ခရစ္စမတ်နေ့ မနက်ပိုင်း လေ့ကျင့်ရေးဆင်းရတဲ့ ယူနိုက်တက်ကစားသမားများ

ယူနိုက်တက်ကစားသမားတွေဟာ ခရစ္စမတ်နေ့ မနက်ပိုင်းမှာ လေ့ကျင့်ရေးဆင်းရတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီနှစ် ခရစ္စမတ်နေ့မှာ လေ့ကျင့်ရေးဆင်းရပေမယ့် နှစ်ပတ်လည် ညစာစားပွဲကိုလည်း မလုပ်ပါဘူး။ နည်းပြ ဆိုးလ်ရှားရဲ့ အသင်းဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းကြီးထဲမှာ မနက် ၉ နာရီခွဲကတည်းက မိနစ် ၉၀ ကြာ လေ့ကျင့်ရေးအစီအစဉ်ကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဆိုးလ်ရှားရဲ့ အသင်းဟာ ဘောက်ဆင်းဒေးမှာ လက်စတာအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ကစားရမှာ ဖြစ်လို့ ယခုလို ပြင်ဆင်နေတာပါ။ သို့သော်လည်း နှစ်ပတ်လည်ပွဲတော်ကတော့ အင်္ဂလန်က အစိုးရရဲ့ ကိုဗစ်စည်းမျဉ်းတွေကြောင့် မလုပ်ခဲ့တာလို့ သိရပါတယ်။

ယူနိုက်တက်လူစာရင်းကိုတော့ သူတို့ရဲ့ သက်ဆိုင်ရာမိသားစုတွေနဲ့အတူ အိမ်မှာပဲ အတူတူ ခရစ္စမတ်ညကို ဖြတ်သန်းခွင်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ခရစ္စမတ်ညပြီးရင်တော့ လက်စတာအသင်းနဲ့ ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီ ခွဲမှာ ကစားမှာဖြစ်လို့ ပြန်လာရမှာဖြစ်တယ်လို့ သိရပါတယ်။

ခရစၥမတ္ေန႔ မနက္ပိုင္း ေလ့က်င့္ေရးဆင္းရတဲ့ ယူႏိုက္တက္ကစားသမားမ်ား

ယူႏိုက္တက္ကစားသမားေတြဟာ ခရစၥမတ္ေန႔ မနက္ပိုင္းမွာ ေလ့က်င့္ေရးဆင္းရတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ယူႏိုက္တက္အသင္းဟာ ဒီႏွစ္ ခရစၥမတ္ေန႔မွာ ေလ့က်င့္ေရးဆင္းရေပမယ့္ ႏွစ္ပတ္လည္ ညစာစားပြဲကိုလည္း မလုပ္ပါဘူး။ နည္းျပ ဆိုးလ္ရွားရဲ႕ အသင္းဟာ ကာရင္တန္ေလ့က်င့္ေရးကြင္းႀကီးထဲမွာ မနက္ ၉ နာရီခြဲကတည္းက မိနစ္ ၉၀ ၾကာ ေလ့က်င့္ေရးအစီအစဥ္ကို လုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။

ဆိုးလ္ရွားရဲ႕ အသင္းဟာ ေဘာက္ဆင္းေဒးမွာ လက္စတာအသင္းနဲ႔ အေ၀းကြင္းမွာ သြားေရာက္ကစားရမွာ ျဖစ္လို႔ ယခုလို ျပင္ဆင္ေနတာပါ။ သို႔ေသာ္လည္း ႏွစ္ပတ္လည္ပြဲေတာ္ကေတာ့ အဂၤလန္က အစိုးရရဲ႕ ကိုဗစ္စည္းမ်ဥ္းေတြေၾကာင့္ မလုပ္ခဲ့တာလို႔ သိရပါတယ္။

ယူႏိုက္တက္လူစာရင္းကိုေတာ့ သူတို႔ရဲ႕ သက္ဆိုင္ရာမိသားစုေတြနဲ႔အတူ အိမ္မွာပဲ အတူတူ ခရစၥမတ္ညကို ျဖတ္သန္းခြင္ေပးသြားမွာပဲ ျဖစ္ပါတယ္။ ခရစၥမတ္ညၿပီးရင္ေတာ့ လက္စတာအသင္းနဲ႔ ေဒသစံေတာ္ခ်ိန္ ေန႔လည္ ၁၂ နာရီ ခြဲမွာ ကစားမွာျဖစ္လို႔ ျပန္လာရမွာျဖစ္တယ္လို႔ သိရပါတယ္။