VAR မပါသေးတာကြောင့် လက်နဲ့ တွန်းထိုးခဲ့ပေမယ့် အနီကတ်ပြစ်ဒဏ်မထိခဲ့တဲ့ ယူနိုက်တက်တိုက်စစ်မှူး ကာဗာနီ

ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ လိဂ်ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ ယူနိုက်တက်အသင်းက အဲဗာတန်အသင်းကို တိုက်စစ်မှူးတွေဖြစ်တဲ့ ကာဗာနီ၊ မာရှယ်လ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာတော့ ယူနိုက်တက်တိုက်စစ်မှူး ကာဗာနီအနေနဲ့ အဲဗာတန်နောက်ခံလူ မီနာကို ဘောလုံးမရှိချိန်မှာ လည်ပင်းကိုတွန်းပြီး ရန်လိုတဲ့အပြုအမူပြုလုပ်ခဲ့ပေ မယ့် ကွင်းလယ်ဒိုင်ဖြစ်တဲ့ အန်ဒီမက်ဒလေကတော့ အရေးယူမှု တစ်စုံတစ်ရာပြုလုပ်ခဲ့ခြင်းမရှိတာပဲ ဖြစ်ပါတယ်။


လိဂ်ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ရောက်မှ VAR ကို အသုံးပြုမှာဖြစ်တာကြောင့် အဲဗာတန်နဲ့ ကစားခဲ့တဲ့ ကွာတားဖိုင် နယ်ပွဲစဉ်မှာ ကာဗာနီအနေနဲ့ အနီကတ်ပြစ်ဒဏ်ကျခံရမယ့် အရေးကနေလွတ်မြောက်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ သတင်း ထောက်တွေရဲ့ မေးမြန်းမှုကို ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက “ တောင်အမေရိကတိုက်သားနှစ်ယောက်ရဲ့ ထိပ် တိုက်တွေ့ဆုံမှုလို့ပဲ ဆိုချင်ပါတယ်။ အရေးယူမှုခံရမယ်ဆိုရင်တောင် ကာဗာနီအနေနဲ့ အဝါကတ်လောက်ပဲ ထိမှာပါ။ သူက တိုက်စစ်မှူးတစ်ယောက်ဖြစ်ပြီး သူရဲ့လှုပ်ရှားမှုအတိုင်းလုပ်ဆောင်ရင်း ဖြစ်သွားတာကြောင့်ပါ” ဆိုပြီး ပြောသွားခဲ့ပါတယ်။


အဲဗာတန်နည်းပြ အန်ဆယ်လော့တီကတော့ ဒီဖြစ်ရပ်အတွက် ပြန်လည်ကြည့်ရှုစရာ သက်သေမရှိတာကြောင့် ဘာမှ ပြော လို့ မရသလို ဒီကိစ္စအတွက်လည်း အဝတ်လဲခန်းအတွင်းမှာ အရေးတကြီးပြောစရာမလိုကြောင်းကို ပွဲအပြီးမှာ ပြောသွားခဲ့ ပါတယ်။ ယူနိုက်တက်ဟာ လိဂ်ဖလားဆီမီးဖိုင်နယ်အဆင့်မှာတော့ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို အိမ်ကွင်းမှာ လက် ခံကစားရမှာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် လိဂ်ဖလားဆီမီးဖိုင်နယ်အဆင့်မှာလည်း မန်ချက်စတာမြို့ခံနှစ်သင်း ထိပ်တိုက်တွေ့ ဆုံခဲ့ပြီး အီတီဟတ်မှာ ယူနိုက်တက်က တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် အိုးထရက်ဖို့ဒ်မှာ မန်စီးတီးက သုံးဂိုးတစ်ဂိုးနဲ့ ပြန်ပြီး အနိုင်ရသွားတာကြောင့် ဗိုလ်လုပွဲကို မန်စီးတီးတက်ရောက်သွားပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ ဒီနှစ် လိဂ် ဖလားဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်တွေကိုတော့ တစ်ကျော့တည်းယှဉ်ပြိုင်ကစားဖြစ်ပါတယ်

VAR မပါေသးတာေၾကာင့္ လက္နဲ႔ တြန္းထိုးခဲ့ေပမယ့္ အနီကတ္ျပစ္ဒဏ္မထိခဲ့တဲ့ ယူႏိုက္တက္တိုက္စစ္မႉး ကာဗာနီ

ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ လိဂ္ဖလားကြာတားဖိုင္နယ္ပြဲစဥ္မွာေတာ့ ယူႏိုက္တက္အသင္းက အဲဗာတန္အသင္းကို တိုက္စစ္မႉးေတြျဖစ္တဲ့ ကာဗာနီ၊ မာရွယ္လ္တို႔ရဲ႕ သြင္းဂိုးေတြနဲ႔ အႏိုင္ရခဲ့ပါတယ္။ ဒီပြဲမွာေတာ့ ယူႏိုက္တက္တိုက္စစ္မႉး ကာဗာနီအေနနဲ႔ အဲဗာတန္ေနာက္ခံလူ မီနာကို ေဘာလုံးမရွိခ်ိန္မွာ လည္ပင္းကိုတြန္းၿပီး ရန္လိုတဲ့အျပဳအမူျပဳလုပ္ခဲ့ေပ မယ့္ ကြင္းလယ္ဒိုင္ျဖစ္တဲ့ အန္ဒီမက္ဒေလကေတာ့ အေရးယူမႈ တစ္စုံတစ္ရာျပဳလုပ္ခဲ့ျခင္းမရွိတာပဲ ျဖစ္ပါတယ္။

လိဂ္ဖလားၿပိဳင္ပြဲရဲ႕ ဆီမီးဖိုင္နယ္အဆင့္ေရာက္မွ VAR ကို အသုံးျပဳမွာျဖစ္တာေၾကာင့္ အဲဗာတန္နဲ႔ ကစားခဲ့တဲ့ ကြာတားဖိုင္ နယ္ပြဲစဥ္မွာ ကာဗာနီအေနနဲ႔ အနီကတ္ျပစ္ဒဏ္က်ခံရမယ့္ အေရးကေနလြတ္ေျမာက္ခဲ့ပါတယ္။ ပြဲအၿပီးမွာေတာ့ သတင္း ေထာက္ေတြရဲ႕ ေမးျမန္းမႈကို ယူႏိုက္တက္အသင္းနည္းျပ ဆိုးလ္ရွားက “ ေတာင္အေမရိကတိုက္သားႏွစ္ေယာက္ရဲ႕ ထိပ္ တိုက္ေတြ႕ဆုံမႈလို႔ပဲ ဆိုခ်င္ပါတယ္။ အေရးယူမႈခံရမယ္ဆိုရင္ေတာင္ ကာဗာနီအေနနဲ႔ အဝါကတ္ေလာက္ပဲ ထိမွာပါ။ သူက တိုက္စစ္မႉးတစ္ေယာက္ျဖစ္ၿပီး သူရဲ႕လႈပ္ရွားမႈအတိုင္းလုပ္ေဆာင္ရင္း ျဖစ္သြားတာေၾကာင့္ပါ” ဆိုၿပီး ေျပာသြားခဲ့ပါတယ္။

အဲဗာတန္နည္းျပ အန္ဆယ္ေလာ့တီကေတာ့ ဒီျဖစ္ရပ္အတြက္ ျပန္လည္ၾကည့္ရႈစရာ သက္ေသမရွိတာေၾကာင့္ ဘာမွ ေျပာ လို႔ မရသလို ဒီကိစၥအတြက္လည္း အဝတ္လဲခန္းအတြင္းမွာ အေရးတႀကီးေျပာစရာမလိုေၾကာင္းကို ပြဲအၿပီးမွာ ေျပာသြားခဲ့ ပါတယ္။ ယူႏိုက္တက္ဟာ လိဂ္ဖလားဆီမီးဖိုင္နယ္အဆင့္မွာေတာ့ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးအသင္းကို အိမ္ကြင္းမွာ လက္ ခံကစားရမွာပဲ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ လိဂ္ဖလားဆီမီးဖိုင္နယ္အဆင့္မွာလည္း မန္ခ်က္စတာၿမိဳ႕ခံႏွစ္သင္း ထိပ္တိုက္ေတြ႕ ဆုံခဲ့ၿပီး အီတီဟတ္မွာ ယူႏိုက္တက္က တစ္ဂိုးဂိုးမရွိနဲ႔ အႏိုင္ရခဲ့ေပမယ့္ အိုးထရက္ဖို႔ဒ္မွာ မန္စီးတီးက သုံးဂိုးတစ္ဂိုးနဲ႔ ျပန္ၿပီး အႏိုင္ရသြားတာေၾကာင့္ ဗိုလ္လုပြဲကို မန္စီးတီးတက္ေရာက္သြားၿပီး ခ်န္ပီယံဆုကို ရယူႏိုင္ခဲ့ပါတယ္။ ဒီႏွစ္ လိဂ္ ဖလားဆီမီးဖိုင္နယ္အဆင့္ ပြဲစဥ္ေတြကိုေတာ့ တစ္ေက်ာ့တည္းယွဥ္ၿပိဳင္ကစားျဖစ္ပါတယ္