အာတီတာကို အာဆင်နယ်အသင်းက နည်းပြရာထူးကနေ ထုတ်ပယ်လိုက်ပါက အမှားကြီးမှားလိမ့်မယ်လို့ ဆိုလိုက်တဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ

  မန်စီးတီးနည်းပြ ဂွါဒီယိုလာက အာဆင်နယ်အသင်းအနေနဲ့ နည်းပြ အာတီတာကို ရာထူးကနေ ထုတ်ပယ်လိုက်ပါက အမှားကြီး မှားလိမ့်မယ်လို့ ပြောသွားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ မနေ့ညက ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲမှာ အာတီတာရဲ့ အာဆင်နယ်အသင်းကို (၄-၁) နဲ့ အနိုင်ခဲ့တာဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ ၄၆ နှစ်အတွင်း အဆိုးအရွားဆုံး ပရီးမီးယားလိဂ် ရာသီအစကို ဖြတ်ကျော်နေရပေမယ့် ဂွါဒီယိုလာကတော့ ဒီအခြေအနေမှာ အာတီတာကို ထုတ်ပယ်လိုက်ပါက မှားမယ်လို့ ထင်နေပါတယ်။

“အာတီတာကို ထုတ်ပယ်လိုက်မယ်ဆိုရင် သူတို့တွေ အမှားကြီးမှားသွားပါလိမ့်မယ်။ သူတို့ သူ့ကို ယုံကြည်မယ်လို့တော့ ကျွန်တော်ထင်ပါတယ်။ အရေးကြီးတာက ရလဒ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော်က သူနဲ့ နှစ်ပေါင်းများစွာ အတူရှိခဲ့တာပါ။ သူ့ရဲ့ အရည်အသွေးကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ အထူးသဖြင့် နည်းပြတစ်ယောက်အနေနဲ့ပေါ့။

သူဟာ အရာအားလုံးမှာ ပါဝင်ခဲ့ပါတယ်။ ဒါက မေးခွန်းတစ်ခုဆိုရင် သူကောင်းကောင်းလုပ်ပြသွားမှာပါ။ ကျွန်တော်က ဘုတ်အဖွဲ့ဝင်လည်းမဟုတ်ပါဘူး။ ကျွန်တော့်အတွက်ကတော့ သူတို့ သူ့ကို ထုတ်ဖို့ စဉ်းစားနေရင်တော့ မှားမှာပါ။ သူတို့သူ့ကို ယုံကြည်ရပါမယ်။ သူတို့ဟာ ဟိုးအရင်တုန်းက အမှတ်ပေးဖလား (၂) ကြိမ် ရရှိခဲ့ပြီး အခုတော့ မဖြစ်လာသေးပါဘူး။

ဒီလိုကပ်ရောဂါအခြေအနေထဲမှာ သူတို့မှာလည်း ဒဏ်ရာရကစားသမားတွေ ရှိနေပြီး ပွဲတွေကစားတဲ့အခါမှာလည်း သူတို့ကစားပုံကောင်းခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ ပွဲတွေက ရလဒ်တွေအပေါ် မူတည်နေတာပါ။ ဒါပေမယ့် ဘောလုံးမှာ တစ်ပတ်အတွင်း အပြောင်းအလဲ ဖြစ်နိုင်ပါတယ်” လို့ ဂွါဒီယိုလာက ဘီဘီစီရေဒီယိုအစီအစဉ်မှာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

အာတီတာကို အာဆင္နယ္အသင္းက နည္းျပရာထူးကေန ထုတ္ပယ္လိုက္ပါက အမွားႀကီးမွားလိမ့္မယ္လို႔ ဆိုလိုက္တဲ့ မန္စီးတီးနည္းျပ ဂြါဒီယိုလာ

မန္စီးတီးနည္းျပ ဂြါဒီယိုလာက အာဆင္နယ္အသင္းအေနနဲ႔ နည္းျပ အာတီတာကို ရာထူးကေန ထုတ္ပယ္လိုက္ပါက အမွားႀကီး မွားလိမ့္မယ္လို႔ ေျပာသြားခဲ့ပါတယ္။ မန္စီးတီးအသင္းဟာ မေန႔ညက ကာရာေဘာင္ဖလား ကြာတားဖိုင္နယ္ပြဲမွာ အာတီတာရဲ႕ အာဆင္နယ္အသင္းကို (၄-၁) နဲ႔ အႏိုင္ခဲ့တာျဖစ္ပါတယ္။အာဆင္နယ္အသင္းဟာ ၄၆ ႏွစ္အတြင္း အဆိုးအရြားဆံုး ပရီးမီးယားလိဂ္ ရာသီအစကို ျဖတ္ေက်ာ္ေနရေပမယ့္ ဂြါဒီယိုလာကေတာ့ ဒီအေျခအေနမွာ အာတီတာကို ထုတ္ပယ္လိုက္ပါက မွားမယ္လို႔ ထင္ေနပါတယ္။

“အာတီတာကို ထုတ္ပယ္လိုက္မယ္ဆိုရင္ သူတို႔ေတြ အမွားႀကီးမွားသြားပါလိမ့္မယ္။ သူတို႔ သူ႔ကို ယံုၾကည္မယ္လို႔ေတာ့ ကၽြန္ေတာ္ထင္ပါတယ္။ အေရးႀကီးတာက ရလဒ္ဆိုတာ ကၽြန္ေတာ္သိပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္က သူနဲ႔ ႏွစ္ေပါင္းမ်ားစြာ အတူရွိခဲ့တာပါ။ သူ႔ရဲ႕ အရည္အေသြးကို ကၽြန္ေတာ္ ေကာင္းေကာင္းသိပါတယ္။ အထူးသျဖင့္ နညး္ျပတစ္ေယာက္အေနနဲ႔ေပါ့။

သူဟာ အရာအားလံုးမွာ ပါ၀င္ခဲ့ပါတယ္။ ဒါက ေမးခြန္းတစ္ခုဆိုရင္ သူေကာင္းေကာင္းလုပ္ျပသြားမွာပါ။ ကၽြန္ေတာ္က ဘုတ္အဖြဲ႔၀င္လည္းမဟုတ္ပါဘူး။ ကၽြန္ေတာ့္အတြက္ကေတာ့ သူတို႔ သူ႔ကို ထုတ္ဖို႔ စဥ္းစားေနရင္ေတာ့ မွားမွာပါ။ သူတို႔သူ႔ကို ယံုၾကည္ရပါမယ္။ သူတို႔ဟာ ဟိုးအရင္တုနး္က အမွတ္ေပးဖလား (၂) ႀကိမ္ ရရွိခဲ့ၿပီး အခုေတာ့ မျဖစ္လာေသးပါဘူး။

ဒီလိုကပ္ေရာဂါအေျခအေနထဲမွာ သူတို႔မွာလည္း ဒဏ္ရာရကစားသမားေတြ ရွိေနၿပီး ပြဲေတြကစားတဲ့အခါမွာလည္း သူတို႔ကစားပံုေကာင္းခဲ့ပါတယ္။ ဒါေပမယ့္ ကံမေကာင္းစြာနဲ႔ ပြဲေတြက ရလဒ္ေတြအေပၚ မူတည္ေနတာပါ။ ဒါေပမယ့္ ေဘာလံုးမွာ တစ္ပတ္အတြင္း အေျပာင္းအလဲ ျဖစ္ႏိုင္ပါတယ္” လို႔ ဂြါဒီယိုလာက ဘီဘီစီေရဒီယိုအစီအစဥ္မွာ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။