ဆာအဲလက်စ်ဖာဂူဆန် အနားခါနီးတုန်းက သူ့ကို ယူနိုက်တက်နည်းပြ နေရာမှာ အစားထိုးရန် ဆက်သွယ်ခဲ့တယ်လို့ ပြောဆိုလာတဲ့ နည်းပြ အန်စလော့တီ

အဲဗာတန်နည်းပြ အန်စလော့တီက လွန်ခဲ့တဲ့ (၇) နှစ်က ယူနိုက်တက်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်က သူ့နေရာမှာ အစားထိုးရန် ကမ်းလှမ်းခဲ့တယ်လို့ ဖွင့်ပြောသွားခဲ့ပါတယ်။ အီတလီလူမျိုးနည်းပြကြီးဟာ ဗုဒ္ဓဟူးနေ့မှာ ယူနိုက်တက်အသင်းနဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲကို ကစားရမှာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းကို နည်းပြအဖြစ် ကိုင်တွယ်စဉ်က ယူနိုက်တက်နည်းပြကြီးရဲ့ စဉ်းစားပေးခဲ့တဲ့အပေါ် အမြဲတမ်းကျေးဇူးတင်ခဲ့တယ်လို့ ပြောသွားခဲ့ပါတယ်။ အဲ့ဒီအချိန်ကတည်းက ယူနိုက်တက်အသင်းဟာ သူ့ကို ထပ်ပြီး မဆက်သွယ်ခဲ့တော့ပါဘူး။

အန်စလော့တီက “ ကျွန်တော့်မှာ ဆာအဲလက်စ်ကြီးနဲ့ အရမ်းထူးဆန်းတဲ့ ဆက်ဆံရေးရှိပါတယ်။ သူနားဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ကျွန်တော်တို့တွေ့ခဲ့ကြပေမယ့် ကျွန်တော်က ရီးရဲလ်မက်ဒရစ်မှာ ရှိနေတာပါ။ အဲ့ဒီတုန်းက သူပြောဆိုခဲ့တဲ့အပေါ် ကျွန်တော် အမြဲတမ်းကျေးဇူးတင်ခဲ့ပါတယ်” လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်တုန်းက ဖာဂူဆန်က ဒေးဗစ်မိုယက်စ်ကို ယူနိုက်တက်အသင်းမခန့်အပ်မီ အန်စလော့တီကို အလိုချင်ဆုံးနည်းပြတွေထဲက တစ်ယောက်လို့ ထုတ်ဖော်ပြောသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဂွါဒီယိုလာ၊ ယာဂင်ကလော့ပ် နဲ့ ဗန်ဟားလ်တို့ကိုလည်း ရည်ရွယ်ခဲ့ဖူးတာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ည မှာကစားမယ့်ပွဲမှာ အန်စလော့တီရဲ့ အသင်း၌ ဂျိမ်းစ်ရိုဒရီဂွတ်ဇ်ပါဝင်မှာ မဟုတ်ပါဘူး။ အဲဗာတန်အသင်းဟာ ဆုဖလားနဲ့ ဝေးကွာနေတာ (၂၅) နှစ်ကြာပြီဖြစ်လို့ အရေးပါတဲ့ ပွဲအဖြစ်ကစားသွား မှာ ဖြစ်ပါတယ်။

အန်စလော့တီက “ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားသွားမှာပါ။ ဒီအသင်းက ဘာဖလားမှ မရတာကြာတော့ ဖိအားတော့ ရှိပါတယ်။ ဒါက အရေးမကြီးပါဘူး။ အဲ့ဒါကိုပဲ စိတ်ဓာတ်ခွန်အားယူရမှာပါ” လို့ ထပ်ပြီးပြောသွားခဲ့ပါတယ်။

ဆာအဲလက္စ္ဖာဂူဆန္ အနားခါနီးတုန္းက သူ႔ကို ယူႏိုက္တက္နည္းျပ ေနရာမွာ အစားထိုးရန္ ဆက္သြယ္ခဲ့တယ္လို႔ ေျပာဆိုလာတဲ့ နည္းျပ အန္စေလာ့တီ

အဲဗာတန္နည္းျပ အန္စေလာ့တီက လြန္ခဲ့တဲ့ (၇) ႏွစ္က ယူႏိုက္တက္နည္းျပႀကီး ဆာအဲလက္စ္ဖာဂူဆန္က သူ႔ေနရာမွာ အစားထိုးရန္ ကမ္းလွမ္းခဲ့တယ္လို႔ ဖြင့္ေျပာသြားခဲ့ပါတယ္။ အီတလီလူမ်ိဳးနည္းျပႀကီးဟာ ဗုဒၶဟူးေန႔မွာ ယူႏိုက္တက္အသင္းနဲ႔ ကာရာေဘာင္ဖလား ကြာတားဖိုင္နယ္ပြဲကို ကစားရမွာ ျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္အသင္းကို နည္းျပအျဖစ္ ကိုင္တြယ္စဥ္က ယူႏိုက္တက္နည္းျပႀကီးရဲ႕ စဥ္းစားေပးခဲ့တဲ့အေပၚ အၿမဲတမ္းေက်းဇူးတင္ခဲ့တယ္လို႔ ေျပာသြားခဲ့ပါတယ္။ အဲ့ဒီအခ်ိန္ကတည္းက ယူႏိုက္တက္အသင္းဟာ သူ႔ကို ထပ္ၿပီး မဆက္သြယ္ခဲ့ေတာ့ပါဘူး။

အန္စေလာ့တီက “ ကၽြန္ေတာ့္မွာ ဆာအဲလက္စ္ႀကီးနဲ႔ အရမ္းထူးဆန္းတဲ့ ဆက္ဆံေရးရွိပါတယ္။ သူနားဖို႔ ဆံုးျဖတ္လိုက္တဲ့အခ်ိန္မွာ ကၽြန္ေတာ္တို႔ေတြ႕ခဲ့ၾကေပမယ့္ ကၽြန္ေတာ္က ရီးရဲလ္မက္ဒရစ္မွာ ရွိေနတာပါ။ အဲ့ဒီတုန္းက သူေျပာဆိုခဲ့တဲ့အေပၚ ကၽြန္ေတာ္ အၿမဲတမ္းေက်းဇူးတင္ခဲ့ပါတယ္” လို႔ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။

၂၀၁၅ ခုႏွစ္တုန္းက ဖာဂူဆန္က ေဒးဗစ္မိုယက္စ္ကို ယူႏိုက္တက္အသင္းမခန္႔အပ္မီ အန္စေလာ့တီကို အလိုခ်င္ဆံုးနည္းျပေတြထဲက တစ္ေယာက္လို႔ ထုတ္ေဖာ္ေျပာသြားခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ဂြါဒီယိုလာ၊ ယာဂင္ကေလာ့ပ္ နဲ႔ ဗန္ဟားလ္တို႔ကိုလည္း ရည္ရြယ္ခဲ့ဖူးတာ ျဖစ္ပါတယ္။ ဗုဒၶဟူးေန႔ည မွာကစားမယ့္ပြဲမွာ အန္စေလာ့တီရဲ႕ အသင္း၌ ဂ်ိမ္းစ္႐ိုဒရီဂြတ္ဇ္ပါ၀င္မွာ မဟုတ္ပါဘူး။ အဲဗာတန္အသင္းဟာ ဆုဖလားနဲ႔ ေ၀းကြာေနတာ (၂၅) ႏွစ္ၾကာၿပီျဖစ္လို႔ အေရးပါတဲ့ ပြဲအျဖစ္ကစားသြား မွာ ျဖစ္ပါတယ္။

အန္စေလာ့တီက “ ကၽြန္ေတာ္တို႔ အေကာင္းဆံုးႀကိဳးစားသြားမွာပါ။ ဒီအသင္းက ဘာဖလားမွ မရတာၾကာေတာ့ ဖိအားေတာ့ ရွိပါတယ္။ ဒါက အေရးမႀကီးပါဘူး။ အဲ့ဒါကိုပဲ စိတ္ဓာတ္ခြန္အားယူရမွာပါ” လို႔ ထပ္ၿပီးေျပာသြားခဲ့ပါတယ္။