ဒီရာသီအတွက် အဓိဆုဖလားအဖြစ် ကာရာဘောင်ဖလားကို ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ဒီရာသီဆုဖလားအတွက် ကာရာဘောင်ဖလားဟာ အကြီးအမားဆုံးအခွင့်အရေးဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ညမှာ ဂွတ်ဆင်ပတ်ခ်ကွင်းနဲ့ အဲဗာတန်အသင်းနဲ့ ကွာတာဖိုင်နယ်ကစားရမယ့် ယူနိုက်တက်အသင်းဟာ အရေးပါတဲ့ ပွဲတစ်ပွဲကစားရမယ်လို့ ဆိုးလ်ရှားက သတ်မှတ်ထားတာ ဖြစ်ပါတယ်။

“ ဟုတ်ပါတယ်၊ ဒါက ကျွန်တော်တို့ ပစ်မှတ်ထားနေတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ နှစ်တိုင်း တိုးတက်ချင်နေတာဖြစ်ပြီး မနှစ်ကတော့ ဗိုလ်လုပွဲကို ရောက်ခဲ့ပါတယ်။ ဗိုလ်လုပွဲကို တက်ရောက်ခဲ့ရင်တော့ ဒီတစ်ကြိမ်လုပ်ရမှာက ဖလားကို ကိုင်မြှောက်ရမှာပါ။ ကျွန်တော့်ကစားသမားဘဝတုန်းက ပထမဆုံး ဖလားရတာကို မှတ်မိပါသေးတယ်။

ကျွန်တော့်ကစားသမားဘ၀ ပြီးဆုံးတဲ့အချိန်အထိပေါ့။ အဲ့ဒါက အီဗရာ နဲ့ ဗီဒစ်တို့ရဲ့ ၂၀၀၆ ကာလင်းဖလားပါပဲ။ ဒါက အသင်းကို တစ်ခုခုပေးလိုက်သလိုပါပဲ။ ဖလားတစ်လုံးရဖို့အတွက် ကျွန်တော်တို့ လက်တွေ ဖြန့်ကျက်ထားရပါမယ်။ ဒီကစားသမားတွေအနေနဲ့လည်း ဘယ်လိုအနိုင်ရမလဲဆိုတာကို နားလည်ထားရပါမယ်” လို့ ယူနိုက်တက်ကစားသမားဘဝမှာ ဖလား (၁၂) လုံးရရှိခဲ့တဲ့ ဆိုးလ်ရှားက ပြောသွားခဲ့ပါတယ်။

ဒီရာသီအတြက္ အဓိဆုဖလားအျဖစ္ ကာရာေဘာင္ဖလားကို ပစ္မွတ္ထားေနတဲ့ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွား

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက ဒီရာသီဆုဖလားအတြက္ ကာရာေဘာင္ဖလားဟာ အႀကီးအမားဆံုးအခြင့္အေရးျဖစ္တယ္လို႔ ေျပာသြားခဲ့ပါတယ္။ ဗုဒၶဟူးေန႔ညမွာ ဂြတ္ဆင္ပတ္ခ္ကြင္းနဲ႔ အဲဗာတန္အသင္းနဲ႔ ကြာတာဖိုင္နယ္ကစားရမယ့္ ယူႏိုက္တက္အသင္းဟာ အေရးပါတဲ့ ပြဲတစ္ပြဲကစားရမယ္လို႔ ဆိုးလ္ရွားက သတ္မွတ္ထားတာ ျဖစ္ပါတယ္။

“ ဟုတ္ပါတယ္၊ ဒါက ကၽြန္ေတာ္တို႔ ပစ္မွတ္ထားေနတဲ့ အရာတစ္ခု ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ဟာ ႏွစ္တိုင္း တိုးတက္ခ်င္ေနတာျဖစ္ၿပီး မႏွစ္ကေတာ့ ဗိုလ္လုပြဲကို ေရာက္ခဲ့ပါတယ္။ ဗိုလ္လုပြဲကို တက္ေရာက္ခဲ့ရင္ေတာ့ ဒီတစ္ႀကိမ္လုပ္ရမွာက ဖလားကို ကိုင္ေႁမွာက္ရမွာပါ။ ကၽြန္ေတာ့္ကစားသမားဘ၀တုန္းက ပထမဆံုး ဖလားရတာကို မွတ္မိပါေသးတယ္။

ကၽြန္ေတာ့္ကစားသမားဘ၀ ၿပီးဆံုးတဲ့အခ်ိန္အထိေပါ့။ အဲ့ဒါက အီဗရာ နဲ႔ ဗီဒစ္တို႔ရဲ႕ ၂၀၀၆ ကာလင္းဖလားပါပဲ။ ဒါက အသင္းကို တစ္ခုခုေပးလိုက္သလိုပါပဲ။ ဖလားတစ္လုံုးရဖို႔အတြက္ ကၽြန္ေတာ္တို႔ လက္ေတြ ျဖန္႔က်က္ထားရပါမယ္။ ဒီကစားသမားေတြအေနနဲ႔လည္း ဘယ္လိုအႏိုင္ရမလဲဆိုတာကို နားလည္ထားရပါမယ္” လို႔ ယူႏိုက္တက္ကစားသမားဘ၀မွာ ဖလား (၁၂) လံုးရရွိခဲ့တဲ့ ဆိုးလ္ရွားက ေျပာသြားခဲ့ပါတယ္။