မက်ဆီခေါ်မလား အခြားကစားသမား (၃) ယောက် ခေါ်မလားလို့ ဂွါဒီယိုလာကို မေးခွန်းထုတ်လိုက်တဲ့ မန်စီးတီးအသင်းပိုင်ရှင်

မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ မက်ဆီနဲ့ ပတ်သက်ပြီး အပြောင်းအရွှေ့ကိစ္စအတွက် ဆုံးဖြတ်ချက် ချရတော့မယ်လို့ ပြောခံလိုက်ရပါတယ်။ ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဘာစီလိုနာ အသင်းခေါင်းဆောင် မက်ဆီကို မန်စီးတီးအသင်းက ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ သို့သော်လည်း မန်စီးတီးအသင်းပိုင်ရှင် ရှိတ်မန်ဆော်က ဂွါဒီယိုလာအနေနဲ့ မက်ဆီကို ခေါ်မလား နောက်ထပ် ကစားသမား အသစ် (၃) ယောက်ကို ခေါ်မလားလို့ ဆုံးဖြတ်ခိုင်းထားပါတယ်။


အဆိုပါသတင်းဟာ Okdiario ရဲ့ ဝေဖန်သူအကြီးအကဲဖြစ်တဲ့ အက်ဒွါဒိုအင်ဒါက El Chiringuito ကိုပြောသွားခဲ့တာ ဖြစ်ပါတယ်။
“မန်စီးတီးအသင်းရဲ့ ရှိတ်မန်ဆော်က ဂွါဒီယိုလာကို အခြားကစားသမား (၃) ယောက်ခေါ်မလား မက်ဆီကို ခေါ်မလားလို့ ရွေးချယ်ခိုင်းလိုက်ပါတယ်။ ထပ်ပြောရရင် မန်စီးတီးအသင်းတာဝန်ရှိသူတွေက ဒီရာသီမှာ မက်ဆီရဲ့ စွမ်းဆာင်ရည်နဲ့ ပတ်သက်ပြီး သံသယဝင်နေတာဖြစ်ပါတယ်”” လို့ အင်ဒါက ပြောသွားခဲ့ပါတယ်။


ပြီးခဲ့တဲ့နွေရာသီက အသင်းကနေ ထွက်ခွာချင်ပေမယ့် ဥက္ကဌဟောင်း ဘာတိုမြူက ထွက်ခွာခွင့်မပေးခဲ့တဲ့ မက်ဆီဟာ နောက်ဇွန်လမှာ အသက် ၃၄ နှစ်ပြည့်မှာ ဖြစ်ပါတယ်။

မက္ဆီေခၚမလား အျခားကစားသမား (၃) ေယာက္ ေခၚမလားလို႔ ဂြါဒီယိုလာကို ေမးခြန္းထုတ္လိုက္တဲ့ မန္စီးတီးအသင္းပိုင္ရွင္

မန္စီးတီးနည္းျပ ဂြါဒီယိုလာဟာ မက္ဆီနဲ႔ ပတ္သက္ၿပီး အေျပာင္းအေရႊ႕ကိစၥအတြက္ ဆံုးျဖတ္ခ်က္ ခ်ရေတာ့မယ္လို႔ ေျပာခံလိုက္ရပါတယ္။ ဇြန္လမွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးမယ့္ ဘာစီလိုနာ အသင္းေခါင္းေဆာင္ မက္ဆီကို မန္စီးတီးအသင္းက ပစ္မွတ္ထားေနတာ ျဖစ္ပါတယ္။ သို႔ေသာ္လည္း မန္စီးတီးအသင္းပိုင္ရွင္ ရွိတ္မန္ေဆာ္က ဂြါဒီယိုလာအေနနဲ႔ မက္ဆီကို ေခၚမလား ေနာက္ထပ္ ကစားသမား အသစ္ (၃) ေယာက္ကို ေခၚမလားလို႔ ဆံုးျဖတ္ခိုင္းထားပါတယ္။

အဆိုပါသတင္းဟာ Okdiario ရဲ႕ ေ၀ဖန္သူအႀကီးအကဲျဖစ္တဲ့အက္ဒြါဒိုအင္ဒါက El Chiringuito ကိုေျပာသြားခဲ့တာ ျဖစ္ပါတယ္။
“မန္စီးတီးအသင္းရဲ႕ ရွိတ္မန္ေဆာ္က ဂြါဒီယိုလာကို အျခားကစားသမား (၃) ေယာက္ေခၚမလား မက္ဆီကို ေခၚမလားလို႔ ေရြးခ်ယ္ခိုင္းလိုက္ပါတယ္။ ထပ္ေျပာရရင္ မန္စီးတီးအသင္းတာ၀န္ရွိသူေတြက ဒီရာသီမွာ မက္ဆီရဲ႕ စြမ္းဆာင္ရည္နဲ႔ ပတ္သက္ၿပီး သံသယ၀င္ေနတာျဖစ္ပါတယ္”” လို႔ အင္ဒါက ေျပာသြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ေႏြရာသီက အသင္းကေန ထြက္ခြာခ်င္ေပမယ့္ ဥကၠဌေဟာင္း ဘာတိုျမဴက ထြက္ခြာခြင့္မေပးခဲ့တဲ့ မက္ဆီဟာ ေနာက္ဇြန္လမွာ အသက္ ၃၄ ႏွစ္ျပည့္မွာ ျဖစ္ပါတယ္။