ခက်ခဲနေတဲ့ အသင်းကို ကူညီချင်ကြောင်း ပြောခဲ့တဲ့ အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ် အသင်းရဲ့

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးရွားဆုံးရာသီအစပွဲစဉ်တွေနဲ့ ရင်ဆိုင်နေရတဲ့ အာဆင်နယ်အသင်းအ တွက် သူအနေနဲ့ ကူညီချင်ကြောင်းကို အသင်းရဲ့ လူစာရင်းမှာ ပါဝင်ခွင့်မရခဲ့တဲ့ ကွင်းလယ်လူအိုဇေးလ်က ပြောခဲ့ပါတယ်။ ပုံမှန်ခြေစွမ်းပျောက်ဆုံးမှု ၊ နည်းပြ အာတီတာနဲ့ အဆင်မပြေမှုတွေကြောင့် အသင်းရဲ့ လူစာရင်းကနေ အိုဇေးလိအနေနဲ့ ဒီရာသီမှာ ဖယ်ရှား ခံခဲ့ရတာဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ အိုဇေးလ်ဟာ အာဆင်နယ်မှာ တစ်ပတ်ကို ပေါင်သုံး သိန်းခွဲရနေသူဖြစ်ပြီး စာချုပ်သက်တမ်းကလည်း နောက်ဆုံးနှစ်ကို ရောက်ရှိနေသူဖြစ်ပါတယ်။ အိုဇေးလ်ဟာ မတ်လ ၇ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝက်စ်ဟမ်းကို အနိုင်ရတဲ့ပွဲမှာ အသင်းအတွက် နောက်ဆုံးပါဝင်ယှဉ်ပြိုင်ကစားခွင့်ရခဲ့ပြီး နောက် အသင်းရဲ့အရန်စာရင်းမှာ ပါဝင်ခဲ့ရမှုတွေရှိခဲ့ပေမယ့် ပွဲကစားမရခဲ့ပါဘူး။

ဒီရာသီမှာတော့ အိုဇေးလ်ဟာ အသင်း သားအဖြစ်ရှိနေပေမယ့် အသင်းရဲ့ လူစာရင်းကနေ ဖယ်ရှားခံခဲ့ရတာပဲ ဖြစ်ပါတယ်။ လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းခွင့်ရမှာဖြစ်သလို ဇန်နဝါရီအပြောင်းအရွှေ့မှာလည်း အသင်းပြောင်းဖို့ သတင်းတွေထွက်နေပေမယ့် အိုဇေးလ်က “ ဒီအချိန်မှာ အသင်းတိုင်းက ရုန်းကန်နေရတယ်ဆိုပေ မယ့် အာဆင်နယ်က ပိုပြီး အခြေအနေဆိုးရွားနေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း အသင်းနဲ့ သက်ဆိုင်သူအားလုံးမှာ တာဝန်ရှိပါတယ်။ ခက်ခဲနေတဲ့အသင်းအတွက် ကျွန်တော်အနေနဲ့ ကူညီခွင့်ရချင်ပါတယ်” လို့ပြောခဲ့ပါတယ်။ အာဆင်နယ် ဟာ လက်ရှိအမှတ်ပေးဇယား အဆင့်-၁၅ နေရာကို ရောက်ရှိနေတာဖြစ်ပြီး တန်းဆင်းဇုန်နဲ့ ၄မှတ်သာ ကွာဟနေတာ ဖြစ် ပါတယ်။

ခက္ခဲေနတဲ့ အသင္းကို ကူညီခ်င္ေၾကာင္း ေျပာခဲ့တဲ့ အာဆင္နယ္ကြင္းလယ္လူ အိုေဇးလ္ အသင္းရဲ႕

ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ အဆိုးရြားဆံုးရာသီအစပြဲစဥ္ေတြနဲ႔ ရင္ဆိုင္ေနရတဲ့ အာဆင္နယ္အသင္းအ တြက္ သူအေနနဲ႔ ကူညီခ်င္ေၾကာင္းကို အသင္းရဲ႕ လူစာရင္းမွာ ပါဝင္ခြင့္မရခဲ့တဲ့ ကြင္းလယ္လူအိုေဇးလ္က ေျပာခဲ့ပါတယ္။ ပံုမွန္ေျခစြမ္းေပ်ာက္ဆံုးမႈ ၊ နည္းျပ အာတီတာနဲ႔ အဆင္မေျပမႈေတြေၾကာင့္ အသင္းရဲဲ႕ လူစာရင္းကေန အိုေဇးလိအေနနဲ႔ ဒီရာသီမွာ ဖယ္ရွား ခံခဲ့ရတာျဖစ္ပါတယ္။

ကမ႓ာ့အေကာင္းဆံုးကြင္းလယ္လူေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္တဲ့ အိုေဇးလ္ဟာ အာဆင္နယ္မွာ တစ္ပတ္ကို ေပါင္သံုး သိန္းခြဲရေနသူျဖစ္ၿပီး စာခ်ဳပ္သက္တမ္းကလည္း ေနာက္ဆံုးႏွစ္ကို ေရာက္ရွိေနသူျဖစ္ပါတယ္။ အိုေဇးလ္ဟာ မတ္လ ၇ ရက္ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဝက္စ္ဟမ္းကို အႏိုင္ရတဲ့ပြဲမွာ အသင္းအတြက္ ေနာက္ဆံုးပါဝင္ယွဥ္ၿပိဳင္ကစားခြင့္ရခဲ့ၿပီး ေနာက္ အသင္းရဲ႕အရန္စာရင္းမွာ ပါဝင္ခဲ့ရမႈေတြရွိခဲ့ေပမယ့္ ပြဲကစားမရခဲ့ပါဘူး။

ဒီရာသီမွာေတာ့ အိုေဇးလ္ဟာ အသင္း သားအျဖစ္ရွိေနေပမယ့္ အသင္းရဲ႕ လူစာရင္းကေန ဖယ္ရွားခံခဲ့ရတာပဲ ျဖစ္ပါတယ္။ လာမယ့္ေႏြရာသီမွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ အသင္းေျပာင္းခြင့္ရမွာျဖစ္သလို ဇန္နဝါရီအေျပာင္းအေရႊ႕မွာလည္း အသင္းေျပာင္းဖို႔ သတင္းေတြထြက္ေနေပမယ့္ အိုေဇးလ္က “ ဒီအခ်ိန္မွာ အသင္းတိုင္းက ႐ုန္းကန္ေနရတယ္ဆိုေပ မယ့္ အာဆင္နယ္က ပိုၿပီး အေျခအေနဆိုးရြားေနပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့လည္း အသင္းနဲ႔ သက္ဆိုင္သူအားလံုးမွာ တာဝန္ရွိပါတယ္။ ခက္ခဲေနတဲ့အသင္းအတြက္ ကြ်န္ေတာ္အေနနဲ႔ ကူညီခြင့္ရခ်င္ပါတယ္” လို႔ေျပာခဲ့ပါတယ္။ အာဆင္နယ္ ဟာ လက္ရွိအမွတ္ေပးဇယား အဆင့္-၁၅ ေနရာကို ေရာက္ရွိေနတာျဖစ္ၿပီး တန္းဆင္းဇုန္နဲ႔ ၄မွတ္သာ ကြာဟေနတာ ျဖစ္ ပါတယ္။