ယူနိုက်တက်ကွင်းမှာ လာကစားရမယ့် မန်စီးတီး ၊ စပါး နဲ့ ဘရန့်ဖိုဒ့် ကစားရမယ့် ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ထွက်ပေါ်

မနေ့ညက ကစားခဲ့ကြတဲ့ ကာရာဘောင်ဖလားကွာတားဖိုင်နယ် ဒုတိယနေ့ပွဲတွေမှာတော့ စပါးအသင်းက စတုတ်စီးတီးအသင်းကို (၃-၁) နဲ့ အနိုင်ရခဲ့ပြီး ယူနိုက်တက်အသင်းကလည်း အဲဗာတန်အသင်းကို (၂-ဝ) နဲ့ အနိုင်ရခဲ့ပါတယ်။

ဆီမီးဖိုင်နယ်ကို မန်စီးတီးအသင်းနဲ့ ဘရန့်ဖိုဒ့်အသင်းတို့က တစ်နေ့က တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပြီး ယူနိုက်တက် နဲ့ စပါးအသင်းတို့က သွားရောက်ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းကတော့ ယူနိုက်တက်ကွင်းဆီ သွားကစားရမှာ ဖြစ်ပြီး နောက်ထပ် ဆီမီးဖိုင်နယ်တစ်ပွဲကတော့ စပါးအသင်းက ဘရန့်ဖိုဒ့်အသင်းနဲ့ မြောက်လန်ဒန်မှာ ကစားရမှာ ဖြစ်ပါတယ်။

ပွဲစဉ်တွေကို အရင်တုန်းက ပုံမှန် (၂) ကျော့ကစားခဲ့ကြပေမယ့် ပွဲစဉ်ဇယား ကျပ်နေတာကြောင့် (၁) ကျော့ပဲ ကစားသွားရမှာပါ။ ဆီမီးဖိုင်နယ်ပွဲများကိုတော့ ၂၀၂၁ ဇန်နဝါရီ (၄) ရက်နေ့မှာ ကစားသွားမှာပဲ ဖြစ်ပါတယ်။



