွဲနဲ့ ပတ်သက်ပြီး သူတို့လည်း စိတ်လှုပ်ရှားနေမယ်ဆိုတာ ကျွန်တော်သိပါတယ်။ နည်းပြ လမ်းပတ်ကလည်း ဒီရာသီ နဲ့ ပြီးခဲ့တဲ့ရာသီက အသင်းကို အကောင်းဆုံးလုပ်ဆောင်ထားပါတယ်။ အကောင်းဆုံးပွဲတစ်ပွဲ ဖြစ်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” လို့ ဟိုးလ်ဒင်းက ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ခ်ဲလ္ဆီးအသင္းကို အႏိုင္ယူႏိုင္တယ္လို႔ ဆိုလိုက္တဲ့ အာဆင္နယ္ေနာက္ခံလူ ဟိုးလ္ဒင္း

အာဆင္နယ္အသင္းရဲ႕ ေနာက္ခံလူ ဟိုးလ္ဒင္းက သူတို႔ဟာ ဒီရာသီ လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္ရန္အတြက္ ခ်ဲလ္ဆီးအသင္းကို အႏိုင္ယူႏိုင္တယ္လို႔ ေျပာသြားခဲ့ပါတယ္။ အာဆင္နယ္အသင္းရဲ႕ မၾကာေသးခင္က ခ်ဲလ္ဆီးအသင္းနဲ႔ မွတ္တမ္းေတြကို လာမယ့္ စေနေန႔မွာ ႏွစ္သင္းေတြ႕ဆံုမယ့္ အခ်ိန္မွာလည္း ဆက္ၿပီး ထိန္းသိမ္းႏိုင္မယ္လို႔ ဟိုးလ္ဒင္းက ေမွ်ာ္လင့္ေနတာ ျဖစ္ပါတယ္။

ဟိုးလ္ဒင္းဟာ အူဘာမီးယန္းမကစားႏိုင္မွာျဖစ္တဲ့အတြက္ အသင္းေခါင္းေဆာင္ တာ၀န္ယူူရမွာပါ။ သူဟာ ပြဲေကာင္းတစ္ပြဲျဖစ္မယ္လို႔လည္း ေမွ်ာ္လင့္ေနပါတယ္။

“ခ်ဲလ္ဆီးအသင္းနဲ႔ ၿပီးခဲ့တဲ့ မွတ္တမ္းေတြမွာ အရမ္းေကာင္းတဲ့ ပြဲေတြ ျဖစ္ခဲ့ပါတယ္။ အနည္းငယ္သေရက်ခဲ့ၿပီး အနည္းငယ္ ႏိုင္ထားပါတယ္။ အဲ့ဒီမွတ္တမ္းကို ကၽြန္ေတာ္တို႔ ဆက္ၿပီး ထိန္းသြားႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

သူတို႔အသင္းက ကစားသမားအသစ္ေတြေၾကာင့္ ပြဲနဲ႔ ပတ္သက္ၿပီး သူတို႔လည္း စိတ္လႈပ္ရွားေနမယ္ဆိုတာ ကၽြန္ေတာ္သိပါတယ္။ နည္းျပ လမ္းပတ္ကလည္း ဒီရာသီ နဲ႔ ၿပီးခဲ့တဲ့ရာသီက အသင္းကို အေကာင္းဆံုးလုပ္ေဆာင္ထားပါတယ္။ အေကာင္းဆံုးပြဲတစ္ပြဲ ျဖစ္လာမယ္လို႔ ကၽြန္ေတာ္တို႔ ေမွ်ာ္လင့္ထားပါတယ္” လို႔ ဟိုးလ္ဒင္းက ေျပာသြားခဲ့တာ ျဖစ္ပါတယ္။