ကာရာဘောင်ဖလားကို အရယူသွားရန် ယူနိုက်တက်အသင်းကို တိုက်တွန်းလိုက် မက်ဂွဲရား

အဲဗာတန်အသင်းကို ဂွတ်ဆင်ပတ်ခ်မှာ အနိုင်ယူပြီးနောက် ယူနိုက်တက်အသင်းဟာ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ ပွဲဟာ ဂိုးမရှိသရေနဲ့ ပွဲပြီးတော့မယ်လို့ ထင်ခဲ့ရပြီး ပင်နယ်တီ အဆုံးအဖြတ် ကန်ရမယ်လို့ သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း ယူနိုက်တက်တိုက်စစ်မှူး ကာဗာနီက ပွဲပြီးရန် ၂ မိနစ်အလိုမှာ ဦးဆောင်ဂိုးသွင်းပေးခဲ့ပါတယ်။ ဥရုဂွေးကစားသမားဟာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ပိုင်းကို တစ်ချိန်လုံး ဦးဆောင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် လူစားဝင်ကစားသမား မာရှယ်လ်က နာကျင်အချိန်ပိုမှာ နောက်တစ်ဂိုးသွင်းပေးခဲ့ပါတယ်။ အဲဗာတန်အသင်းကတော့ ပွဲပြီးတဲ့အထိ ချေပဂိုးမသွင်းနိုင်ခဲ့လို့ ယူနိုက်တက်အသင်းက (၂-ဝ) နဲ့ ပွဲအပြီးမှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ယခုအခါ ဆီမီးဖိုင်နယ်မှာ မန်စီးတီး နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး စပါးအသင်းက ဘရန့်ဖိုဒ့်နဲ့ ကစားရမှာပါ။ အသင်းခေါင်းဆောင် မက်ဂွဲရားကတော့ အသင်းအနေနဲ့ ဖလားတွေ ရဖို့ လိုအပ်နေပြီလို့ ပြောသွားခဲ့ပါတယ်။

“ဒီပွဲက အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်ဖြစ်ပြီး ကျွန်တော်တို့ အစောကြီးကတည်း ဂိုးရသင့်ပါတယ်။ ကျွန်တော်တို့ အခွင့်အရေး (၃) (၄) ကြိမ် ရခဲ့ပါတယ်။ ဒီထက်ပိုသွင်းသင့်ပါတယ်။ ကာဗာနီရဲ့ အဆုံးအသတ်က အရမ်းကောင်းပါတယ်။ သူဟာ ဒဏ်ရာရခဲ့ပေမယ့် ဒီလိုပြန်လာနိုင်ခဲ့တာ ကောင်းပါတယ်။ သူ့ကစားသမားဘဝတစ်လျှောက်လည်း သူဟာ ဒီလိုထိပ်တန်းကစားသမား တစ်ယောက်ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ဆုဖလားတွေကို မျှော်လင့်နေပါတယ်။ အဲ့ဒီလို ပွဲကြီးတွေကိုရောက်ဖို့ အရေးကြီးပေမယ့် အသင်းအတွက် ဒီလိုဖလားလေးတွေကိုလည်း ရဖို့ လိုအပ်နေပါတယ်။ ကျွန်တော်တို့ဟာ ပွဲကို ထိန်းချုပ်ကစားသွားပြီး အနိုင်ရလဒ်နဲ့ ထိုက်တန်ပါတယ်” လို့ မက်ဂွဲရားက ပြောသွားခဲ့တာဖြစ်ပါတယ်။

ကာရာေဘာင္ဖလားကို အရယူသြားရန္ ယူႏိုက္တက္အသင္းကို တိုက္တြန္းလိုက္ မက္ဂြဲရား

အဲဗာတန္အသင္းကို ဂြတ္ဆင္ပတ္ခ္မွာ အႏိုင္ယူၿပီးေနာက္ ယူႏိုက္တက္အသင္းဟာ ကာရာေဘာင္ဖလား ဆီမီးဖိုင္နယ္ကို တက္လွမ္းသြားႏိုင္ခဲ့ပါတယ္။ ပြဲဟာ ဂိုးမရွိသေရနဲ႔ ပြဲၿပီးေတာ့မယ္လို႔ ထင္ခဲ့ရၿပီး ပင္နယ္တီ အဆံုးအျဖတ္ ကန္ရမယ္လို႔ သတ္မွတ္ထားခဲ့တာ ျဖစ္ပါတယ္။ သို႔ေသာ္လည္း ယူႏိုက္တက္တိုက္စစ္မွဴး ကာဗာနီက ပြဲၿပီးရန္ ၂ မိနစ္အလိုမွာ ဦးေဆာင္ဂိုးသြင္းေပးခဲ့ပါတယ္။ ဥ႐ုေဂြးကစားသမားဟာ ယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္ပိုင္းကို တစ္ခ်ိန္လံုး ဦးေဆာင္ခဲ့ေပမယ့္ ေနာက္ဆံုးမွာေတာ့ ဂိုးသြင္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ လူစား၀င္ကစားသမား မာရွယ္လ္က နာက်င္အခ်ိန္ပိုမွာ ေနာက္တစ္ဂိုးသြင္းေပးခဲ့ပါတယ္။ အဲဗာတန္အသင္းကေတာ့ ပြဲၿပီးတဲ့အထိ ေခ်ပဂိုးမသြင္းႏိုင္ခဲ့လို႔ ယူႏိုက္တက္အသင္းက (၂-၀) နဲ႔ ပြဲအၿပီးမွာ အႏိုင္ရခဲ့တာ ျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ ယခုအခါ ဆီမီးဖိုင္နယ္မွာ မန္စီးတီး နဲ႔ ရင္ဆိုင္ရမွာ ျဖစ္ၿပီး စပါးအသင္းက ဘရန္႔ဖိုဒ့္နဲ႔ ကစားရမွာပါ။ အသင္းေခါင္းေဆာင္ မက္ဂြဲရားကေတာ့ အသင္းအေနနဲ႔ ဖလားေတြ ရဖို႔ လိုအပ္ေနၿပီလို႔ ေျပာသြားခဲ့ပါတယ္။

“ဒီပြဲက အရမ္းေကာင္းတဲ့ စြမ္းေဆာင္ရည္ျဖစ္ၿပီး ကၽြန္ေတာ္တို႔ အေစာႀကီးကတည္း ဂိုးရသင့္ပါတယ္။ ကၽြန္ေတာ္တို႔ အခြင့္အေရး (၃) (၄) ႀကိမ္ ရခဲ့ပါတယ္။ ဒီထက္ပိုသြင္းသင့္ပါတယ္။ ကာဗာနီရဲ႕ အဆံုးအသတ္က အရမး္ေကာင္းပါတယ္။ သူဟာ ဒဏ္ရာရခဲ့ေပမယ့္ ဒီလိုျပန္လာႏိုင္ခဲ့တာ ေကာင္းပါတယ္။ သူ႔ကစားသမားဘ၀တစ္ေလွ်ာက္လည္း သူဟာ ဒီလိုထိပ္တန္းကစားသမား တစ္ေယာက္ျဖစ္ပါတယ္။

ကၽြန္ေတာ္တို႔ဟာ ဆုဖလားေတြကို ေမွ်ာ္လင့္ေနပါတယ္။ အဲ့ဒီလို ပြဲႀကီးေတြကိုေရာက္ဖို႔ အေရးႀကီးေပမယ့္ အသင္းအတြက္ ဒီလိုဖလားေလးေတြကိုလည္း ရဖို႔ လိုအပ္ေနပါတယ္။ ကၽြန္ေတာ္တို႔ဟာ ပြဲကို ထိန္းခ်ဳပ္ကစားသြားၿပီး အႏိုင္ရလဒ္နဲ႔ ထိုက္တန္ပါတယ္” လို႔ မက္ဂြဲရားက ေျပာသြားခဲ့တာျဖစ္ပါတယ္။