ချဲလ်ဆီးနဲ့ ပွဲကို အာဆင်နယ်အသင်းက အူဘာမီးယန်း နဲ့ သောမတ်စ်ပါတေး တို့ လွဲချော်

အာဆင်နယ်အသင်းခေါင်းဆောင် အူဘာမီးယန်း ဟာ ဘောက်ဆင်းဒေးမှာကစားမယ့် ချဲလ်ဆီးနဲ့ ပွဲကို ပါဝင်ကစားရန် ရုန်းကန်နေရပါတယ်။ အူဘာမီးယန်းဟာ ခြေသလုံးကြွက်သားဒဏ်ရာရကြောင့် အာဆင်နယ်အသင်းနဲ့ နောက်ဆုံး (၂) ပွဲကို လွဲချော်ခဲ့သူဖြစ်ပြီး နည်းပြ အာတီတာအနေနဲ့လည်း ရလဒ်တွေ ဆိုးရွားနေလို့ သူ့ကို အမြန်ပြန်လိုအပ်နေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ယူနိုက်တက်အသင်းကို နိုဝင်ဘာလက အိုးထရက်ဖိုဒ့်မှာ (၁-ဝ) နဲ့ အနိုင်ရပြီးကတည်းက ပရီးမီးယားလိဂ် (၇) ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တာဖြစ်ပြီး အမှတ်ပေးဇယား အဆင့် (၁၅) နေရာမှာ ရပ်တည်နေပါတယ်။

“”အူဘာမီးယန်းဟာ တတ်နိုင်သမျှ မြန်မြန် ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာရန်အတွက် ဆေးအဖွဲ့နဲ့ အလုပ်ကြိုးစားနေပါတယ်။ သူဟာ အခု သက်သာလာနေပြီး စနေနေ့ကစားမယ့်ပွဲကို ကစားနိုင်မလားဆိုတာ စစ်ဆေးရပါဦးမယ်” လို့ အာဆင်နယ်အသင်းက သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

သောမတ်စ်ပါတေးကတော့ ဒီလအစောပိုင်းတုန်းက စပါးအသင်းကို (၂-ဝ) နဲ့ ရှုံးခဲ့တဲ့ပွဲမှာ ပေါင်ခြံဒဏ်ရာ ရခဲ့တာကြောင့် ကစားနိုင်ဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။ အာဆင်နယ်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်က ကြေညာချက်မှာ “ သောမတ်စ်ကတော့ အခု မကစားနိုင်သေးပေမယ့် သီးသန်လေ့ကျင့်ရေးတော့ ဆင်းနေပါပြီ။ ကြံ့ခိုင်မှု အပြည့်အ၀ ပြန်လည်ကောင်းမွန်ဖို့အတွက် ထပ်ပြီး လုပ်ရမှာတွေ ရှိနေပါသေးတယ်” လို့ ဖော်ပြထားပါတယ်။

ခ်ဲလ္ဆီးနဲ႔ ပြဲကို အာဆင္နယ္အသင္းက အူဘာမီးယန္း နဲ႔ ေသာမတ္စ္ပါေတး တို႔ လြဲေခ်ာ္

အာဆင္နယ္အသင္းေခါင္းေဆာင္ အူဘာမီးယန္း ဟာ ေဘာက္ဆင္းေဒးမွာကစားမယ့္ ခ်ဲလ္ဆီးနဲ႔ ပြဲကို ပါ၀င္ကစားရန္ ႐ုန္းကန္ေနရပါတယ္။ အူဘာမီးယန္းဟာ ေျခသလံုးႂကြက္သားဒဏ္ရာရေၾကာင့္ အာဆင္နယ္အသင္းနဲ႔ ေနာက္ဆံုး (၂) ပြဲကို လြဲေခ်ာ္ခဲ့သူျဖစ္ၿပီး နည္းျပ အာတီတာအေနနဲ႔လည္း ရလဒ္ေတြ ဆိုးရြားေနလို႔ သူ႔ကို အျမန္ျပန္လိုအပ္ေနတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ယူႏိုက္တက္အသင္းကို ႏို၀င္ဘာလက အိုးထရက္ဖိုဒ့္မွာ (၁-၀) နဲ႔ အႏိုင္ရၿပီးကတည္းက ပရီးမီးယားလိဂ္ (၇) ပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ခဲ့တာျဖစ္ၿပီး အမွတ္ေပးဇယား အဆင့္ (၁၅) ေနရာမွာ ရပ္တည္ေနပါတယ္။

“”အူဘာမီးယန္းဟာ တတ္ႏိုင္သမွ် ျမန္ျမန္ ၾကံ့ခိုင္မႈ ျပန္လည္ျပည့္၀လာရန္အတြက္ ေဆးအဖြဲ႔နဲ႔ အလုပ္ႀကိဳးစားေနပါတယ္။ သူဟာ အခု သက္သာလာေနၿပီး စေနေန႔ကစားမယ့္ပြဲကို ကစားႏိုင္မလားဆိုတာ စစ္ေဆးရပါဦးမယ္” လို႔ အာဆင္နယ္အသင္းက သတင္းထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

ေသာမတ္စ္ပါေတးကေတာ့ ဒီလအေစာပိုင္းတုန္းက စပါးအသင္းကို (၂-၀) နဲ႔ ရႈံးခဲ့တဲ့ပြဲမွာ ေပါင္ျခံဒဏ္ရာ ရခဲ့တာေၾကာင့္ ကစားႏိုင္ဦးမွာ မဟုတ္ဘူးလို႔ သိရပါတယ္။ အာဆင္နယ္အသင္းရဲ႕ တရား၀င္၀က္ဘ္ဆိုဒ္က ေၾကညာခ်က္မွာ “ ေသာမတ္စ္ကေတာ့ အခု မကစားႏိုင္ေသးေပမယ့္ သီးသန္ေလ့က်င့္ေရးေတာ့ ဆင္းေနပါၿပီ။ ၾကံ့ခိုင္မႈ အျပည့္အ၀ ျပန္လည္ေကာင္းမြန္ဖို႔အတြက္ ထပ္ၿပီး လုပ္ရမွာေတြ ရွိေနပါေသးတယ္” လို႔ ေဖာ္ျပထားပါတယ္။