အီကွေဒေါလက်ရွေးစင်ကစားသမား ကိုင်စီဒိုကို ပေါင် ၄.၅ သန်းနဲ့ ခေါ်ယူရန် သဘောတူညီမှုရခဲ့တဲ့ ယူနိုက်တက်အသင်း

ယူနိုက်တက်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ရဲ့ ပထမဆုံးလူခေါ်ယူမှုကို အီကွေဒေါလက်ရွေးစင်ကစားသမား ကိုင်စီဒိုကို ခေါ်ယူရန် သဘောတူညီမှုရခဲ့ပြီးနောက ်လုပ်နိုင်ခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အသက် ၁၉ နှစ်အရွယ် ကွင်းလယ်ကစားသမားကို လိုက်ပ်ဇစ် နဲ့ အေစီမီလန်အသင်းတို့ကလည်း စိတ်ဝင်စားနေပေမယ့် ယူနိုက်တက်အသင်းက သူ့ကို ခေါ်ယူလိုက်နိုင်တာ ဖြစ်ပါတယ်။

သတင်းများအရ ပရီးမီးယားလိဂ်ကလပ်အသင်းဟာ ပေါင် ၄.၅ သန်းနဲ့ အပိုဆုကြေးကို ပေးရန် ညှိနှိုင်းနေပြီး သိပ်မကြာခင် လက်မှတ်ထိုးသွားမယ်လို့ သိရပါတယ်။ ကိုင်စီဒိုဟာ အီကွေဒေါအသင်းအတွက် ကမ္ဘာ့ဖလား ခြေစစ်ပွဲ (၄) ပွဲကစားပြီးချိန်မှာ လူစိတ်ဝင်စားခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။ သူဟာ အောက်တိုဘာလက ဥရုဂွေးကို (၄-၂) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ လက်ရွေးစင်အသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ကွင်းလယ်လူဟာ လက်ရှိမှာ အင်ဒီပန်ဒီယန်တီ အသင်းမှာ ကစားနေပေမယ့် ဒီလအစောပိုင်းမှာ အသင်းကနေ ဆုံးရှုံးခဲ့ရပါတယ်။

“ကျွန်တော်တို့ ကိုင်စီဒိုအတွက် ဥရောပက အသင်းတစ်သင်းဆီက ကမ်းလှမ်းမှု ရခဲ့ပါတယ်။ ကျွန်တော်တို့ ကမ်းလှမ်းချက်ကို ညှိနှိုင်းနေပါတယ်။ ဒါ့ကြောင့် သူဟာ ကျွန်တေ်ာတို့အသင်းအတွက် ၂၀၂၁ မှာ မပါနိုင်တော့ပါဘူး။ သူ့ကို ဆက်ထိန်းသိမ်းသွားဖို့ ခက်ခဲပါတယ်” လို့ နည်းပြ မိုရာလက်စ်က ပြောသွားခဲ့တာ ဖြစ်ပါတယ်။

အီေကြေဒါလက္ေရြးစင္ကစားသမား ကိုင္စီဒိုကို ေပါင္ ၄.၅ သန္းနဲ႔ ေခၚယူရန္ သေဘာတူညီမႈရခဲ့တဲ့ ယူႏိုက္တက္အသင္း

ယူႏိုက္တက္အသင္းဟာ ဇန္နဝါရီအေျပာင္းအေရႊ႕ရဲ႕ ပထမဆံုးလူေခၚယူမႈကို  အီေကြေဒါလက္ေရြးစင္ကစားသမား ကိုင္စီဒိုကို ေခၚယူရန္ သေဘာတူညီမႈရခဲ့ၿပီးေနာက ္လုပ္ႏိုင္ခဲ့ၿပီလို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ အသက္ ၁၉ ႏွစ္အရြယ္ ကြင္းလယ္ကစားသမားကို လိုက္ပ္ဇစ္ နဲ႔ ေအစီမီလန္အသင္းတို႔ကလည္း စိတ္၀င္စားေနေပမယ့္ ယူႏိုက္တက္အသင္းက သူ႔ကို ေခၚယူလိုက္ႏိုင္တာ ျဖစ္ပါတယ္။

သတင္းမ်ားအရ ပရီးမီးယားလိဂ္ကလပ္အသင္းဟာ ေပါင္ ၄.၅ သန္းနဲ႔ အပိုဆုေၾကးကို ေပးရန္ ညွိႏိႈင္းေနၿပီး သိပ္မၾကာခင္ လက္မွတ္ထိုးသြားမယ္လို႔ သိရပါတယ္။ ကိုင္စီဒိုဟာ အီေကြေဒါအသင္းအတြက္ ကမာၻ႕ဖလား ေျခစစ္ပြဲ (၄) ပြဲကစားၿပီးခ်ိန္မွာ လူစိတ္၀င္စားျခင္းကို ခံခဲ့ရသူျဖစ္ပါတယ္။ သူဟာ ေအာက္တိုဘာလက ဥ႐ုေဂြးကို (၄-၂) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ လက္ေရြးစင္အသင္းအတြက္ ပထမဆံုးဂိုးကို သြင္းယူႏိုင္ခဲ့ပါတယ္။ ကြငး္လယ္လူဟာ လက္ရွိမွာ အင္ဒီပန္ဒီယန္တီ အသင္းမွာ ကစားေနေပမယ့္ ဒီလအေစာပိုင္းမွာ အသင္းကေန ဆံုးရႈံးခဲ့ရပါတယ္။

“ကၽြန္ေတာ္တို႔ ကိုင္စီဒိုအတြက္ ဥေရာပက အသင္းတစ္သင္းဆီက ကမ္းလွမ္းမႈ ရခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ ကမ္းလွမ္းခ်က္ကို ညွိႏိႈင္းေနပါတယ္။ ဒါ့ေၾကာင့္ သူဟာ ကၽြန္ေတ္ာတို႔အသင္းအတြက္ ၂၀၂၁ မွာ မပါႏိုင္ေတာ့ပါဘူး။ သူ႔ကို ဆက္ထိန္းသိမ္းသြားဖို႔ ခက္ခဲပါတယ္” လို႔ နည္းျပ  မိုရာလက္စ္က ေျပာသြားခဲ့တာ ျဖစ္ပါတယ္။