မန်စီးတီးအသင်းက ပစ်မှတ်ထားနေတဲ့ အသင်းရဲ့ နောက်ခံလူ ဒစ်ဂ်နေး စာချုပ်သစ် ချုပ်ဆိုမယ်လို့ ယုံကြည်နေတဲ့ အဲဗာတန်နည်းပြ အန်စလော့တီ

အဲဗာတန်အသင်းရဲ့ နည်းပြ အန်စလော့တီက အသင်းရဲ့ နောက်ခံလူ ဒစ်ဂ်နေး ကို စာချုပ်သစ်ချုပ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ အန်စလော့တီက ပြင်သစ်ဘယ်နောက်ခံလူရဲ့ စာချုပ်သစ်ကိစ္စကို လုပ်ဆောင်နေပြီလို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

“ အခြေအနေတွေကတော့ ကျွန်တော်တို့ဟာ လူးကပ်စ်ကို ပျော်ပျော်ကြီး စာချုပ်သစ်ကမ်းလှမ်းသွားမှာ ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ သူဟာ အခုလက်ရှိကော အနာဂတ်အတွက်ပါ အသင်းအတွက် အရေးပါတဲ့ ကစားသမား တစ်ယောက်ဖြစ်ပါတယ်။ စာချုပ်သစ်ကိစ္စက ပြဿနာမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူလည်း အဲဗာတန်အသင်းမှာ ပျော်ရွှင်နေပြီး သူ့ကို ပိုင်ဆိုင်ထားရလို့ ကျွန်တော်တို့လည်း ပျော်ရွှင်မိပါတယ်” လို့ အန်စလော့တီက ပြောသွားခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ်ကစားသမားရဲ့ လက်ရှိစာချုပ်သက်တမ်းက ၂၀၂၃ ခုနှစ်အထိ ဖြစ်ပြီး မန်စီးတီးအသင်းက ခေါ်ယူရန် ဆက်သွယ်မှုတွေ လုပ်နေတာ ဖြစ်ပါတယ်။




