တန်းမဆင်းရရေးအတွက် အာဆင်နယ်အသင်းကလည်း ပြိုင်ဘက်တစ်သင်းဖြစ်တယ်လို့ ဆိုလိုက်တဲ့ ဝက်စ်ဘရွန်းနည်းပြ ဆမ်အလာဒိုက်စ်

ဝက်စ်ဘရွန်းနည်းပြ ဆမ်အလာဒိုက်စ်က အာဆင်နယ်အသင်းဟာ သူတို့အသင်းတန်းမဆင်းရရေးအတွက် ပြိုင်ဘက်တစ်သင်းအဖြစ် ထည့်သွင်းစဉ်းစားရမယ်လို့ ပြောသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ တန်းဆင်းဇုန်နဲ့ (၄) မှတ်ကွာဟနေပြီး ဝက်စ်ဘရွန်းအသင်းထက် (၇) မှတ်အသာရထားပါတယ်။ ဝက်စ်ဘရွန်းအသင်းဟာ တနင်္ဂနွေနေ့မှာ လီဗာပူးလ်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ ဆက်လက်ရပ်တည်နေရေးအတွက် အာဆင်နယ်အသင်းကို ပြိုင်ဘက်အဖြစ် သတ်မှတ်ထားသလားလို့ မေးမြန်းခဲ့ရာ ဆမ်အလာဒိုက်စ်က “ တစ်ကယ်လို့ သူတို့ဟာ အောက်ဆုံး (၈) သင်း စာရင်းဝင်မယ်ဆိုရင်တော့ ဟုတ်ပါတယ်။ ပါမှာ အသေအချာပါပဲ။ပရီးမီးယားလိဂ်မှာ မဟုတ်ခဲ့တာတောင်သူတို့ဟာ မန်စီးတီးအသင်းကို ရှုံးခဲ့ပါတယ်။ အဲ့ဒါတွေကြောင့် ကျွန်တော်တို့ဟာ အာဆင်နယ်အသင်းကို သတ်မှတ်လိုက်တာပါ။ သူတို့ကို ဘယ်လိုတွေက သက်ရောက်စေမှာလဲဆိုတာကို အံ့အားသင့်မှာပါ။

သူတို့ဘာကြောင့် ဒီအောက်မှာ ရှိနေရတာလဲဆိုတာကို အံ့အားသင့်နေမှာပါ။ ဒီနေရာကနေ လွတ်မြောက်ဖို့ ဘာတွေပေးဆပ်ရမလဲဆိုတာ သူတို့ အံ့အားသင့်နေမှာပါ။ ဘာပေးဆပ်ရမလဲဆိုတာကို ကျွန်တော်ကတော့ သိပါတယ်။ ကျွန်တော့်ကစားသမားတွေ အဲ့ဒီလို လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ဆမ်အလာဒိုက်စ်က ပြောသွားခဲ့ပါတယ်။

တန္းမဆင္းရေရးအတြက္ အာဆင္နယ္အသင္းကလည္း ၿပိဳင္ဘက္တစ္သင္းျဖစ္တယ္လို႔ ဆိုလိုက္တဲ့ ၀က္စ္ဘရြန္းနည္းျပ ဆမ္အလာဒိုက္စ္

၀က္စ္ဘရြန္းနည္းျပ ဆမ္အလာဒိုက္စ္က အာဆင္နယ္အသင္းဟာ သူတို႔အသင္းတန္းမဆင္းရေရးအတြက္ ၿပိဳင္ဘက္တစ္သင္းအျဖစ္ ထည့္သြင္းစဥ္းစားရမယ္လို႔ ေျပာသြားခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ တန္းဆင္းဇုန္နဲ႔ (၄) မွတ္ကြာဟေနၿပီး ၀က္စ္ဘရြန္းအသင္းထက္ (၇) မွတ္အသာရထားပါတယ္။ ၀က္စ္ဘရြန္းအသင္းဟာ တနဂၤေႏြေန႔မွာ လီဗာပူးလ္အသင္းနဲ႔ ကစားရမွာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္မွာ ဆက္လက္ရပ္တည္ေနေရးအတြက္ အာဆင္နယ္အသင္းကို ၿပိဳင္ဘက္အျဖစ္ သတ္မွတ္ထားသလားလို႔ ေမးျမန္းခဲ့ရာ ဆမ္အလာဒိုက္စ္က “ တစ္ကယ္လို႔ သူတို႔ဟာ ေအာက္ဆံုး (၈) သင္း စာရင္း၀င္မယ္ဆိုရင္ေတာ့ ဟုတ္ပါတယ္။ ပါမွာ အေသအခ်ာပါပဲ။ပရီးမီးယားလိဂ္မွာ မဟုတ္ခဲ့တာေတာင္သူတို႔ဟာ မန္စီးတီးအသင္းကို ရႈံးခဲ့ပါတယ္။ အဲ့ဒါေတြေၾကာင့္ ကၽြန္ေတာ္တို႔ဟာ အာဆင္နယ္အသင္းကို သတ္မွတ္လိုက္တာပါ။ သူတို႔ကို ဘယ္လိုေတြက သက္ေရာက္ေစမွာလဲဆိုတာကို အံ့အားသင့္မွာပါ။

သူတို႔ဘာေၾကာင့္ ဒီေအာက္မွာ ရွိေနရတာလဲဆိုတာကို အံ့အားသင့္ေနမွာပါ။ ဒီေနရာကေန လြတ္ေျမာက္ဖို႔ ဘာေတြေပးဆပ္ရမလဲဆိုတာ သူတို႔ အံ့အားသင့္ေနမွာပါ။ ဘာေပးဆပ္ရမလဲဆိုတာကို ကၽြန္ေတာ္ကေတာ့ သိပါတယ္။ ကၽြန္ေတာ့္ကစားသမားေတြ အဲ့ဒီလို လုပ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္” လို႔ ဆမ္အလာဒိုက္စ္က ေျပာသြားခဲ့ပါတယ္။