ဂါရတ်ဘေးလ် ဂိုးသွင်း ပြီး စတုတ်စီးတီးအသင်းကို အနိုင်ရခဲ့တဲ့ စပါးအသင်း ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်တက်ရောက်

စပါးအသင်းဟာ ကာရာဘောင်ဖလားဆီမီးဖိုင်နယ်တစ်နေရာကို စတုတ်စီးတီးအသင်းကို (၃-၁) နဲ့ မနေ့ညက အနိုင်ယူခဲ့ပြီး တက်လှမ်းနိုင်ခဲ့ပါတယ်။ စပါးအသင်းအတွက် ဂါရတ်ဘေးလ်က ပွဲချိန် ၂၂ မိနစ်မှာ ခေါင်းတိုက်ဂိုးသွင်းပြီး ဦးဆောင်စေခဲ့ပေမယ့် ဒုတိယပိုင်းအစမှာပဲ စတုတ်စီးတီးအသင်းဘက်က ဂျော်ဒန်သွမ်ပ်ဆင်က ဂိုးသမား လိုရစ်ကို ကျော်ဖြတ်ပြီး ချေပဂိုးပြန်လည်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

စပါးအသင်းအတွက် ပြန်လည်ဦးဆောင်စေမယ့်ဂိုးကို ဘန်ဒေးဗီးစ်က အဝေးကန်ချက်နဲ့အတူ ပြန်လည်ရယူပေးခဲ့ပါတယ်။ ပွဲပြီးရန် (၉) မိနစ်အလိုမှာတော့ အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ထပ်မံသွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ မော်ရင်ဟိုရဲ့ အသင်းဟာ ဆီမီးဖိုင်နယ်ကို ဘရန့်ဖိုဒ့်၊ မန်စီးတီးအသင်းတို့နဲ့ ပူးပေါင်းနိုင်ခဲ့ပါတယ်။

“ နောက် နှစ်ပွဲကတော့ အရမ်းကို ခက်ခဲမယ့် ပွဲတွေပါ။ ဆီမီးဖိုင်နယ်မှာ ကစားရမယ့် အသင်းတွေက အရမ်းခက်မှာပါ။ ဒါပေမယ့် ကျွန်တော်တို့ အဲ့ဒီမှာ တိုက်ပွဲဝင်သွားမှာပါ” လို့ မော်ရင်ဟိုက ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။

ဂါရတ္ေဘးလ္ ဂိုးသြင္း ၿပီး စတုတ္စီးတီးအသင္းကို အႏိုင္ရခဲ့တဲ့ စပါးအသင္း ကာရာေဘာင္ဖလား ဆီမီးဖိုင္နယ္တက္ေရာက္

စပါးအသင္းဟာ ကာရာေဘာင္ဖလားဆီမီးဖိုင္နယ္တစ္ေနရာကို စတုတ္စီးတီးအသင္းကို (၃-၁) နဲ႔ မေန႔ညက အႏိုင္ယူခဲ့ၿပီး တက္လွမ္းႏိုင္ခဲ့ပါတယ္။ စပါးအသင္းအတြက္ ဂါရတ္ေဘးလ္က ပြဲခ်ိန္ ၂၂ မိနစ္မွာ ေခါင္းတိုက္ဂိုးသြင္းၿပီး ဦးေဆာင္ေစခဲ့ေပမယ့္ ဒုတိယပိုင္းအစမွာပဲ စတုတ္စီးတီးအသင္းဘက္က ေဂ်ာ္ဒန္သြမ္ပ္ဆင္က ဂိုးသမား လိုရစ္ကို ေက်ာ္ျဖတ္ၿပီး ေခ်ပဂိုးျပန္လည္သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

စပါးအသင္းအတြက္ ျပန္လည္ဦးေဆာင္ေစမယ့္ဂိုးကို ဘန္ေဒးဗီးစ္က အေ၀းကန္ခ်က္နဲ႔အတူ ျပန္လည္ရယူေပးခဲ့ပါတယ္။ ပြဲၿပီးရန္ (၉) မိနစ္အလိုမွာေတာ့ အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းက ထပ္မံသြင္းယူေပးသြားခဲ့တာ ျဖစ္ပါတယ္။ ေမာ္ရင္ဟိုရဲ႕ အသင္းဟာ ဆီမီးဖိုင္နယ္ကို ဘရန္႔ဖိုဒ့္၊ မန္စီးတီးအသင္းတို႔နဲ႔ ပူးေပါင္းႏိုင္ခဲ့ပါတယ္။

“ ေနာက္ ႏွစ္ပြဲကေတာ့ အရမ္းကို ခက္ခဲမယ့္ ပြဲေတြပါ။ ဆီမီးဖိုင္နယ္မွာ ကစားရမယ့္ အသင္းေတြက အရမ္းခက္မွာပါ။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ အဲ့ဒီမွာ တိုက္ပြဲ၀င္သြားမွာပါ” လို႔ ေမာ္ရင္ဟိုက ပြဲအၿပီးမွာ ေျပာသြားခဲ့ပါတယ္။